နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူအီးအက်ဖ်အေစူပါဖလားကို တည်တည်ငြိမ်ငြိမ် သိမ်းပိုက်ပြီး ရာသီသစ်ကို ဆုဖလား အောင်မြင်မှုနဲ့ စတင် ဖွင့်လှစ်လိုက်တဲ့ ရီးရဲယ်မက်ဒရစ်

ရီးရဲယ်မက်ဒရစ် ၂-၀ ဖရန့်ဖတ်

လာလီဂါနဲ့ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ် အသင်း ကတော့ မနေ့ညက ကစားခဲ့တဲ့ ယူအီးအက်ဖ်အေ စူပါဖလား ဗိုလ်လုပွဲမှာ ယူရိုပါလိဂ် ချန်ပီယံ ဖရန့်ဖတ်ကို ၂-၀ ရလဒ်နဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။

အန်ဆယ်လော့တီရဲ့ အသင်း အနေနဲ့ ရာသီကြို ဆုဖလား တစ်လုံးကို စတင် ရယူနိုင်ခဲ့တာ ဖြစ်ပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် ယူအီးအက်ဖ်အေ စူပါဖလား ပြိုင်ပွဲမှာ ၅ ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ပွဲစဉ် အကျဉ်း

ဒါ့အပြင် ရီးရဲယ်မက်ဒရစ် အသင်းဟာ ဥရောပ စူပါဖလား ပြိုင်ပွဲမှာ ၅ ကြိမ်မြောက် ဗိုလ်စွဲခဲ့တာ ဖြစ်လို့ ဘာစီလိုနာနဲ့ အေစီမီလန်တို့ တင်ထားခဲ့တဲ့ စံချိန်ကိုလည်း လိုက်မှီသွားခဲ့ပါတယ်။
ရာသီသစ်ကို ဆုဖလား အောင်မြင်မှုနဲ့ စတင် ဖွင့်လှစ်နိုင်ခဲ့တဲ့ ရီးရဲယ်မက်ဒရစ်

ဒီပွဲမှာ ကာလို အန်ဆယ်လော့တီက သူယုံကြည်ထားတဲ့ လူစာရင်းနဲ့ပဲ ပွဲထွက်ခဲ့သလို ထုံးစံ အတိုင်း ၄-၃-၃ ကစားကွက် ကိုပဲ ခင်းကျင်းလာခဲ့ပါတယ်။ ဂိုးမှာ ကော့တွာစ်၊ နောက်တန်းမှာ အလာဘာ၊ မီလီတာအို၊ ကာဗာဟယ်နဲ့ ဖာလန်း မန်ဒီ၊ ကွင်းလယ်မှာ မိုဒရစ်၊ ကတ်ဆီမီယိုနဲ့ ခရူးစ်၊ တိုက်စစ် မှာတော့ ဗယ်ဗာဒီ၊ ဗင်နီးစီးယပ်စ် ဂျူနီယာနဲ့ ကာရင်မ် ဘန်ဇီမာ တို့ပဲ ပါဝင်ခဲ့ကြပါတယ်။ ဖရန့်ဖတ် ကလည်း အသင်းပြောင်းသွားတဲ့ ကော့စတစ် နေရာမှာ လန့်ဇ် ပွဲထွက်လာတာ ကလွဲရင် အပြောင်းအလဲ သိပ်မရှိခဲ့ပါဘူး။ ကီဗင် ထရပ်၊ တူတာ၊ အန်ဒီကာ၊ တိုရေး၊ ကနော့ဖ်၊ ရိုဒီ၊ ဆိုးဝ်၊ ကာမာဒါ၊ လင်းစတွမ်း၊ ဘော်ရီ တို့ကို ပွဲထုတ်လာခဲ့ပြီး အသစ် ခေါ်ယူထားတဲ့ မာရီယို ဂေါ့ဇီနဲ့ လူးကပ်စ် အလာရီယို တို့ကတော့ အရန် လူစာရင်းမှာပဲ ပါဝင်လာခဲ့ပါတယ်။

လူအင်အားရော၊ ကစားကွက်ပါ သာခဲ့တဲ့ ရီးရဲယ်မက်ဒရစ်က ပွဲကို တည်တည်ငြိမ်ငြိမ် ထိန်းချုပ်ကစားသွားခဲ့ပြီး အနိုင်ဂိုးတွေ ကိုတော့ ပွဲချိန် ၃၇ မိနစ်မှာ နောက်ခံလူ ဒေးဗစ် အလာဘာနဲ့ ၆၅ မိနစ်မှာ တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာ တို့က သွင်းပေးခဲ့ကြပါတယ်။

ပွဲချိန် အစောပိုင်းမှာ ဖရန့်ဖတ် တိုက်စစ်မှူး ကာမာဒါ အပိုင် အခွင့်အရေး တစ်ကြိမ် ရခဲ့တာနဲ့ ရီးရဲယ်ဘက်က ဗင်နီးစီးယပ်စ်ရဲ့ ကန်ချက် ထရပ် ပုတ်ထုတ်နိုင်ခဲ့တာ၊ ဘန်ဇီမာရဲ့ အပိုင်ကန်ချက် ဂိုးတိုင်ဘေးက ကပ်ထွက်ခဲ့တာ၊ ကတ်ဆီမီယိုရဲ့ ကန်ချက် ဂိုးဘားတန်း ထိပြီး ထွက်ခဲ့တာတွေက လွဲရင် ထွေထွေထူးထူး ပြောစရာ မရှိခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။

လာလီဂါ
ဆယ်တာဗီဂို
အက်စ်ပန်ညို
ပထမပိုင်း 1X2 ဆယ်တာဗီဂို @ 2.53
အက်စ်ပန်ညို အာရှ ဟန်းဒီးကပ် +0.25 @ 2.26
ဂိုးပေါ် 2.50 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးအချက်လက်နဲ့ သုံးသပ်ချက်

ထပ်ပြောရရင် ရီးရဲယ်မက်ဒရစ် ကပဲ အဘက်ဘက်မှာ ထိန်းချုပ်နိုင်ခဲ့ပြီး ကစားအားကို လိုသလို အတင်အချ လုပ်သွားကာ ပြိုင်ဘက်ကို တစ်ပွဲလုံး အသာစီးနဲ့ ကစားသွားခဲ့တာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီက ပြီးခဲ့တဲ့ ရာသီက ပွဲထွက်လူစာရင်းကိုပဲ အပြောင်းအလဲ လုံးဝ မလုပ်ပဲ ပွဲထွက်ခဲ့ပြီး ပွဲချိန် အတွင်း လိုအပ်ရင် လိုအပ်သလို အပြောင်းအလဲ လုပ်ဖို့ပဲ စဉ်းစားထားတဲ့ သဘောရှိပါတယ်။ ခရူးစ်နဲ့ မိုဒရစ်တို့ နေရာ အတွက် ကာမာဗင်ဂါ၊ ချူအာမန်နီတို့ အသင့် ရှိနေတာက Los Blanco တို့ အတွက် တကယ့်ကို ကျေနပ်စရာပါ။ ဘန်ဇီမာ ဒဏ်ရာ ရသွားရင် ဘယ်လိုလုပ်မလဲ ဆိုတာကိုပဲ ခေါင်းထဲထည့်ထားစရာ ရှိပြီး လာမယ့်ရာသီ မှာလည်း ကျိန်းသေပေါက် ဆုဖလားတိုင်းကို စိန်ခေါ်နိုင်ဦးမယ့် အခြေအနေ ရှိပါတယ်။ ဒီနေရာမှာ တစ်ခု ထည့်ပြောချင်တာက မိုဒရစ်နဲ့ ခရူးစ် တို့ရဲ့ Next Level ကစားပုံပါ။ အရမ်းကြီး အုံးအုံးဒိုင်းဒိုင်းနဲ့ လျှပ်စီးလက်သလို ကောင်းနေတာမျိုး မဟုတ်ပဲ ပွဲတစ်ပွဲကို ပါးပါးနပ်နပ်နဲ့ တည်တည်ငြိမ်ငြိမ်နဲ့ လိုသလို ပုံဖော်သွားခဲ့တာက သိပ်ကို လှပလွန်းပါတယ်။ ကာမာဗင်ဂါနဲ့ ချူအာမန်နီတို့ ဒီကစားသမား ၂ ဦးရဲ့ ခြေရာကို အတတ်နိုင်ဆုံး နင်းနိုင်ပါ့မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘန်ဇီမာက အခုပွဲ သွင်းဂိုးကြောင့် ရီးရဲယ်မက်ဒရစ် အတွက် သွင်းဂိုး ၃၂၄ ဂိုး အထိ ရှိလာခဲ့ပြီး ဂန္ထဝင် တိုက်စစ်မှူးဟောင်း ရာအူးလ် ဂွန်ဇာလက်ဇ်ထက် ၁ ဂိုး ပိုများသွားခဲ့ပါတယ်။ ဒါကြောင့် အသင်းရဲ့ သမိုင်းမှာ ဒုတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့ပြီး ဂိုးပေါင်း ၄၅၀ သွင်းထားတဲ့ ရော်နယ်ဒိုရဲ့ အနောက်မှာ ရပ်တည်နေပါတယ်။

ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ရတဲ့ ပထမဦးဆုံး နည်းပြ ဆိုတဲ့ ဂုဏ်ပုဒ် ပိုင်ဆိုင်ထားသူ အန်ဆယ်လော့တီ ကလည်း ယူအီးအက်ဖ်အေ စူပါဖလားကို ၄ ကြိမ်မြောက် ဆွတ်ခူးနိုင်တဲ့ ပထမဆုံး နည်းပြ ဆိုတဲ့ စံချိန် မှတ်တမ်းသစ် တစ်ခု ထပ်မံ ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲယ်မက်ဒရစ် အသင်းဟာ ယူအီးအက်ဖ်အေ စူပါဖလား ပြိုင်ပွဲမှာ ၅ ကြိမ်မြောက် ဗိုလ်စွဲခဲ့တာ ဖြစ်လို့ ဘာစီလိုနာနဲ့ အေစီမီလန်တို့ တင်ထားခဲ့တဲ့ စံချိန်ကိုလည်း လိုက်မှီသွားခဲ့ပါတယ်။


လာမယ့် ပွဲစဉ်များ

ရီးရဲယ်မက်ဒရစ်တို့ လာမယ့် ဩဂုတ်လ ၁၅ ရက်နေ့မှာ လာလီဂါ ပွဲစဉ် (၁) အဖြစ် တန်းတက် အဲလ်မီးရီးယားနဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိပြီး ဖရန့်ဖတ် ကတော့ ဩဂုတ်လ ၁၃ ရက်နေ့မှာ ဟာသာဘာလင်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၂)ကို ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်