နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဝေးကွင်းစွမ်းဆောင်ရည်ကောင်းတဲ့ အဲဗာတန်ဘက်မှာ ရပ်တည်ချင်ပါတယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် vs အဲဗာတန်

အခုတစ်ခါမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်တဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်နဲ့ အဲဗာတန်တို့ရဲ့ ပွဲနဲ့ပတ်သတ်ပြီး ပွဲကြိုအချက်အလက် တချို့ကို SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေအတွက် ဖော်ပြပေးပါမယ်။ အဲဗာတန်တို့ အခုပွဲမှာသာ ရလဒ်ကောင်းခဲ့ရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်် ၄ နေရာအတွင်း ခဏတာ ပြန်လည် တက်လှမ်းနိုင်ဖို့ ရှိလို့ ခြေစွမ်းမကောင်းတဲ့ ဝုဗ်ဆီကနေ အနိုင် ၃ မှတ် အပြည့်ယူဖို့ အားစိုက်လာနိုင်ပါတယ်။

ဝုဗ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပွဲမှာ အာဆင်နယ်နဲ့ ချဲလ်ဆီး နှစ်သင်းကိုသာ အနိုင်ရထားပြီး ကျန်ပွဲစဉ် ၈ ပွဲမှာတော့ ၃ ပွဲသရေကျပြီး ၅ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ နောက်ဆုံး ၄ ပွဲမှာ ၂ မှတ်သာ ရရှိထားလို့ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာအထိ ရောက်ရှိနေခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာတော့ ထရာအိုရေးရဲ့ သွင်းဂိုး ၁ ဂိုးတည်းနဲ့ ခရစ္စတယ်ပဲလေ့စ် ကို အနိုင်ရခဲ့လို့ နောက်တစ်ဆင့်ကို တက်ရောက် ထားနိုင်ပါတယ်။ နူနိုအက်စ်ပီရီတို ဆန်းတို အနေနဲ့ အသင်းမှာ ကစားသမားကောင်းတွေ တစ်ပုံတစ်ပင် ရှိနေပေမယ့် ရလဒ်ကောင်း ရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိတာကတော့ နည်းစနစ်ပိုင်း လိုအပ်ချက်တွေ ရှိနေပြီဆိုတာကို သိသာလာစေပါတယ်။ တိုက်စစ်မှူး ရာအူးလ် ဂျင်မီနက်ဇ် ဒဏ်ရာရရှိနေချိန်မှာ အသင်းရဲ့ ရလဒ်ပိုင်းဆိုင်ရာ လုံးဝကို ထိုးကျသွားခဲ့တာကိုလည်း ဖြေရှင်းဖို့တော့ လိုအပ်နေခဲ့ပါပြီ။ အခုပွဲမှာလည်း ဘိုလီ၊ ပိုဒန့်စ်၊ ဂျွန်နီတို့ ပါဝင်လာနိုင်ဦးမှာ မဟုတ်လို့ ရုန်းကန်ရဖို့ ရှိနေပါတယ်။

 
အဲဗာတန်တို့ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် တစ်ပွဲနိုင်လိုက်၊ တစ်ပွဲရှုံးလိုက် ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ် မှာတော့ ၄ ပွဲဆက် အနိုင်ရပြီးမှ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့လို့ အမှတ်ပေးဇယား အဆင့် ၇ နေရာအထိ ပြန်လည် ဆင်းသွားခဲ့ရပါတယ်။ အဲဗာတန်တို့ လက်ရှိ ပရီးမီးယားလိဂ် မှာ ၁၆ ပွဲကစား၊ ၉ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၅ ပွဲရှုံးပြီး ရမှတ် ၂၉ မှတ် ရရှိထားလို့ အဆင့် ၄ နေရာက စပါးနဲ့ ရမှတ်တူ ဂိုးကွာခြားချက် ကွာဟမှုနဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ အဲဗာတန်တို့ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ၈ ပွဲကစားရာမှာ ၅ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံးထားပါတယ်။ လက်ရှိမှာ တိုက်စစ်က ဒေါမနစ်ကလဲဗက်လီဝင်း၊ ဖေဘီယန် ဒက်ဖ်၊ အဲလန်တို့ ဒဏ်ရာ ရနေလို့ ပါဝင်လာနိုင် ဦးမှာမဟုတ်ပဲ အဝေးကွင်းမှာ ဂိုးရဖို့တော့ အနည်း ရုန်းကန်ရနိုင်ပါတယ်။

ဝုဗ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပွဲမှာ အာဆင်နယ်နဲ့ ချဲလ်ဆီး နှစ်သင်းကိုသာ အနိုင်ရထားပြီး ကျန်ပွဲစဉ် ၈ ပွဲမှာတော့ ၃ ပွဲသရေကျပြီး ၅ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေတဲ့ ဝုဗ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဝုဗ်နဲ့ အဲဗာတန်တို့ သမိုင်းတစ်လျှောက် ၁၃၄ ကြိမ် ထိပ်တိုက်တွေ့ဆုံထားခဲ့ပြီး အဲဗာတန်က ၆၁ ကြိမ် အနိုင်ရပြီး ဝုဗ်က ၄၆ ကြိမ် အနိုင်ရထားပါတယ်။ ၂၇ ပွဲကတော့ သရေ ရလဒ်နဲ့ ပွဲပြီးဆုံးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်ကို ပြန်ကြည့်မယ်ဆိုရင်လည်း ဂူဒီဆင်ပါ့ခ်မှာ အဲဗာတန်က ၃-၂ နဲ့ အနိုင်ရပြီး မိုလီနော့စ် မှာတော့ ဝုဗ်က ၃-၀ နဲ့ အနိုင်ရထားပါတယ်။
 

လောင်းကြေးဆိုင်ရာအကြံပြုချက်များ

??
ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် vs အဲဗာတန် 1X2 အဲဗာတန် @ 2.93
ဇန်နဝါရီလ ၁၃ ရက်, မနက် ၂:၄၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၃၇ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၃.၁၀ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၂၀ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဝုဗ်တို့ လက်တလောမှာ ခြေစွမ်းတော်တော်လေး ပျက်နေတာ ကြောင့် ခြေပြန်တက်နေတဲ့ အဲဗာတန်နဲ့ တွေ့ဆုံမှုမှာ သရေ ၁ မှတ်ဖို့တောင် မနည်းရုန်းရပါလိမ့်မယ်။ ရမှတ်လိုအပ်ချက် အတွက် အားထည့်ကစားလာနိုင်ပြီး အဝေးကွင်း ရလဒ်လည်း ကောင်းတဲ့ အဲဗာတန် ဘက်မှာ ရပ်တည်ချင်ပါတယ်။ ၁-၂ လောက်နဲ့ အဲဗာတန်တို့ အနိုင်ရသွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်