နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗိုလ်လုပွဲနီးမှ မော်ရင်ဟိုကို ရက်ရက်စက်စက် ထုတ်ပယ်ခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ်ရဲ့ လုပ်ရပ် မှန်ကန်ရဲ့လား?

တော့တင်ဟမ်ဟော့စပါး ကတော့ သူတို့ အသင်းရဲ့ နည်းပြ ဂျိုဆေး မော်ရင်ဟိုကို ရာထူးကနေ  ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။ မော်ရင်ဟို အနေနဲ့ မန်ချက်စတာစီးတီးနဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲ မကစားမီ ၆ ရက် အလိုမှာ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပြီးတော့ သူ့ရဲ့နေရာမှာတော့ လိုက်ပ်ဇစ် အသင်းရဲ့ လူငယ်နည်းပြ ဂျူလီယန်နေဂဲလ်စ်မန်း နဲ့ အစားထိုးဖို့ ပရီးမီးယားလိဂ် ကလပ် ဘက်က ပြင်ဆင်နေတယ်လို့ နာမည်ကြီး  ဗြိတိန်မီဒီယာတွေမှာ ဖော်ပြနေပါတယ်။

သတင်းတွေအရတော့ မော်ရင်ဟို အနေနဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့်မှာ  ဒိုင်နမိုဇာဂရက်ဘ်လို အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခဲ့ရတာ အပြင် ရာသီ အကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ မဖြစ်နိုင်သလောက် ရှိသွားခဲ့လို့ အသင်းဘက်က အခုလိုပဲ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အသက် ၅၈ နှစ် အရွယ်ရှိ ပေါ်တူဂီလူမျိုး နည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ကမှ မော်ရီစီယို ပိုချက်တီနိုရဲ့ နေရာမှာ အစားထိုး ခန့်အပ်ခံခဲ့ရတာ ဖြစ်ပေမယ့် ပရီးမီးယားလိဂ် ၂ ရာသီ မပြည့်ခင်မှာပဲ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။ မော်ရင်ဟို ဟာ ပြီးခဲ့တဲ့ ရာသီက တော့တင်ဟမ်ဟော့စပါးကို အဆင့် ၆ နေရာရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ယူရိုပါလိဂ် ဝင်ခွင့်လည်း ယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်မှာတော့ သူ့ရဲ့ နည်းပြသက်တမ်း တစ်လျှောက် တစ်ရာသီတည်း လိဂ် ရှုံးပွဲ ၁၀ ပွဲအထိ ရှိသွားခဲ့တဲ့ အပြင် စပါး အနေနဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာကြောင့် အခုလိုပဲ ကောက်ခါငင်ခါ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် တစ်ချိန်က စပယ်ရှယ်ဝမ်းကြီး မော်ရင်ဟို ကတော့ ဘယ်အသင်းရောက်ရောက် ဆုဖလား ယူနိုင်တယ်ဆိုတဲ့ စံချိန်လေးတောင် ထိန်းသိမ်းခွင့် ရမသွားခဲ့ပါဘူး။

ကလပ်အသင်းရဲ့ တရားဝင်ထုတ်ပြန်ချက် မှာတော့ ဂျိုဆေး မော်ရင်ဟိုနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျာအို ဆာခရာမန်တို၊ နူနိုဆန်းတို့စ်၊ ကားလို့စ် လာလင်း၊ ဂျီယိုဗန်နီ ကာရာတို့ကို ဒီနေ့ကစပြီး တာဝန်ကနေ ရပ်ဆဲလိုက်ပြီ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဥက္ကဌ ဖြစ်တဲ့ ဒန်နီရယ် လီဗိုင်းကတော့ “ကလပ်တစ်ခု အနေနဲ့ အခက်အခဲဆုံး အချိန်တွေကို ရောက်နေချိန်မှာ ဂျိုဆေးနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ကျွန်တော်တို့နဲ့ အတူတူ ရှိခဲ့ပါတယ်။ ဂျိုဆေးဟာ ပရော်ရှင်နယ် ပီသတဲ့သူ တစ်ယောက်ဖြစ်ပြီး ကပ်ဘေးဆိုက်နေတဲ့ အချိန်မှာတောင် အကောင်းဆုံး တောင့်ခံပြနိုင်ခဲ့ ပါတယ်။ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်အရ ဆိုရင် သူနဲ့ အလုပ်တွဲလုပ်ရတာ ကျေနပ်ပျော်ရွှင်မိပေမယ့် အရာရာတိုင်းဟာ မျှော်လင့်ထားသလို ဖြစ်မလာတာကြောင့် စိတ်မကောင်းဖြစ်မိတယ်”လို့ ဆိုပါတယ်။ အဲ့နောက်မှာတော့ ဂျိုဆေးမော်ရင်ဟို ကို ကလပ်အသင်းဘက်က အမြဲတမ်း ကြိုဆိုကြောင်း သူနဲ့သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း ကျေးဇူတင်ပါကြောင်း လီဗိုင်းက ဆက်ပြောပါတယ်။

ဒါပေမယ့်လည်း ဒီနှစ်မှာတော့ သူ့ရဲ့ နည်းပြသက်တမ်း တစ်လျှောက် တစ်ရာသီတည်း လိဂ် ရှုံးပွဲ ၁၀ ပွဲအထိ ရှိသွားခဲ့တဲ့ အပြင် စပါး အနေနဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာကြောင့် အခုလိုပဲ ကောက်ခါငင်ခါ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်နိုင်ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ စပါး

လက်တလော လစ်လပ်သွားတဲ့ မော်ရင်ဟိုရဲ့ နေရာမှာတော့ ခရစ္စပိုဝဲလ်နဲ့ ရွိုင်ယန်မေဆန်တို့ကို ရာသီကုန်အထိ တာဝန်ပေးအပ်သွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ ကလပ်အသင်းရဲ့ ထုတ်ပြန်ချက် မှာတော့ တော့တင်ဟမ် ဟော့စပါးနဲ့ ဟူးလ်စီးတီး ကွင်းလယ်ကစားသမားဟောင်း  ဖြစ်သူ ရွိုင်ယန်မေဆန် အနေနဲ့ ဒီကနေ့မှာ ပြုလုပ်မယ့် အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို စတင်ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း မော်ရင်ဟိုရဲ့ နေရာမှာ ရေရှည်အစားထိုးနိုင်မယ့် နာမည်ကြီး နည်းပြတစ်ဦး ခေါ်ယူဖို့ ကလပ်အသင်း ဘက်က စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ စပါးတို့ ပစ်မှတ်ထားနေတဲ့ နည်းပြတွေထဲမှာမှ ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် အာဘီလိုက်ပ်ဇစ်ကို အချိန်တိုတွင်း ထိပ်တန်း အသင်းတစ်သင်း ဖြစ်လာစေခဲ့သူ ဂျူလီယန် နေဂဲလ်စ်မန်းကိုတော့ ထိပ်ဆုံးက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ကမ္ဘာ့ဘောလုံးလောကမှာ အရည်အချင်းအရှိဆုံး လူငယ်နည်းပြ တစ်ဦးဖြစ်တဲ့ နေဂဲလ်စ်မန်းကိုတော့ စပါးတို့ ကာလရှည်ကြာ စိတ်ဝင်စားခဲ့ဖူးပြီး ၂၀၁၉ ခုနှစ် ပိုချက်တီနို ကို ထုတ်ပယ်လိုက်ချိန်မှာ ခေါ်ယူဖို့ စဉ်းစားခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒါပေမယ့် လိုက်ပ်ဇစ် ဘက်ကတော့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၇ သန်းမှ မရရင် ဂျူလီယန် နေဂဲလ်စ်မန်းကို အသင်းကနေ လုံးဝ ထွက်ခွာခွင့်ပြုမှာ မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားထားခဲ့ပါတယ်။

စပါးတို့ ပြီးခဲ့တဲ့ သောကြာနေ့က ကစားခဲ့တဲ့ အဲဗာတန်နဲ့ ကစားခဲ့တဲ့ပွဲမှာ ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ဟာလည်း ဝေဝါးသထက် ဝေဝါးသွားခဲ့ပြီး ဖြစ်ပါတယ်။ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက ဝက်စ်ဟမ်းနဲ့ ၅ မှတ် ကွာဟနေတဲ့ စပါးတို့ဟာ လာမယ့် ၆ ရက်အတွင်း အဓိက ပြိုင်ပွဲကြီး တစ်ခုရဲ့ ဗိုလ်လုပွဲစဉ် ကစားဖို့လည်း ရှိနေပါတယ်။ ဒီလို အချိန်မှာ နည်းပြ မော်ရင်ဟို ကို အလျင်စလို ထုတ်ပယ်လိုက်ခြင်းဟာ တော့တင်ဟမ်ဟော့စပါးအတွက် မှန်ကန်တဲ့ ကိစ္စ ဟုတ်ရဲ့လားဆိုတာ ကတော့ လာမယ့် ခရာဘောင်ဖလား ဗိုလ်လုပွဲက အဖြေထုတ်ပေးပါလိမ့်မယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်