နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လက်စတာကို ၂ ရာသီဆက် ချန်ပီယံလိဂ် အိမ်မက်ဆိုးနဲ့ နှိပ်စက်ဦးမယ့် ယူနိုက်တက် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက် – လက်စတာစီးတီး

မန်ချက်စတာယူနိုက်တက်နဲ့ လက်စတာစီးတီးတို့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၆) အဖြစ် အခုလာမယ့် မေလ ၁၁ ရက်နေ့ အင်္ဂါနေ့မှာ ယှဉ်ပြိုင်ကစားကြဖို့ ရှိပြီး SBOTOP ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု တော်တော်များများဟာ အကြိတ်အနယ် ရှိခဲ့ပေမယ့် ပွဲပြီးရင် ယူနိုက်တက်တို့ပဲ ရလဒ်ကောင်းခဲ့တာ ပိုများလို့ အခုတစ်ကြိမ်မှာရော ဘယ်လိုရလဒ်နဲ့ အဆုံးသတ်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ ပြီးခဲ့တဲ့ပွဲမှာ အက်စတွန်ဗီလာကို ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့ပြီး မြို့ခံပြိုင်ဘက် မန်စီးတီးကို ပရီးမီးယားလိဂ် ဖလားကိုင်မြှောက်ဖို့ နောက်တစ်ပတ်အထိ စောင့်ဆိုင်းစေခဲ့ပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်တို့ ကျန်အသင်းတွေထက် တစ်ပွဲလျော့ ကစားထားပြီး ထိပ်ဆုံးက မန်စီးတီးနဲ့ ၁၀ မှတ်ကွာဟနေပါတယ်။ ယူနိုက်တက်တို့ လက်စတာကို ရှုံးနိမ့်ခဲ့မယ် ဆိုရင် မန်ချက်စတာစီးတီး ဟာ အခုပွဲအပြီးမှာတင် ချက်ချင်း ချန်ပီယံ ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆိုးလ်ရှားရဲ့ အသင်းက ဒီပွဲကို ကျိန်းသေပေါက် အားစိုက်ကစားလာဦးမှာ ဖြစ်ပြီး ခါးသီးတဲ့ မြို့ခံပြိုင်ဘက်ကို လွယ်လွယ်နဲ့တော့ အလျှော့ပေးမှာ မဟုတ်တာ သေချာပါတယ်။ လက်ရှိ ယူနိုက်တက်တို့ရဲ့ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီး နောက်ပိုင်း ပထမဦးဆုံး အကြိမ်အဖြစ် အကောင်းဆုံး ခြေစွမ်းပြန်ရနေပြီး ဘယ်ပြိုင်ဘက်မဆို သတိထားရမယ့် အသင်းတစ်သင်း အဆင့်အတန်းမှာရှိနေတာ တွေ့ရပါတယ်။ တိုက်စစ်က အန်တိုနီမာစီရယ် ဒဏ်ရာရနေတဲ့ အချိန်မှာ အက်ဒင်ဆန် ကာဗာနီရဲ့ ကစားသမား နေဝင်ချိန် ရောက်မှ တောက်ပပြနေတဲ့ ခြေစွမ်းကြောင့် ယူနိုက်တက်တို့ တိုက်စစ်က တော်တော်လေးကို ထက်မြတ်နေခဲ့ပါတယ်။ ဖာနန်ဒက်စ်၊ ပေါ့ဘာ၊ ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ် တို့ကလည်း ပြိုင်ဘက် နောက်တန်းကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ပြီး အဆုံးသတ် သေချာမှုတွေနဲ့ အနိုင်ယူထားတာ တွေ့ရပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၁၄ ဂိုး အထိ သွင်းယူထားနိုင်တဲ့ ယူနိုက်တက် တို့ရဲ့ တိုက်စစ်က အားရစရာ ကောင်းနေသလို ခံစစ်ပိုင်း ကလည်း လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ ရှော၊ ဝမ်ဘစ်ဆာခါ တို့နဲ့ ကျစ်ကျစ်လျစ် တည်ဆောက်ထားနိုင်လို့ ဆိုးလ်ရှားရဲ့ အသင်းက ရလဒ်ကောင်းတွေ ဆက်တိုက် ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ ဒဏ်ရာရသွားတဲ့ မက်ဂွိုင်းယား ကြောင့် ခံစစ်က အနည်းငယ် အားနည်းလာနိုင်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၅ နေရာက ဝက်စ်ဟမ်းနဲ့ ၅ မှတ်၊ အဆင့် ၆ နေရာက တစ်ပွဲလျော့ကစားထားတဲ့ လစ်ဗာပူးလ်နဲ့ ၆ မှတ်သာ ကွာဟတဲ့ အပြင် ယူနိုက်တက်၊ ချဲလ်ဆီး၊ စပါးတို့နဲ့ ကစားရမယ့် လက်ကျန်ပွဲတွေက လက်စတာ တို့အတွက် အိမ်မက်ဆိုးတွေ ဖြစ်လာနိုင်ပါတယ်။
ပရီးမီးယားလိဂ် ရာသီကုန်ခါနီးတိုင်း ရုန်းကန်ရလေ့ရှိတဲ့ လက်စတာစီးတီး

လက်စတာစီးတီးတို့ မှတ်မှတ်ရရ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အစောပိုင်းမှာ တောက်လျောက် ဦးဆောင်လာခဲ့ပြီးမှ ရာသီကုန်ခါနီး ခြေချော်မှုတွေအပြင် ယူနိုက်တက်ကို ရှုံးနိမ့်ပြီး ယူရိုပါလိဂ်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ သာဓကရှိခဲ့ဖူးပါတယ်။ အခုလည်း လက်စတာတို့ မနှစ်ကနဲ့ ပုံစံတူ အခြေအနေကို ရင်ဆိုင်နေရပြီး ဆောက်သမ်တန်ကို တစ်ယောက်အသာနဲ့ ကစားပြီး သရေကျခဲ့သလို၊ ပြီးခဲ့တဲ့ ပွဲမှာဆိုရင် တန်းမဆင်းရရေး အသည်းအသန် ရုန်းနေတဲ့ နယူးကာဆယ်ကို ဂိုးပြတ်ရှုံးခဲ့တာကြောင့် ချဲလ်ဆီးရဲ့ ကျော်တက်တာ ခံခဲ့ရပါတယ်။ ဒါတောင် ဝက်စ်ဟမ်းတို့ နိုင်ပွဲပျောက်ခဲ့လို့သာ ကံကောင်းခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၅ နေရာက ဝက်စ်ဟမ်းနဲ့ ၅ မှတ်၊ အဆင့် ၆ နေရာက တစ်ပွဲလျော့ကစားထားတဲ့ လစ်ဗာပူးလ်နဲ့ ၆ မှတ်သာ ကွာဟတဲ့ အပြင် ယူနိုက်တက်၊ ချဲလ်ဆီး၊ စပါးတို့နဲ့ ကစားရမယ့် လက်ကျန်ပွဲတွေက လက်စတာ တို့အတွက် အိမ်မက်ဆိုးတွေ ဖြစ်လာနိုင်ပါတယ်။ အဓိက နောက်ခံလူ ဂျွန်နီ အီဗန့်စ် ဒဏ်ရာရသွားခဲ့လို့ ဆွိုင်ယွန်ချူး၊ ဖိုဖာနာနဲ့ ကတ်စတန်နီ တို့နဲ့ ၃ ဦး ခံစစ်ကို အသုံးပြုနေရတဲ့ လက်စတာတို့ ပြီးခဲ့တဲ့ ပွဲတုန်းကလို ကစားသမားတွေ အမှားမများပါစေနဲ့ လို့ပဲ နည်းပြ ဘရန်ဒန် ရော်ဂျာ တစ်ယောက် ဆုတောင်းနေရမှာ သေချာပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လက်စတာစီးတီးတို့ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစလို့ ပြိုင်ပွဲအရပ်ရပ်မှာ ၁၅ ကြိမ် ထိပ်တိုက်တွေ့ဆုံထားခဲ့ပြီး ယူနိုက်တက်က ၉ ကြိမ် အထိ အနိုင်ရထားခဲ့ပါတယ်။ လက်စတာစီးတီးတို့ ၂၀၁၄ ခုနှစ်မှာ တစ်ကြိမ်၊ ပြီးခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်တုန်းက တစ်ကြိမ် အနိုင်ရခဲ့ပြီးတော့ သရေပွဲကတော့ ၄ ပွဲ ရှိထားပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်