နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မြို့ခံပြိုင်ဘက်ကို ပါးပါးနပ်နပ် အနိုင်ယူပြီး စပိန်စူပါဖလား ဗိုလ်လုပွဲကို တက်ရောက်သွားတဲ့ ရီးရဲလ်မက်ဒရစ်

မက်ဒရစ်ဒါဘီ စပိန်စူပါဖလား ဆီမီးဖိုင်နယ် ပွဲစဉ် ကလည်း ဒီကနေ့ မနက်အစောပိုင်းမှာပဲ ကစားသွားပြီး ရီးရဲလ်မက်ဒရစ်က အက်တလက်တီကိုမက်ဒရစ်ကို ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အနေနဲ့ ခြေစွမ်းပိုင်း အားရစရာ မရှိခဲ့ပေမယ့် သူတို့ရဲ့ ခါးသီး မြို့ခံ ပြိုင်ဘက်ကို ရှုံးကြွေး ပြန်ဆပ်ပြီး စပိန်စူပါဖလား ဗိုလ်လုပွဲကို ၂၂ ကြိမ်မြောက် တက်လှမ်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပြိုင်ပွဲစုံမှာ တောက်လျောက် ရလဒ်တွေကောင်းမွန်နေတဲ့ နှစ်သင်းက ဒီနေ့ပွဲမှာလည်း ဆုဖလား တစ်လုံး မျှော်လင့်ချက် အတွက် အားစိုက်လာခဲ့ကြပါတယ်။ အက်တလက်တီကိုမက်ဒရစ် ဘက်မှာ လန်းဂ်လတ်နဲ့ ဂွန်ဇာလက်ဇ် တို့က လွဲလို့ လူစုံခဲ့ပြီး ရီးရဲလ်မက်ဒရစ် ကတော့ သူတို့ရဲ့ အားထားရတဲ့ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးနဲ့ ခံစစ်က မီလီတာအို၊ ကွင်းလယ်က ဘရာဟင်မ် ဒီးယက်ဇ် တို့လို ကစားသမားတွေ မပါပဲ ကစားခဲ့ရပါတယ်။

အက်တလက်တီကိုမက်ဒရစ် ကတော့ ခြေစွမ်း ပိုကောင်းခဲ့ပေမယ့် စပိန်စူပါဖလားမှာ ၁၁ ကြိမ်မြောက် ဗိုလ်လုပွဲ တက်ရောက်ခွင့်နဲ့ လွဲချော်သွားခဲ့လို့ နှမြောစရာပါ။
စပိန်စူပါဖလားမှာ ၁၁ ကြိမ်မြောက် ဗိုလ်လုပွဲ တက်ရောက်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ အက်တလက်တီကိုမက်ဒရစ်

တကယ်တမ်း ကစားချိန်မှာလည်း အက်တလက်တီကိုမက်ဒရစ်က ရီးရဲလ်မက်ဒရစ် ဘက်ကို အကြိမ်ကြိမ် ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ကာ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ကန်ချက် ၂၂ ကြိမ်၊ ဂိုးပေါက်တည့်မှု ၆ ကြိမ် အထိကို ရှိခဲ့ပါတယ်။ ဇာဘီ အလွန်ဆိုရဲ့ အသင်းကတော့ တစ်ပွဲလုံးမှ ဂိုးပေါက် ကန်ချန်က ၈ ကြိမ်သာ ရှိခဲ့ပြီး ဂိုးပေါက် တည့်မှု ၄ ကြိမ် ကနေ သွင်းဂိုး ၂ ဂိုး ရယူသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၂ မိနစ်မှာ ရီးရဲလ်မက်ဒရစ်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ ဗယ်လ်ဗာဒီက ဖရီးကစ် ကနေ သူ့ရဲ့ Trademark ဂိုးသွင်းယူမှု ပုံစံအတိုင်း အားပါ ပြင်းထန်တဲ့ ကန်ချက်နဲ့ သွင်းယူသွားခဲ့လို့ ဂိုးသမား ယန် အော်ဘလက်ခ်လည်း ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။ ဒုတိယပိုင်း ၅၅ မိနစ်မှာလည်း ဗယ်လ်ဗာဒီရဲ့ ဖန်တီးပေးမှုကနေ ရိုဒရီဂိုက လူကျွံထောင်ခြောက်ကို ဖောက်ထွက်ပြီး ရီးရဲလ်မက်ဒရစ် အတွက် ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဆောလော့သ်က တီကို အတွက် ချေပဂိုး ၁ ဂိုး ပြန်သွင်းပေးခဲ့သလို လက်ကျန် မိနစ်တွေမှာ လိုအပ်နေတဲ့ ဂိုးတွေ အတွက် ကစားအားတင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်က အနိုင်ရလဒ်ကို ထိန်းသွားခဲ့တာကြောင့် ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

 

ဘာတွေ ထူးခြားခဲ့သလဲ

ဒီနေ့ပွဲမှာ ရီးရဲလ်မက်ဒရစ်က နိုင်ပွဲ အတွက် အဆုံးသတ် သေချာဖို့ အရေးကြီးတယ် ဆိုတာကို ပြသသွားခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်က ကျန်အပိုင်းတွေမှာ တီကိုကို အသာမရခဲ့ပေမယ့် ရှုံးထွက် ပွဲစဉ်တွေကို ဘယ်လို ကစားပြီး ပြိုင်ဘက်ကို ဘယ်လိုမျိုး ကျော်ဖြတ်ရသလဲ ဆိုတာတော့ ကောင်းကောင်း သိနေတဲ့ အသင်းပါ။ ဒါကြောင့်ပဲ စပိန်စူပါဖလားရဲ့ ဗိုလ်လုပွဲကို ပါးပါးနပ်နပ် တက်ရောက်သွားခဲ့ပြီး ထုံးစံအတိုင်း သူတို့ရဲ့ မဟာ ပြိုင်ဘက် ဘာစီလိုနာနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အက်တလက်တီကိုမက်ဒရစ် ကတော့ ခြေစွမ်း ပိုကောင်းခဲ့ပေမယ့် စပိန်စူပါဖလားမှာ ၁၁ ကြိမ်မြောက် ဗိုလ်လုပွဲ တက်ရောက်ခွင့်နဲ့ လွဲချော်သွားခဲ့လို့ နှမြောစရာပါ။

ရီးရဲလ်မက်ဒရစ်ရဲ့ နိုင်ပွဲ အတွက် ဗယ်လ်ဗာဒီက အခရာကျခဲ့ပြီး သူကိုယ်တိုင် ၁ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ ရော့ကတ် ဖရီးကစ် သွင်းဂိုးက ၂၀၁၃ ခုနှစ် နောက်ပိုင်း မက်ဒရစ်တို့ အတွက် အစောဆုံး ဖရီးကစ် သွင်းဂိုး ဖြစ်ခဲ့သလို ရာစုနှစ် အကူးအပြောင်း နောက်ပိုင်း စူပါကိုပါ ပွဲစဉ် တစ်ပွဲရဲ့ အစောဆုံးဂိုးလည်း ဖြစ်ခဲ့ပါတယ်။ ဗယ်လ်ဗာဒီနဲ့ အတူ ရိုဒရီဂို ကလည်း ဒီနေ့ပွဲမှာ ခြေစွမ်းပြသွားခဲ့ပြီးတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ကန်သွင်းမှု တစ်ဝက်က သူ့ကြောင့် ရခဲ့တာပါ။ ဒါ့အပြင် ဘရာဇီးလ်သားက အက်သလက်တီကိုရဲ့ ဂိုးဧရိယာထဲမှာလည်း ဘောလုံး ထိချက် ၆ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ အသင်းဖော်တွေထက် ပိုများခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ရီးရဲလ်မက်ဒရစ်က လာမယ့် ဇန်နဝါရီ ၁၂ ရက် မှာတော့ ဘာစီလိုနာနဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။ အက်တလက်တီကို မက်ဒရစ် ကတော့ ၁၅ ရက်နေ့မှာ ဒီပို့တီဗိုနဲ့ ကိုပါဒယ်ရေး ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်