နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မော်ရင်ဟို မရှိတော့တဲ့ စပါးတို့ နိုင်ပွဲပြန်ရှာတွေ့မှာလား – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

တော့တင်ဟမ်ဟော့စပါး – ဆောက်သမ်တန်

တော့တင်ဟမ်ဟော့စပါးတို့ လာမယ့် ဗုဒ္ဓဟူးနေ့ မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ရဲ့ လက်ကျန်ပွဲစဉ် အဖြစ် ဆောက်သမ်တန်နဲ့ ကစားဖို့ ရှိနေပါတယ်။ နည်းပြ ဂျိုဆေးမော်ရင်ဟိုကို ပူပူနွေးနွေး ထုတ်ပယ်ထားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး တို့အတွက် စိန်ခေါ်မှု တစ်ခုလို့ ပြောလို့ရပြီး ရာသီကုန်အထိ ကိုင်တွယ်မယ့် နည်းပြ ရွိုင်ယန်မေဆန် ကရော ဘယ်လောက် အတိုင်းအတာ အထိ စွမ်းဆောင်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့‌တော့ ကောင်းနေပါတယ်။

မော်ရင်ဟိုကို ကောက်ခါငင်ခါ လက်တွဲဖြုတ်လိုက်တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ အသင်းဥက္ကဌ လီဗိုင်း အတွက်တော့ စိန်ခေါ်မှုတွေက တန်းစီစောင့်ကြိုနေပါပြီ။ မော်ရင်ဟိုရဲ့ နေရာမှာ ဝင်ရောက်ကိုင်တွယ်ပေးရတဲ့ ရွိုင်ယန်မေဆန် အတွက် ဧပြီလ ၂၅ ရက်နေ့ မန်ချက်စတာစီးတီးနဲ့ ခရာဘောင်ဗိုလ်လုပွဲ မကစားမီ အသင်းရဲ့ လက်ရှိ အခြေအနေကို ဆန်းစစ်နိုင်ဖို့ အခုပွဲဟာ အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ စပါးတို့ မော်ရင်ဟို ကိုင်တွယ်သွားတဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲမှာ ၂ မှတ်ပဲ ရခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် ၇‌ နေရာမှာ ရပ်တည်နေပြီး ထိပ်ပိုင်းက အသင်းတွေနဲ့လည်း အနည်းဆုံး ၅ မှတ်လောက် ပြတ်သွားခဲ့ပါတယ်။ ဒီအခြေအနေမှာ စပါးတို့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ဆိုတာ မဖြစ်နိုင်တော့လို့ ယူရိုပါလိဂ် ကိုတော့ ကျိန်းသေပေါက် ပစ်မှတ်ထားလာပါလိမ့်မယ်။ စပါးရဲ့ လက်ရှိ ခြေစွမ်းပိုင်းက အဆိုးကြီး မဟုတ်ပေမယ့် ဦးဆောင်ဂိုးတွေ ရပြီးမှ ခံစစ်က ဂိုးတွေ ပြန်ပြန်ပေးလိုက်ရတာကြောင့် နိုင်ပွဲတွေနဲ့ ဝေးခဲ့ရတာပါ။ ဒီပြသနာကို ခပ်မြန်မြန် မဖြေရှင်းနိုင်ခဲ့တဲ့ ဂျိုဆေးမော်ရင်ဟို ကတော့ စိတ်မကောင်းစွာနဲ့ပဲ လစ်သွားခဲ့ရပါပြီ။ ဒါ့ကြောင့် ရွိုင်ယန်မေဆင် အနေနဲ့ ဖိအားတွေကြားကနေ အသင်းရဲ့ အားနည်းချက်တွေကို ဘယ်လောက်အထိ ပြင်ဆင်လာနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ သတင်းဆိုးကတော့ တိုက်စစ်က ဟယ်ရီကိန်း ကစားနိုင်ဦးမှာ မဟုတ်သလို ဘန်ဒေးဗီးစ်၊ ဒိုဟာတီတို့လည်း အခုပွဲကို လွဲချော်ပါလိမ့်မယ်။

ဟန်ဆန်ဟက်တဲလ်ရဲ့ အသင်းက ကစားသမားကောင်းတွေ တော်တော်များများ ပိုင်ဆိုင်ထားခဲ့ပေမယ့် မမှားသင့်တဲ့ အမှားတွေကြောင့် ရမှတ်တွေ ဆုံးရှုံးခဲ့ရပြီး အခုဆိုရင် ပရီးမီးယားလိဂ် အဆင့် ၁၄ နေရာအထိ ရောက်ရှိနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တန်းဆင်းဇုန်ထဲက ဝက်စ်ဘရွန်းကို ၃ ဂိုးပြတ် ရှုံးထားတဲ့ ဆောက်သမ်တန်

ရာသီ တစ်ဝက်လောက်ကတည်း ခြေကျသွားတဲ့ ဆောက်သမ်တန်တို့ အခုအချိန်ထိ ပုံမှန်ခြေစွမ်းပြန်မရသေးပါဘူး။ ဟန်ဆန်ဟက်တဲလ်ရဲ့ အသင်းက ကစားသမားကောင်းတွေ တော်တော်များများ ပိုင်ဆိုင်ထားခဲ့ပေမယ့် မမှားသင့်တဲ့ အမှားတွေကြောင့် ရမှတ်တွေ ဆုံးရှုံးခဲ့ရပြီး အခုဆိုရင် ပရီးမီးယားလိဂ် အဆင့် ၁၄ နေရာအထိ ရောက်ရှိနေခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ရာသီကထက်တောင် နိမ့်တဲ့ အဆင့်မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲမှာ ဆိုရင် ဆောက်သမ်တန်တို့ လက်စတာစီးတီးကို အကောင်းဆုံးပုံစံနဲ့ ရင်ဆိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ အရှုံးရလဒ်နဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။ အခုပွဲမှာလည်း ပြိုင်ဘက်က အားနည်းချက်တွေ ရှိနေတယ် ဆိုပေမယ့် ဆောက်သမ်တန်တို့ အခွင့်ကောင်းယူတတ်ဦးမယ် မထင်ပါဘူး။ ဒါ့အပြင် အိုဘာဖီမီ၊ စမောလ်ဘုန်း၊ ရိုမီယူတို့ ဒဏ်ရာကြောင့် ပါဝင်လာနိုင်မှာ မဟုတ်လို့ စပါးကို ယှဉ်ကစားဖို့ ခက်ခဲနေဦးမှာပါ။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

တော့တင်ဟမ်ဟော့စပါးနဲ့ ဆောက်သမ်တန်တို့ရဲ့ ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၉ ကြိမ်မှာ စပါးတို့ ၁၃ ကြိမ်အထိ အနိုင်ရခဲ့ပြီး ဆောက်သမ်တန် ကတော့ ၃ ကြိမ်ပဲ ပြန်လည် အနိုင်ရခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ တွေ့ဆုံမှု မှာလည်း စပါးတို့ စိန့်မေရီကွင်းမှာ ၂-၅ ရလဒ်နဲ့ ဂိုးပြတ် အောင်ပွဲခံထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
တော့တင်ဟမ်ဟော့စပါး – ဆောက်သမ်တန် အချိန်ပြည့် 1X2 အိမ်ရှင် @ 1.81
ဧပြီလ ၂၁ ရက်, မနက် ၁၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၇၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၄.၅၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၈၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ စပါးတို့ရဲ့ ခြေစွမ်းက စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်ပေမယ့် ဆောက်သမ်တန်ကလည်း ခြေစွမ်းပိုင်းအားရစရာမရှိပါဘူး။ စပါးတို့ နည်းပြသစ် လက်အောက်မှာ ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားလာမှာတော့ သေချာပါတယ်။ နည်းနည်းလေး ပိုသာနေတဲ့ တော့တင်ဟမ်ဟော့စပါး ကိုပဲ မျက်စိစုံမှိုတ် အားပေးရမှာပါ။ ပထမအကျော့တုန်းကလောက်တော့ ဂိုးပြတ်မယ့် အခြေအနေမရှိပါဘူး။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်