နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စိန့်ဂျိမ်းစ်ပါ့ခ်မှာ တပ်ပျက်နေတဲ့ နယူးကာဆယ်ကို အနိုင်ယူမယ့် အဖြူရောင်တပ်သားများ – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

နယူးကာဆယ်ယူနိုက်တက် vs လိဒ်စ်ယူနိုက်တက်

အခုတစ်ပတ်ကြားရက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်ကစားဖို့ရှိနေပြီး အစောဆုံး ပွဲစဉ်တစ်ပွဲ အဖြစ် နယူးကာဆယ်ယူနိုက်တက်နဲ့ လိဒ်စ်ယူနိုက်တက်တို့ရဲ့ ပွဲရှိနေပါတယ်။ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အလယ်မှာ ရပ်တည်နေတဲ့ လိဒ်စ်ယူနိုက်တက်တို့ တန်းဆင်းဇုံ ဖိအားရှိနေတဲ့ နယူးကာဆယ်နဲ့ ထိပ်တိုက်တွေ့ဆုံနေတာကြောင့် အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။

နယူးကာဆယ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး ပရီးမီးယားလိဂ် မှာလည်း နိုင်ပွဲဝေးနေတာ ၈ ပွဲအထိ ရှိလာခဲ့ပါပြီ။ ဒီကြားထဲ ကစားခဲ့တဲ့ လိဂ်ဖလားနဲ့ အက်ဖ်အေဖလား ပွဲစဉ်တွေမှာ တောက်လျောက် ရှုံးပွဲတွေ့ခဲ့လို့ လက်ရှိမှာတော့ ပြိုင်ပွဲအားလုံးကို လက်ပြနှုတ်ဆက်ထားခဲ့ရပါပြီ။ နည်းပြ စတိဗ်ဘရုစ်ရဲ့ အသင်းက လက်တလောမှာ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းနေရုံမကပဲ အသင်းရဲ့ ဟန်ချက်ပျက်နေလို့ နိုင်ပွဲတွေနဲ့ ဝေးနေခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ ၁၉ ပွဲကစား၊ ၅ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁၀ ပွဲအထိ ရှုံးနိမ့်ထားပြီး ရှုံးပွဲအများဆုံးနဲ့ ပေးဂိုး အများဆုံး အသင်းတွေထဲမှာ တစ်သင်း အပါအဝင် ဖြစ်နေပါတယ်။ အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေခဲ့ပြီး တန်းဆင်းဇုံ အထက်မှာ ၇ မှတ်အကွာနဲ့ ရပ်တည်နေခဲ့လို့ ရာသီအကုန်မှာ တန်းမဆင်းရရေးတောင် ရုံးကန်ရမယ့် အခြေအနေဖြစ်ပါတယ်။ ကလက်ခ်၊ ရက်ဒ်လင်း၊ ဖာနန်ဒက်စ်၊ ဒမ်မက်တ် တို့ ဒဏ်ရာရနေလို့ အခုပွဲမှာလည်း ပါဝင်လာနိုင်ဖို့တော့ မရှိပါဘူး။

 
လိဒ်စ်ယူနိုက်တက်တို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲဆက် ရှုံးပွဲတွေ့ထားပြီး အက်ဖ်အေဖလားမှာလည်း အောက်တန်းကလပ် ခရော်လီတောင်း ကိုတောင် ဂိုးပြတ် ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ထားခဲ့ရပါတယ်။ လက်ရှိ လိဒ်စ်ယူနိုက်တက်ရဲ့ ကစားပုံက တစ်ပွဲဆိုတစ်ပွဲ အားကုန်ရုန်းပြီး ကစားလေ့ရှိတာကြောင့် ကစားသမားတွေအနေနဲ့ ပွဲပန်းတဲ့ဒဏ် ခံနေရပြီး နိုင်ပွဲရသင့်တဲ့ ပွဲတွေမှာတောင် ဂိုးပြတ်တွေ ရှုံးနေပါတယ်။ နောက်ပြီး ကစားတဲ့ဟန်ကို ကြည့်မယ်ဆိုရင် တိုက်စစ်ကို အလွန်အကျွံ ဖွင့်ကစားတာကြောင့် ခံစစ်ပေါက်ပြီး သွင်းဂိုးထက် ပေးဂိုးတောင် ပိုများနေတဲ့ အခြေအနေဖြစ်ပါတယ်။ တစ်ချက်ရှိတာက လိဒ်စ်တို့ ပွဲဝေးနေလို့ ကစားသမားတွေ အနားရနေနိုင်ပါတယ်။ လက်တလော လိဒ်စ်ယူနိုက်တက်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေပြီး အထက်က အသင်းတွေနဲ့ ရမှတ် သိပ်မကွာသလို တန်းဆင်းဇုံ ဖိအားလည်း ကင်းနေပါတယ်။ လိဒ်စ်ယူနိုက်တက်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၉ ပွဲကစားရာမှာ ၄ ပွဲနိုင်ပြီး ၅ ပွဲရှုံးထားပါတယ်။

နယူးကာဆယ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး ပရီးမီးယားလိဂ် မှာလည်း နိုင်ပွဲဝေးနေတာ ၈ ပွဲအထိ ရှိလာခဲ့ပါပြီ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေတဲ့ နယူးကာဆယ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နယူးကာဆယ်နဲ့ လိဒ်စ်ယူနိုက်တက်ရဲ့ ထိပ်တိုက်တွေ့ဆုံခဲ့မှုကို ပြန်ကြည့်ရင်တော့ တစ်သင်းနဲ့ တစ်သင်း အသာစီးမရခဲ့တာ တွေ့ရပါတယ်။ နယူးကာဆယ်တို့ ၃၉ ကြိမ် အနိုင်ရပြီး လိဒ်စ်ကတော့ ၃၈ ကြိမ် အနိုင်ရထားကာ သရေပွဲကတော့ ၁၈ ပွဲရှိထားပါတယ်။ ဒီရာသီအတွက် ပရီးမီယားလိဂ် ပထမအကျော့ မှာတော့ လိဒ်စ်ယူနိုက်တက်က ၅-၂ နဲ့ အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
နယူးကာဆယ်ယူနိုက်တက် vs လိဒ်စ်ယူနိုက်တက် 1X2 လိဒ်စ်ယူနိုက်တက် @ 1.96
ဇန်နဝါရီလ ၂၇ ရက်, ည ၁၂:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၃.၇၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၃.၈၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၁.၉၀ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ နှစ်သင်းစလုံး ခြေစွမ်း မတည်ငြိမ်ပေမယ့် နယူးကာဆယ် ကတော့ ပိုဆိုးတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ကစားသမား စုဖွဲ့မှုအရလည်း လက်တလောမှာ လိဒ်စ်ယူနိုက်တက်တို့ ပိုပြီးသာနေလို့ ဧည့်သည်အသင်းဘက်မှာပဲ မျက်စိစုံမှိတ် ရပ်တည်လိုက်ချင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်