နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမှတ်လိုအပ်နေတဲ့ မန်စီးတီးတို့ကို တထစ်ချ ယုံကြည်ထားလိုက်ပါ – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ရှက်ဖီးလ် ယူနိုက်တက် vs မန်ချက်စတာစီးတီး

အောက်တိုဘာလ ၃၁ ရက်နေ့ စနေ့နေ့ ည ၇နာရီ မှာတော့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့ ယှဉ်ပြိုင် ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ရှိနေပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ နိုင်ပွဲရဖို့ရုံးကန်နေရတဲ့ ရှက်ဖီးလ်ယူနိုက်တက် အနေနဲ့ အမှတ်လိုအပ်ချက်ရှိလို့ အားစိုက်ကစားလာမယ့် မန်ချက်စတာစီးတီးအသင်းနဲ့ ကစားရမှာ ဖြစ်လို့ ကျိန်းသေပေါက် အကြိတ်အနယ်ရှိလာဦးမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။

ရှက်ဖီးလ်ယူနိုက်တက်တို့ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ၆ပွဲကစားပြီးချိန်မှာ ၅ပွဲရှုံး၊ ၁ပွဲသရေကျပြီး ရမှတ် ၁မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ မနှစ်က ပရီးမီးယားလိဂ်မှာ ထိပ်သီးအသင်းတွေကို ခက်ခဲစေခဲ့တဲ့ ရှက်ဖီးလ်ယူနိုက်တက်ကို လည်း ဘန်လေအသင်းနည်းတူ ဒီရာသီမှာတော့ အရင်လို မာကျောတဲ့ အသင်းတစ်သင်းအဖြစ် ပြန်မတွေ့ရသေးပါဘူး။ အခုပွဲမှာ မန်ချက်စတာစီးတီးကို ဘရာမောလ်လိန်းမှာ ဧည့်ခံကစားရဦးမှာ ဖြစ်ပေမယ့် ခြေပြန်မှန်လာတဲ့ ပပ်ဂွာဒီယိုလာရဲ့ အသင်းကို ခက်ခက်ခဲခဲ ရင်ဆိုင် ရမယ်ဆိုတာ သေချာနေပါတယ်။ လက်တလောမှာလည်း ဂျက်အိုကော်နယ်လ်၊ ဂျွန်ဖလက်ခ်၊ မိုးဆတ်၊ ဆိုင်မွန်မော တို့လည်း ဒဏ်ရရထားလို့ ရှက်ဖီးလ်ယူနိုက်တက်တို့ အတွက် အားနည်းချက် ဖြစ်လာနိုင်ပါတယ်။

 
မန်ချက်စတာစီးတီးအသင်းကတော့ ကြားရက်မှာ ကစားထားတဲ့ ချန်ပီယံလိဂ်မှာတော့ မာဆေးလ်အသင်းကို အဝေးကွင်းမှာ သွားရောက်ကစားခဲ့ရပေမယ့် ဂန်ဒိုဂန်၊ ဖာရန်တောရက်စ်၊ စတာလင်တို့ရဲ့သွင်းဂိုးတွေ နဲ့ အတူ ခြေစွမ်းပြပြီး အနိုင်ရထားပါ တယ်။ နောက်တစ်ချက်က ကီဗင်ဒီဘရိုင်းနား ရဲ့စွမ်းဆောင်ရည် ကောင်းတွေကို မြင်တွေ့နေရပြီးတော့ တောင်ပံက ရာဟင်မ် စတာလင်ရဲ့ အရေးပါမှုတွေကိုလည်း မြင်တွေ့နေရပါတယ်။ မန်ချက်စတာစီးတီးတို့ အခုရာသီအစမှာ ခြေစွမ်းပိုင်း အားရစရာ မရှိပဲ လိဒ်စ်ယူနိုက်တက်၊ ဝက်စ်ဟမ်းတို့ကို မထင်မှတ်ပဲ သရေကျခဲ့သလို လက်စတာစီးတီးအသင်းကို အိမ်ကွင်းမှာ ၂-၅ နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ လက်ရှိအချိန်အထိ ၅ ပွဲကစားပြီး ၂ပွဲနိုင်၊ ၂ပွဲသရေ၊ ၁ပွဲရှုံးထားလို့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ လာမယ့်တစ်ပတ်မှာတော့ မန်ချက်စတာစီးတီးတို့ အိမ်ကွင်းအီတီဟတ်မှာ လက်ရှိချန်ပီယံ လစ်ဗာပူးလ်ကို ဧည့်ခံကစားရမှာ ဖြစ်သလို အဲ့ဒီပွဲပြီးရင်တော့ ဂျိုဆေးမော်ရင်ဟို ရဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်လို့ တောက်လျောက် ပွဲကြပ်နေတာလည်း ဖြစ်ပါတယ်။ မန်ဒီ၊ ဖာနန်ဒင်ဟို၊ ဂျီးဆုစ့်၊ အာကီ၊ အဂွဲရိုးတို့ ဒဏ်ရာရနေလို့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ အဝေးကွင်း ပွဲစဉ်ကတော့ ပပ်ဂွာဒီယိုလာအတွက် တကယ်ကို ခေါင်းကိုက်စရာ ဖြစ်ပါတယ်။ ဒါပေမယ့် ရမှတ် လိုအပ်ချက်အတွက် အတတ်နိုင်ဆုံး အားစိုက်ကစားလာမယ့် မန်ချက်စတာစီးတီးတို့ ရှက်ဖီးလ်ယူနိုက်တက်ကို အနိုင်ကစားနိုင်စွမ်း ရှိနေပါတယ်။

ပရီးမီးယားလိဂ် ၆ပွဲကစားပြီးချိန်မှာ ၅ပွဲရှုံး၊ ၁ပွဲသရေကျပြီး ရမှတ် ၁မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
၅ ပွဲ ကစား၊ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးနဲ့ ရမှတ် ၈ မှတ် ရရှိထားတဲ့ မန်စီးတီး

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ ပရီးမီးယားလိဂ် နောက်ဆုံးနှစ်ကြိမ် တွေ့ဆုံမှု မှာ မန်ချက်စတာစီးတီးကပဲ နှစ်ကျော့စလုံးအနိုင်ရထားပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်တို့ ခြေစွမ်းမာကျောတဲ့ အချိန်ကတည်းက မန်စီးတီးတို့ ဘာရာမောလ်လိန်းမှာ လာရောက် ကစား ရပေမယ့် အဂွဲရိုးရဲ့ သွင်းဂိုး ၁ဂိုးတည်းနဲ့ အနိုင်ရထားသလို အိမ်ကွင်း အီတီဟတ်မှာလည်း ၂ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ရှက်ဖီးလ် ယူနိုက်တက် vs မန်ချက်စတာစီးတီး 1X2 မန်ချက်စတာစီးတီး @ ၁.၃၂
အောက်တိုဘာလ ၃၁ ရက်, ည ၇:၀၀ နာရီ (GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၈.၅၀ ဆ၊ ဧည့်သည်အသင်းအတွက်က ၁.၃၂ ဆနဲ့ သရေအတွက် ၅.၂၀ ဆ ကြေးဖွင့်ထားပါတယ်။ မန်ချက်စတာစီးတီးတို့ အစောပိုင်းက ခြေစွမ်း မတည်ငြိမ်ခဲ့ဘူး ဆိုပေမယ့် လက်တလောမှာတော့ ရှက်ဖီးလ်ယူနိုက်တက်ကို အနိုင်ရဖို့လုံလောက်နေပါပြီ။ ခြေစွမ်းမာကျောတဲ့ ရှက်ဖီးလ်ယူနိုက်တက် ဟာလည်း ဒီရာသီမှာ ရလဒ်ပိုင်း တော်တော်လေး ဆိုးရွားနေတာ မို့လို့ မန်ချက်စတာစီးတီးပဲ အဝေးကွင်းမှာ နိုင်ပွဲရသွားမှာ သေချာပါတယ်။ သွင်းဂိုးအများတော့ မျှော်လင့်လို့ရမှာ မဟုတ်ပါဘူး။ စီးတီးတို့ ၁ ဂိုးလောက်နဲ့ ပဲ ကပ်ပြီး အနိုင်ရသွားဖို့ များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်