နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုးထရက်ဖို့ဒ်မှာ ဟမ်းမားတွေကို ထပ်ပြီး ချိုးဖျက်မယ့် သူရဲနီ အုပ်စု | လိဂ်ဖလား ပွဲကြိုသုံးသပ်ချက်

countdown banner

မန်ချက်စတာယူနိုက်တက် – ဝက်စ်ဟမ်း

အခုတစ်ပတ် ကြားရက်မှာ ကစားမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ၀က်စ်ဟမ်း တို့ရဲ့ လိဂ်ဖလား တတိယ အဆင့်ပွဲစဉ် ကလည်း စိတ်၀င်စားစရာ ကောင်းလာဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပရီးမီးယားလိဂ်မှာ တွေ့ဆုံခဲ့တဲ့ ၂ သင်းရဲ့ ၄ ရက် အတွင်း နောက်တစ်ကြိမ် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပြီး ၀က်စ်ဟမ်းတို့ ရှုံးကြွေး ပြန်ဆပ်နိုင်မလား ဒါမှမဟုတ် ယူနိုက်တက်ပဲ ထပ်ပြီး အနိုင်ရသွားမလား ဆိုတာ စောင့်ကြည့်ရမယ့် ပွဲလည်း ဖြစ်ပါတယ်။

ဒီရာသီမှာ ယူနိုက်တက်တို့ အကောင်းတကာ့ အကောင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတယ် ဆိုပြီး တက်အပ် မပြောနိုင်ပေမယ့် ချဲလ်ဆီး၊ လစ်ဗာပူးလ်တို့ထက် မလျော့တဲ့ အင်အား ရှိနေတယ် ဆိုတာတော့ ကျိန်းသေပေါက် ပြောလို့ ရနေပါတယ်။ နွေရာသီ ‌အပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၁၃၀ နီးပါး အသုံးပြုထားတဲ့ ယူနိုက်တက်ရဲ့ ကစားသမား အင်အားက ဘယ်အသင်းကို မဆို ကြိုက်သလို ယှဉ်ကစားနိုင်စွမ်း ရှိနေတာ အားလုံးလည်း လက်ခံပြီးသားပါ။ ဆန်ချို အသင်းနဲ့ အသားကျဖို့ အချိန်ယူရဦးမှာ မှန်ပေမယ့် ခံစစ်က ဗာရန်း အနေနဲ့ ပုံစံကောင်းတစ်ခု ပြသထားနိုင်ပြီး တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဆိုရင် G.O.A.T ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အညီ ၃ ပွဲ ကစား ၄ ဂိုး သွင်းပြီး အကောင်းဆုံး တောက်ပပြနေပါတယ်။ အဲ့တော့ ပြောစရာ ရှိလာတာက ဆိုးလ်ရှားရဲ့ နည်းစနစ်ပိုင်း အားနည်းချက် ဖြစ်ပြီး ပရိသတ် အများစု ကတော့ နည်းပြ အပြောင်းအလဲ မြင်တွေ့ရဖို့ မျှော်လင့်နေကြ ပြန်ပါပြီ။ ပြီးခဲ့တဲ့ ပွဲစဉ်တွေကို ပြန်ကြည့်မယ် ဆိုရင် မန်ချက်စတာယူနိုက်တက်ရဲ့ ကစားပုံက ကောင်းတဲ့ ပွဲမှာ လွှတ်ကောင်းပြီး ညံ့တဲ့ပွဲ ဆိုရင်လည်း အသင်းငယ်တွေ ကို‌တောင် ယှဉ်မကစားနိုင်တဲ့ အထိ ဆိုးရွားနေတာ တွေ့ရမှာပါ။ အနီးစပ်ဆုံး ၀က်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ယူနိုက်တက်တို့ ခက်ခက်ခဲခဲ ကစားပြီးမှ လက်မတင်ကလေး အနိုင်ရခဲ့တယ် လို့တောင် ပြောလို့ ရပါတယ်။ လိဂ်ဖလား ပြိုင်ပွဲ ကတော့ ရှုံးထွက် ဖြစ်လို့ ပရီးမီးယားလိဂ် ထက်စာရင် ဆုဖလား မျှော်လင့်ချက် အတွက် ယူနိုက်တက်တို့ ပိုပြီး အာရုံစိုက်သင့်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ လူစာရင်း အရတော့ အရင် ပွဲစဉ်တွေ တုန်းကလိုပဲ ပွဲထွက်လာဖို့ များပါတယ်။ ကာဗာနီ ပြန်လည် ပါ၀င်လာနိုင်ဖွယ် ရှိပေမယ့် တဲလက်စ်၊ ရက်ရှ်ဖို့ဒ်၊ အာမက် ဒိုင်ယာလို တို့ကတော့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပါတယ်။

 

၀က်စ်ဟမ်း အကြောင်း ဆက်ပြောရရင် ပြီးခဲ့တဲ့ ပွဲမှာ ယူနိုက်တက်ကို ၁ ဂိုးတည်းနဲ့ ကပ်ပြီး ရှုံးနိမ့်ခဲ့လို့ သိပ် အခဲကြေတဲ့ပုံတော့ မပေါ်ပါဘူး။ ဒါပေမယ့် အဲ့ဒီပွဲမှာ ဒေးဗစ်မွိုက်စ်ရဲ့ အသင်းက ထင်ထားသလောက် ကစားပုံ မကောင်းခဲ့သလို ဒီတစ်ကြိမ်လည်း ယူနိုက်တက်ကို ယှဉ်ကစားနိုင်မယ့် အခြေအနေမှာ မရှိသေးပါဘူး။ အဓိက တိုက်စစ်မှူး အန်တိုနီယို ပါ၀င်လာဖို့ ရှိလို့ ယူနိုက်တက် နောက်တန်းက ပြီးခဲ့တဲ့ ပွဲကထက် ပိုဂရုစိုက်ဖို့ လိုအပ်ပြီး အတောင့်တင်းဆုံး လူစာရင်းနဲ့ မာမာထန်ထန် တုန့်ပြန်ကစားလာမယ့် ၀က်စ်ဟမ်းရဲ့ ကစားပုံကို ထပ်ပြီး မြင်တွေ့ရဖို့ များပါတယ်။ ဒါပေမယ့် အခု လိဂ်ဖလား ပွဲစဉ် ပြီးရင် ၀က်စ်ဟမ်းတို့ လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်၊ ရက်ပစ်ဝီယင်နဲ့ ယူရိုပါလိဂ် ကစားရဖို့ ရှိနေတာကြောင့် ထင်ထားသလောက် အာရုံစိုက်နိုင်ပါ့မလား ဆိုတာတော့ စဉ်းစားရှိပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒါပေမယ့် အခု လိဂ်ဖလား ပွဲစဉ် ပြီးရင် ၀က်စ်ဟမ်းတို့ လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်၊ ရက်ပစ်ဝီယင်နဲ့ ယူရိုပါလိဂ် ကစားရဖို့ ရှိနေတာကြောင့် ထင်ထားသလောက် အာရုံစိုက်နိုင်ပါ့မလား ဆိုတာတော့ စဉ်းစားရှိပါတယ်။
အခုနှစ် ပရီးမီးယားလိဂ် အပါအ၀င် ပြိုင်ပွဲစုံမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ၀က်စ်ဟမ်း

ပြီးခဲ့တဲ့ ၁၂ နှစ်တာ ကာလအတွင်း  ပြိုင်ပွဲစုံ ၂၈ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာ ယူနိုက်တက်တို့ ၁၆ ကြိမ် အနိုင်ရပြီး ၀က်စ်ဟမ်းက ၄ ကြိမ်ပဲ ပြန်လည် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲစလုံး ယူနိုက်တက် အနေနဲ့ ၀က်စ်ဟမ်းကို လုံး၀ ရှူံးနိမ့်ထားခြင်း မရှိပဲ ၄ ပွဲနိုင်၊ ၁ ပွဲသရေ ကစားနိုင်ခဲ့တာ တွေ့ရပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မန်ချက်စတာယူနိုက်တက် – ဝက်စ်ဟမ်း အချိန်ပြည့် 1X2 အိမ်ရှင် @ 1.48
စက်တင်ဘာလ ၂၃ ရက် , မနက် ၁:၁၅ နာရီ (GMT + ၆:၃၀)

1X2  ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အတွက် ၁.၄၅ ဆ ၊ ဧည့်သည်အသင်းအတွက် ၇.၅၀ ဆ နဲ့  သရေအတွက် ၄.၂၀ ဆ ဖြစ်ပါတယ်။ အိုလီရဲ့ အသင်း ဆုဖလား မျှော်လင့်ချက် အတွက် ကျိန်းသေပေါက် အာရုံစိုက်လာနိုင်ပေမယ့် အရံတွေကို နေရာပေးမလားတော့ မပြောတတ်ပါဘူး။ ဒါပေမယ့် အိုးထရက်ဖို့ဒ်မှာ ကစားရမယ့်ပွဲ ဖြစ်သလို ရှုံးထွက် ပွဲစဉ်တွေမှာ ပိုပြီး ခြေစွမ်းပြနိုင်တဲ့ ရော်နယ်ဒို ပါ၀င်လာနိုင်လို့ ယူနိုက်တက် ကိုပဲ ရာနှုန်းပြည့် ယုံကြည်ထားချင်ပါတယ်။ ခန့်မှန်း ရလဒ် ၂-၀ လောက်နဲ့ ယူနိုက်တက်တို့ အနိုင်ရသွားဖို့ များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်