နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ်က ဆင်းလာတဲ့ ဒေါ့မန်ကို ဂျာမန်မြေအထိ လာပြီး ဂိုးပြတ် ဆုံးမသွားတဲ့ ရိန်းဂျားစ် (ယူရိုပါလိဂ် ပွဲပြီးသုံးသပ်ချက်)

countdown banner

ဒေါ့မန် ၂ – ၄ ရိန်းဂျားစ်

ချန်ပီယံလိဂ် ကနေ ဆင်းလာတဲ့ နောက်ထပ် အသင်း တစ်သင်း ဖြစ်တဲ့ ဒေါ့မန် ကတော့ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် Play-Off မှာ စကော့တလန် ကလပ် ရိန်းဂျားစ်ကို အိမ်ကွင်းမှာ မထင်မှတ်ပဲ ဂိုးပြတ် အရေးနိမ့်သွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ဒေါ့မန်တို့ ယူရိုပါလိဂ် Play-Off အဆင့် ကနေပါ ထပ်မံ ထွက်ခွာရဖို့ များသွားခဲ့ပြီး ရိန်းဂျားစ် ကတော့ ဒုတိယအကျော့ကို စကော့တလန်မြေမှာ ကစားရမှာ ဖြစ်လို့ နောက်တစ်ဆင့် တက်ရေး အခြေအနေ ကောင်းသွားခဲ့ပြီလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အိမ်ရှင် ဒေါ့မန် ဘက်မှာ အာလင်းဟာလန်းနဲ့ သောမက်စ် မြူနီယာတို့ ဒဏ်ရာပြသနာကြောင့် လွဲချော်ခဲ့ပေမယ့် မယ်လန်၊ မာကိုရိုက်စ်၊ ဘရန့်ဒ်၊ ဘယ်လင်ဂမ်၊ ဟမ်းမဲလ်စ်၊ ဂွာရဲရိုး၊ အာကန်ဂျီ တို့နဲ့ လူစုံခဲ့ပါတယ်။ ရိန်းဂျားစ် ကလည်း မိုရာလက်စ်၊ အာရီဘို၊ ကန့်တ်၊ အာဖီးလ်၊ လောင်းစတွမ်း၊ ဂိုးလ်ဆန်၊ တာဗာနီယာ၊ ဘာရီဆစ် တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့ပြီး ဂျာမန်မြေကနေ အတတ်နိုင်ဆုံး ရလဒ်ကောင်း တစ်ခုနဲ့ အိမ်ပြန်နိုင်ဖို့ မျှော်လင့်လာခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ
အယ်လ်ချီ
ဗယ်လက်ကာနို
1X2 ဗယ်လက်ကာနို @ 2.69
အယ်လ်ချီ အာရှ အကျောပေး -0.25 @ 2.66
ဂိုး‌အောက် 1.75 @ 2.28
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လျင်မြန်မှု အသားပေးပြီး အခွင့်အရေး ရရင် ရသလို သွင်းဂိုး အဖြစ် ပြောင်းလဲဖို့ ကြိုးစားလာခဲ့ကြလို့ ပွဲအစကတည်းက ကြည့်ကောင်းခဲ့ပြီး အိမ်ရှင် ဒေါ့မန်တို့ ရိန်းဂျားစ် ဘက်ကို ပိုမို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ဒါ့ပေမယ့်လည်း ရိန်းဂျားစ် ကွင်းလယ်က ဂျက်နဲ့ လောင်းစတွမ်း တို့ ဒေါ့မန်ရဲ့ တိုက်စစ် လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ခဲ့သလို နောက်တန်းနဲ့ ဂိုးသမား မက်ဂရီဂေါတို့ အမှားနည်းနေခဲ့တာကြောင့်လည်း ဂိုးလွန်ဘောတွေနဲ့ လူကျွံဘောတွေ အဖြစ်နဲ့ပဲ အဆုံးသတ်နေခဲ့ ရပါတယ်။ ပွဲချိန် မိနစ် ၃၀ ကျော်လာချိန် မှာတော့ ရိန်းဂျားစ်တို့ တဖန်ပြန်လည် ဖိအားပေးကစားနိုင်ပြီး ၃၈ မိနစ် မှာတော့ ပင်နယ်တီ ကတစ်ဆင့် မထင်မှတ်ပဲ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ပင်နယ်တီ ကိုတော့ တာဗာနီယာက အမှားအယွင်း မရှိ ကန်သွင်းခဲ့ပြီး ဦးဆောင်ဂိုး ရသွားပြီးချိန်မှာလည်း ရိန်းဂျားစ် တို့ပဲ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ဒေါ့မန် ဂိုးပေါက်ကို တရစပ် ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ၂ မိနစ် အကြာ မှာပဲ ရိန်းဂျားစ်တို့ နောက်ထပ် ဦးဆောင်ဂိုး ရသွားခဲ့ပြီး မိုရာလက်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒီရလဒ်အရ ဒေါ့မန်တို့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် တက်ချင်ရင် ဒုတိယအကျော့မှာ ဂိုးမပေးရဖို့ လိုအပ်သလို အနည်းဆုံး ၃ ဂိုးပြတ်နဲ့ အနိုင်ရဖို့လည်း လိုအပ်သွားခဲ့ပါပြီ။
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲ အထိ ရှုံးနိမ့်ခဲ့တဲ့ ဒေါ့မန်

ပထမပိုင်း အပြီးမှာ ဧည့်သည် အသင်းက ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယပိုင်း မှာတော့ အိမ်ရှင် အသင်း နည်းပြ မာကိုရို့စ် အနေနဲ့ ချေပဂိုးတွေ ပြန်လည် ရရှိဖို့ အပြောင်းအလဲတွေ စတင်ပြုလုပ်လာခဲ့ပါတယ်။ ဝစ်ဆဲလ် အစား ရေနာ၊ ဘရန့်တ် အစား မူကိုကို တို့ ဝင်ရောက်လာခဲ့ပေမယ့် ရိန်းဂျားစ်ရဲ့ ပုံစံကောင်းတစ်ခုကို ဒေါ့မန်တို့ ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့လို့ တိုက်စစ်ဆင်ဖို့ထက် ဂိုးထပ် မပေးရဖို့ကိုပဲ အာရုံစိုက်နေခဲ့ရပါတယ်။ ဒါပေမယ့် အမှားများလွန်းနေသလို စိတ်နဲ့လူနဲ့ မကပ်သလို ဖြစ်နေတဲ့ ဒေါ့မန် ခံစစ်က ဒုတိယပိုင်း ပြန်စပြီး ၄ မိနစ် အကြာမှာပဲ တတိယဂိုးကို ထပ်မံ ခွင့်ပြုပေးခဲ့ရပြီး ကွင်းလယ်လူ လောင်းစတွမ်းက အပြင်းကန်ချက်နဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၅၁ မိနစ်မှာ အိမ်ရှင်တို့ ချေပဂိုး ပြန်လည် ရရှိခဲ့ပြီး ကွင်းလယ်လူ ဘယ်လင်ဂမ်က ဘီးကုပ် စက်ဝိုင်းထိပ်ကနေ အပြင်းကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ချေပဂိုး စတင် ရရှိသွားချိန် မှာတော့ ဒေါ့မန်တို့ စိတ်ဓာတ်ပိုင်း ပြန်တက်လာလို့ ပြိုင်ဘက်ကို တရစပ် ဖိအားပေးထားနိုင်ခဲ့ပေမယ့် ဂိုးထပ်ရသွားခဲ့တာ ကတော့ ရိန်းဂျားစ်ပဲ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ ဒေါ့မန်တို့ စိတ်အားမလျော့ပဲ ရိန်းဂျားစ် နောက်တန်းကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပေမယ့် ချေပဂိုး ၁ ဂိုးသာ ထပ်ရခဲ့ပြီး မိနစ် ၉၀ ပြည့်ချိန် မှာတော့ ၂-၄ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

မာကိုရို့စ်ရဲ့ အသင်း ကတော့ ဒီရာသီမှာ ရိုလာကိုစတာ စီးနေသလိုပါပဲ။ ဂိုးပြတ် ရှုံးလိုက်၊ ဂိုးပြတ် နိုင်လိုက်နဲ့ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ မတည်မငြိမ် ဖြစ်နေတာပါ။ အဓိက ကတော့ အာလင်း ဟာလန်း မပါတဲ့ တိုက်စစ်က သိသိသာသာ သေနေခဲ့ပြန်တာ ဖြစ်ပြီး မာလန်၊ တစ်ဂ်၊ ရေနာ တို့နဲ့တင် မလုံလောက်ဘူး ဆိုတာ ဒီပွဲက သက်သေပါပဲ။ ဒီရလဒ်အရ ဒေါ့မန်တို့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် တက်ချင်ရင် ဒုတိယအကျော့မှာ ဂိုးမပေးရဖို့ လိုအပ်သလို အနည်းဆုံး ၃ ဂိုးပြတ်နဲ့ အနိုင်ရဖို့လည်း လိုအပ်သွားခဲ့ပါပြီ။ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် ဂိုးပြတ် အနိုင်ရခဲ့တဲ့ ရိန်းဂျားစ် ကတော့ ပုံစံကောင်း တစ်ခုကို ဆက်ထိန်းထားနိုင်ခဲ့တာ ဖြစ်ပြီး ဒုတိယအကျော့မှာ အသာအယာ ကစားပြီး နောက်တစ်ဆင့် တက်ခွင့်ရှိသွားခဲ့တာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဒေါ့မန်တို့ လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မိုချင်ဂလတ်ဘတ်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ရိန်းဂျားစ် ကတော့ စကော့တလန် ပရီးမီးယားရှစ် ပွဲစဉ် အဖြစ် ဒန်ဒီးယူနိုက်တက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်