နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖလား ကိုင်မြှောက်ဖို့ ထိုင်စောင့်နေတဲ့ မန်ချက်စတာစီးတီး – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ခရစ္စတယ်ပဲလေ့စ် ၀ – ၂ မန်ချက်စတာစီးတီး

ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ မန်ချက်စတာစီးတီးတို့ ခရစ္စတယ်ပဲလေ့စ်ကို ၀-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဒုတိယနေရာက အသင်းထက် ၁ ပွဲပို ကစားပြီး ၁၃ မှတ်ဖြတ်ထားနိုင်ပြီ ဖြစ်တာကြောင့် လာမယ့်နာရီပိုင်းအတွင်း ကစားမယ့် ယူနိုက်တက်နဲ့ လစ်ဗာပူးလ် ပွဲအဖြေပေါ် မူတည်ပြီး ချန်ပီယံဆုကို ကိုင်မြှောက်နိုင်မယ့် အခြေအနေကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

မန်ချက်စတာစီးတီးတို့ အခုပွဲပြီးရင် ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ဆက်ကစားဖို့ ရှိလို့ အဓိကကစားသမားတွေကို အနားပေးခဲ့ပြီး တိုက်စစ်မှာ ကန်အဂွဲရိုးနဲ့ ဂါဘရီရယ်ဂျီဆုစ် ကွင်းလယ်မှာ ရိုဒရီ၊ ဖာနန်ဒင်ဟို၊ တောင်ပံနေရာမှာ စတာလင်နဲ့ ဖာရန်းတောရက်စ်၊ နောက်တန်းမှာတော့ အေခီ၊ လာပေါ့တ်၊ မန်ဒီ၊ ကန်ဆယ်လို၊ ဂိုးမှာတော့ အီဒါဆင်နဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။ ခရစ္ဏတယ်ပဲလေ့စ် ဘက်မှာတော့  ထုံးစံအတိုင်း တိုက်စစ်မှာ ဇာဟာ၊ တောင်ဆန်၊ ဘန်တီကီတို့ကို တွဲဖက်ပေးခဲ့ပြီး အီးဇီး၊ မီလီဗိုဂျီဗစ်၊ ကိုယာတေး တို့လို အမာခံကစားသမားတွေနဲ့ပဲ ပွဲထွက်လာပါတယ်။

ဒီနေ့ပွဲမှာ တစ်ဂိုး သွင်းပေးခဲ့တဲ့ အဂွဲရိုးအနေနဲ့ မန်ချက်စတာစီးတီးမှာ ၁၀ စုနှစ် တစ်ခုအကြာ ဖြတ်သန်းပြီး ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံအရပ်ရပ်မှာ စုစုပေါင်း ၂၅၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးနဲ့အတူ ၅ ကြိမ်မြောက် ပရီးမီးယားလိဂ် ဖလား ကိုင်မြှောက်ခွင့်ရတော့မယ့် ဆာဂျီယို အဂွဲရိုး

ဒီနေ့ပွဲမှာ အိမ်ရှင် ပဲလေ့စ် အသင်းရဲ့ မာကျောတဲ့ ကစားဟန်ကြောင့် အစောပိုင်း ပွဲကစားချိန်တွေမှာ မန်စီးတီးတို့ ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ တိုက်စစ်က ဂျီဆုစ်နဲ့ တောင်ပံက စတာလင်တို့ရဲ့ အားနည်းမှုတွေ ကလည်း ပထမပိုင်း တစ်ပိုင်းလုံး မန်စီးတီးတို့ ဂိုးမရခြင်းရဲ့ အဓိက အကြောင်းရင်း ဖြစ်ခဲ့ပါတယ်။ တစ်ဖက်သတ် အသာစီးရယူ ကစားနေခဲ့တဲ့ မန်ချက်စတာစီးတီးတို့ ဒုတိယပိုင်း ၅၇ မိနစ် မှာတော့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး မန်ဒီရဲ့ ပေးပို့မှုကနေ အဂွဲရိုးက အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၂ မိနစ်အကြာမှာ စီးတီးတို့ ဒုတိယဂိုး ထပ်မံရရှိသွားခဲ့ပြီး ဒီဂိုးကိုတော့ ဖာရန်းတောရက်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာ မန်ချက်စတာစီးတီးတို့ အင်အားချွေတာခဲ့ပြီး ပွဲကို ထိန်းချုပ် ကစားသွားခဲ့လို့ ၀-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ မန်ချက်စတာစီးတီးတို့ အနိုင်ရသွားခဲ့ပေမယ့် တကယ်တမ်း ခြေကုန်ထုတ် မကစားခဲ့ပါဘူး။ အဂွဲရိုး၊ ဖာရန်းတောရက်စ်တို့ရဲ့ အဆုံးသတ် စွမ်းဆောင်ရည်တွေကပဲ မန်ချက်စတာစီးတီးတို့ကို ဂိုးပြတ်နိုင်ပွဲ ရသွားစေတာ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ် တို့ အနေနဲ့လည်း အကောင်းဆုံးပုံစံနဲ့ ရင်ဆိုင်ခဲ့ပေမယ့် ပြိုင်ဘက်က မန်ချက်စတာစီးတီး ဖြစ်နေတဲ့ အတွက် အားမတန်လို့ မာန်လျှော့ခဲ့ရတာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ တစ်ဂိုး သွင်းပေးခဲ့တဲ့ အဂွဲရိုးအနေနဲ့ မန်ချက်စတာစီးတီးမှာ ၁၀ စုနှစ် တစ်ခုအကြာ ဖြတ်သန်းပြီး ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံအရပ်ရပ်မှာ စုစုပေါင်း ၂၅၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုနိုင်ပွဲကြောင့် မန်ချက်စတာစီးတီးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၁၃ မှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ယူနိုက်တက်သာ လစ်ဗာပူးလ်ကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် နာရီပိုင်းအတွင်း ကျိန်းသေပေါက် ချန်ပီယံဖြစ်သွားမယ့် အခြေအနေမှာ ရှိနေပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲတွေ့သွားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် ကတော့ ရမှတ် မလိုအပ်တော့လို့ အခုပွဲရှုံးပွဲဟာ သူတို့အတွက် သက်ရောက်မှုတော့ မရှိခဲ့ပါဘူး။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ခရစ္စတယ်ပဲလေ့စ်တို့ လာမယ့် မေလ ၈ ရက်နေ့မှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပြီး မန်ချက်စတာစီးတီး ကတော့ ကြားရက်မှာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကစားပြီး စနေနေ့မှာတော့ ချဲလ်ဆီးနဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်