နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လမ်းတစ်ဖက်ခြမ်းက မြို့ခံပြိုင်ဘက် အသင်းငယ်လေးရဲ့ အနိုင်ယူ ကျော်ဖြတ်ခြင်းခံခဲ့ရတဲ့ ပီအက်စ်ဂျီ | ပြင်သစ်ဖလား

ပီအက်စ်ဂျီ ကတော့ ဒီကနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ပြင်သစ်ဖလား ၃၂ သင်း အဆင့် ပွဲစဉ်မှာ မြို့ခံ ပြိုင်ဘက် ပဲရစ်အက်ဖ်စီကို ၀-၁ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ပီအက်စ်ဂျီ အနေနဲ့ ၂၀၂၂ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ပြင်သစ် ဖလား အိမ်ကွင်း ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ၂၀၁၄ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ်လည်း ၃၂ သင်း အဆင့် ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ လူးဝစ္စ အန်နရီကေးရဲ့ အသင်းက ပြိုင်ဘက်ကို တဖတ်သတ် ဖိအားပေး ကစားခဲ့ပြီး ခါဗစ်ချာ ခါဗရာစခီလီယာ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် သွင်းဂိုးတော့ မဖြစ်ခဲ့ပါဘူး။ ဒုတိယပိုင်း မှာလည်း ပဲရစ်အက်ဖ်စီ နောက်ခံလူရဲ့ အမှား ကနေ ဂွန်ဆာလို ရာမို့စ် ဂိုးရဖို့ အခွင့်အရေး ရခဲ့ပေမယ့် ပဲရစ်အက်ဖ်စီ ဂိုးသမား အိုဘက် အန်ကမ်ဘာဒီယိုက လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီက ပွဲကို ဆက်တိုက် လွှမ်းမိုး ကစားနေရင်းက ပွဲချိန် ၇၅ မိနစ် အရောက် မှာတော့ တန်ပြန် တိုက်စစ် ကနေ တဆင့် အီကိုနေးက ပဲရစ်အက်ဖ်စီ အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

အီကိုနေးဟာ ဂိုးသွင်းပြီးနောက် ကလပ်ဟောင်းကို လေးစားတဲ့ အနေနဲ့ အောင်ပွဲမခံခဲ့တာ တွေ့ရပါတယ်။ အီကိုနေးဟာ ပီအက်စ်ဂျီ အကယ်ဒမီထွက် ကစားသမား ဖြစ်ခဲ့ပေမယ့် စီနီယာ အသင်းကြီး အတွက်တော့ ၇ ပွဲသာ ကစားခဲ့ရသူ ဖြစ်ပါတယ်။ ဒီဂိုးကို သွင်းယူနိုင်ခဲ့တဲ့ အီကိုနေးက ပွဲအပြီးမှာလည်း သူတို့ အရမ်း ပျော်ရွှင်ရကြောင်း ခံစစ်ကို ကောင်းကောင်း ကစားနိုင်ခဲ့သလို သူ့ရဲ့ ဂိုးအတွက်လည်း အမှန်တကယ် ပျော်ရွှင်မိပါတယ်။ ဒါဟာ သူ့အတွက် နောက်ဆုံးဂိုး မဖြစ်စေဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် လက်ကျန် မိနစ်တွေမှာ အိမ်ရှင်တို့ ချေပဂိုး ရဖို့ အသည်းအသန် ကြိုးစားခဲ့ပေမယ့် ပဲရစ်အက်ဖ်စီ ဂိုးသမားရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ၀-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒါ့အပြင် ပြင်သစ်ဖလားမှာ ၃ နှစ်ဆက် ချန်ပီယံ ဖြစ်နိုင်မယ့် အခွင့်အရေး ကိုလည်း စောစောစီးစီး လက်လွှတ်ခဲ့ရတာပါ။
ပြင်သစ်ဖလားရဲ့ အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်နေတဲ့ ပီအက်စ်ဂျီ

ဒီပွဲရလဒ်က ပြင်သစ်ဖလား ဗိုလ်လုပွဲကို ၂၁ ကြိမ် တက်ရောက်ထားပြီး ၁၆ ကြိမ် အထိ စံချိန်တင် ချန်ပီယံ ဖြစ်ထားတဲ့ လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီ အတွက်တော့ တုန်လှုပ်စရာ ဖြစ်ခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ လူးဝစ္စ အန်နရီကေး လက်အောက်မှာ အမြင့်ဆုံးကို ရောက်နေပြီး ပါဝင်ယှဉ်ပြိုင်သမျှ ပြိုင်ပွဲ အားလုံးနီးပါးမှာ ချန်ပီယံဆုတွေကို သိမ်းပိုက်ထားနိုင်ခဲ့တာပါ။ ပြင်သစ် ထိပ်သီး တို့က မကြာသေးခင်ကပဲ မာဆေးလ်ကို အနိုင်ယူကာ ပြင်သစ် စူပါဖလားမှာ ချန်ပီယံ ဖြစ်ထားခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း အခုတော့ လမ်းတစ်ဖက်သာခြားတဲ့ မြို့ခံပြိုင်ဘက် ပဲရစ်အက်ဖ်စီရဲ့ မထင်မှတ်တဲ့ အနိုင်ယူမှုကို ခံခဲ့ရပြီး ၂၀၂၆ ခုနှစ် အတွက် ပြည်တွင်း ဆုဖလား တစ်လုံးကို လက်လွှတ်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်သစ်ဖလားမှာ ၃ နှစ်ဆက် ချန်ပီယံ ဖြစ်နိုင်မယ့် အခွင့်အရေး ကိုလည်း စောစောစီးစီး လက်လွှတ်ခဲ့ရတာပါ။

ဒီပွဲရဲ့ နောက်ထပ် ထူးခြားချက်တွေ ကတော့ ပွဲမစတင်ခင်မှာ ပီအက်စ်ဂျီ အသင်းခေါင်းဆောင်ဟောင်း မာမာဒူ ဆာခိုက ဘောလုံးလောကက အနားယူကြောင်း ကြေညာခဲ့ပါတယ်။ ဆာခို ကတော့ ပဲရစ်အက်ဖ်စီရဲ့ အကယ်ဒမီမှာ ကစားသမားဘဝ စတင်ခဲ့သူ ဖြစ်ပါတယ်။ အခုနှစ်မှ တန်းတက်လာတဲ့ ပဲရစ်အက်ဖ်စီဟာ နာမည်ကျော် လူသုံးကုန်ပစ္စည်း အမှတ်တံဆိပ် LVMH နဲ့ Red Bull တိုရဲ့ ကျောထောက်နောက်ခံကို ရရှိထားတဲ့ အသင်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်