ဥရောပအမှတ်ပေး ဘောလုံးပြိုင်ပွဲတွေရဲ့ ရာသီသိမ်းချိန် နီးကပ်လာတာနဲ့အမျှ ဘယ်အသင်းတွေ ချန်ပီယံဖြစ်မလဲ။ ဘယ်အသင်းတွေက ဥရောပပြိုင်ပွဲ ဝင်ခွင့်တွေ ရသွားကြမလဲဆိုတဲ့ ကိစ္စတွေအပြင် ဘယ်အသင်းတွေက တန်းဆင်းပြီး ဘယ်အသင်းတွေက တန်းတက်လာကြမလဲ ဆိုတာတွေဟာ ဘောလုံးပရိသတ်တွေ တော်တော်များများ စိတ်ဝင်စားတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အဲ့ဒီထဲကမှ ပရီးမီးယားလိဂ်ရဲ့ တန်းဆင်း၊ တန်းတက် အသင်းတွေ အကြောင်းကိုတော့ ပရိသတ်တွေကို ပိုပြီး စိတ်ဝင်စားလေ့ရှိတယ် ဆိုတာ အားလုံးလည်း သိကြပြီး ဖြစ်မှာပါ။
ဘယ်အသင်းတွေ တန်းဆင်းရမှာလဲ???
၂၀၂၀-၂၁ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး ပြီးဆုံးဖို့ ၆ ပွဲသာ လိုတော့တဲ့ အချိန်မှာ တန်းဆင်းရဖို့ သေချာသွားတဲ့ အသင်း ကတော့ ဓားသွားနှစ်လက်နဲ့ ရှက်ဖီးလ်ယူနိုက်တက် ဖြစ်ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်ဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ ၃၂ ပွဲကစားပြီး ၄ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂၆ ပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့် ရမှတ် ၁၄ မှတ်နဲ့ ရာသီကုန်ဖို့ ၆ ပွဲလိုသေးတဲ့ အချိန်မှာ တန်းဆင်းခဲ့ရတာလည်း ဖြစ်ပါတယ်။ အခုနောက်ဆုံး ဝုဗ်နဲ့ပွဲမှာ တတ်နိုင်သမျှ အားစိုက်ကစားခဲ့ပေမယ့် ပြိုင်ဘက် တိုက်စစ်မှူး ဂျိုဆေးရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ထပ်မံရှုံးနိမ့်သွားခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တွေကို အံ့အားသင့်စရာတွေ လုပ်ပြခဲ့ဖူးတဲ့ ရှက်ဖီးလ်ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ်မှာ နှစ်ရာသီအကြာ ကစားပြီး စိတ်မကောင်းစွာနဲ့ပဲ လက်ပြ နှုတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။
အဲ့နောက်မှာတော့ ရှက်ဖီးလ်ယူနိုက်တက် နဲ့အတူ ချန်ပီယံရှစ်ကို လိုက်သွားမှာက ဘယ်အသင်းတွေ ဖြစ်မလဲ ဆိုတဲ့ အကြောင်းအရာကလည်း စိတ်ဝင်စားစရာပါပဲ။ တန်းဆင်းရမယ့် နေရာ ၃ နေရာမှာ ရှက်ဖီးလ်ယူနိုက်တက်က ၁ နေရာ သေချာသွားခဲ့ပြီ ဖြစ်ပေမယ့် အဆင့် ၁၈ နဲ့ ၁၉ နေရာ ကနေ ရာသီသိမ်းမယ့် အသင်းတွေက ဘယ်အသင်းတွေ ဖြစ်လာမလဲ ဆိုတာတော့ အခုအချိန်အထိ အဖြေမပေါ်သေးပါဘူး။ လက်ရှိ အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ အသင်းက ဝက်စ်ဘရွန်း ဖြစ်ပြီး အဆင့် ၁၈ နေရာမှာ ကတော့ ဖူလ်ဟမ် ရှိနေပါတယ်။ အဆင့် ၁၇ နေရာက ဘန်လေ ကတော့ တန်းမဆင်းရဖို့ မသေချာသေးဘူး ဆိုပေမယ့် ဖူလ်ဟမ်ကို ၇ မှတ်အထိ ဖြတ်ထားနိုင်တာ တွေ့ရပါတယ်။ ဘန်လေနဲ့ ရမှတ်တူ ဘရိုက်တန် ကလည်း တန်းဆင်းဇုန် အန္တရာယ်ရှိနေတာ ဖြစ်ပါတယ်။ နိုင်ပွဲတွေ ဆက်နေတဲ့ နယူးကာဆယ် ကတော့ တန်းဆင်းဇုန်နဲ့ ၉ မှတ်အကွာ အဆင့် ၁၅ နေရာအထိ ပြန်ရောက်သွားလို့ ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်ဖို့ အခြေအနေကောင်းနေပါတယ်။ ဝက်စ်ဘရွန်း၊ ဘန်လေနဲ့ ဘရိုက်တန် တို့ကတော့ ၇ ပွဲကစားဖို့ ကျန်နေသေးပေမယ့် ဖူလ်ဟမ် ကတော့ ကစားဖို့ ၆ ပွဲ ကျန်နေသေးတာကြောင့် တန်းဆင်းရမယ့် ရာခိုင်နှုန်းပိုများနေခဲ့တာ ဖြစ်ပါတယ်။ တစ်ချက်ရှိတာက ဘရိုက်တန်၊ ဘန်လေ၊ ဝက်စ်ဘရွန်း၊ ဖူလ်ဟမ်တို့ အားလုံးဟာ လက်ကျန်ပွဲစဉ်တွေမှာ ချဲလ်ဆီး၊ ယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ လစ်ဗာပူးလ်၊ လက်စတာစီးတီး တို့လို အသင်းကြီးတွေနဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။
ဘယ်အသင်းတွေ တန်းပြန်တက်လာမှာလဲ???
ချန်ပီယံရှစ် ရာသီမကုန်ခင် ပရီးမီးယားလိဂ် ကို တန်းပြန်တက်ခွင့်ရခဲ့တဲ့ အသင်းကတော့ နော့ဝစ်ချ်ပဲ ဖြစ်ပါတယ်။ စာဝါငှက်လေးတွေ အနေနဲ့ မနှစ်ကမှ တန်းဆင်းသွားခဲ့ရပေမယ့် တစ်ရာသီအကြာမှာ ပြန်ပြီး တန်းတက်လာနိုင်တာဟာ တကယ့်ကို ချီးကျူးစရာဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံရှစ်မှာ ၄၂ ပွဲကစားပြီး ရမှတ် ၉၀ နဲ့ ထိပ်ဆုံးက ဦးဆောင်နေတဲ့ နော့ဝစ်ချ်တို့ နော်ဝစ်ချ်ဟာ မနေ့ညက ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲမှာ ၁-၃ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အဲ့ဒီပွဲ မတိုင်ခင် ဘရန့်ဖို့ဒ် ဆွမ်ဆီး တို့ဟာ နိုင်ပွဲကိုယ်စီ ပျောက်ဆုံးခဲ့တာကြောင့် စာဝါလေးတွေဟာ ရာသီမကုန်ခင် တန်းတက်ခွင့် လက်မှတ်ကို အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယနေရာက ဝက်ဖို့ဒ်ကို ၈ မှတ်အထိ ဖြတ်ထားနိုင်တာကြောင့် နော့ဝစ်ချ်တို့ လက်ကျန် ၄ ပွဲမှာ ၂ ပွဲနိုင်ရုံနဲ့ ချန်ပီယံရှစ် ဆုဖလားကို ရရှိဦးမှာ ဖြစ်ပါတယ်။
ဒုတိယနေရာက ဝက်ဖို့ဒ်ကတော့ ၈၂ မှတ် ရရှိထားပြီး သူလည်းပဲ နော့ဝစ်ချ်လို ပရီးမီးယားလိဂ် ဆီ တိုက်ရိုက် တန်းတက်ခွင့်ရဖို့ အကောင်းဆုံး အခြေအနေတစ်ခု ပိုင်ဆိုင်ထားတဲ့ အသင်းပါ။ ဒါပေမယ့် လက်ကျန် ပွဲစဉ် ၄ ပွဲမှာ နော့ဝစ်ချ်၊ ဘရန့်ဖို့ဒ်၊ ဆွမ်ဆီးတို့နဲ့ ကစားရဦးမှာ ဖြစ်လို့ ခြေချော်ခဲ့ရင် ပလေးအော့ဖ် ဆိုတဲ့ အဆင့်ကို ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေ အရတော့ နော့ဝစ်ချ်နဲ့ ဝက်ဖို့ဒ်ပြီးရင် ပရီးမီးယားလိဂ် ကို တန်းတက်ဖို့ မျှော်လင့်နိုင်တဲ့ အသင်း ၅ သင်းအထိ ရှိနေပြီး ဆွမ်ဆီး၊ ဘရန့်ဖို့ဒ်၊ ဘုန်းမောက်၊ ဘန်စလေနဲ့ ရီးဒင်းတို့ ဖြစ်ပါတယ်။
နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အထိ…
သေချာတာ တစ်ခုကတော့ အသင်းပေါင်း ၁၀ သင်း လောက်ဟာ ပရီးမီးယားလိဂ် တန်းဆင်း/တန်းတက် တိုက်ပွဲ ခေါင်းစဉ် အောက်မှာ မျှော်လင့်ချက် ကိုယ်စီအတွက် နောက်ဆုံးမိနစ်၊ နောက်ဆုံး စက္ကန့်အထိ ရေကုန်ရေခမ်း တိုက်ပွဲ ဝင်ကြရဦးမယ် ဆိုတာပါပဲ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.