မန်ချက်စတာစီးတီး vs အက်စတွန်ဗီလာ
အခုတစ်ပတ် ကြားရက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ ရဲ့ ပွဲကျန်တွေ ဆက်လက်ကစားဖို့ပြီး မန်ချက်စတာစီးတီးနဲ့ အက်စတွန်ဗီလာတို့ရဲ့ ပွဲစဉ်ကလည်း ပရိသတ်ကို စိတ်ဝင်စားမှု အပြည့်အဝ ပေးနိုင်ဦးမှာ သေချာပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ ခြေပြန်တက်နေတဲ့ မန်ချက်စတာစီးတီးတို့ ထိပ်ဆုံးက ယူနိုက်တက်ကို အမှီလိုက်ဖို့ အခုပွဲမှာ အားထည့်ကစားလာနိုင်ပြီး ဧည့်သည် အက်စတွန်ဗီလာတို့ကလည်း ခြေစွမ်းရော စိတ်ဓာတ်ပိုင်းမှာပါ အတက်ဘက်ရောက်နေလို့ ပြိုင်ဆိုင်မှု ပြင်းထန်လာဖို့တော့ ရှိနေပါတယ်။
မန်ချက်စတာစီးတီးတို့ ပရီးမီးယားလိဂ် အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲဆက်တိုက် နိုင်ပွဲရထားပြီး အဘက်ဘက်က အကောင်းဆုံး ပုံစံမှာ ရှိနေပါတယ်။ တိုက်စစ်က စတာလင် ပုံမှန်ခြေစွမ်းပြန်မရသေးချိန်၊ အဂွဲရိုး၊ ဂါဘရီရယ် ဂျီဆုစ် တို့ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေရချိန်မှာ လူငယ်ကစားသမားလေး ဖေးလ်ဖိုဒန်၊ ဂန်ဒိုဂန်၊ ကီဗင်ဒီဘရိုင်းနားတို့ ခြေစွမ်းပြနေတာကြောင့် မန်ချက်စတာစီးတီးတို့ရဲ့ အသင်းလိုက်ကစားပုံ ပျက်မသွားတာ ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက မန်ချက်စတာယူနိုက်တက်နဲ့ ၂ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ တစ်ချက်ရှိတာက နောက်ပိုင်းကစားခဲ့တဲ့ ပွဲစဉ်တွေမှာ မန်ချက်စတာစီးတီးတို့ ချဲလ်ဆီး တစ်သင်းလောက်နဲ့ပဲ ပွဲကြပ်ကစားခဲ့ရပြီး ကျန်ပွဲတွေမှာတော့ အသင်းငယ်တွေကို အသာအယာ ကျော်ဖြတ်နိုင်ခဲ့တာ တွေ့ရပါတယ်။ မန်ချက်စတာစီးတီးတို့အနေနဲ့ ဒီရာသီ အိမ်ကွင်းစွမ်းဆောင်ရည် အကောင်းဆုံး အသင်းတွေထဲမှာ ပါဝင်နေပြီး ၉ ပွဲကစား၊ ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ထားပါတယ်။ အခုပွဲမှာတော့ လာပေါ့တ်၊ ဂါစီယာ၊ နေသန်အေခီ၊ အဂွဲရိုးတို့ ဒဏ်ရာပြသနာတွေကြောင့် ပါဝင်လာနိုင်ဖို့ မသေချာပါဘူး။
အက်စတွန်ဗီလာတို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ခြေစွမ်းတက်ရိပ်ပြန်ပြနေပြီး နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ မန်ချက်စတာယူနိုက်တက် တစ်သင်းတည်းကို ရှုံးနိမ့်ခဲ့ပါတယ်။ ဘန်လေနဲ့ချဲလ်ဆီးတို့ကို သရေကျခဲ့ပေမယ့် ဝက်စ်ဘရွန်း၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ ၃ ဂိုးပြတ်ရလဒ်တွေနဲ့ အနိုင်ရခဲ့တာကို ကြည့်ခြင်းအားဖြင့် ဗီလာတို့ စွမ်းဆောင်ရည် ဘယ်လောက်ရှိတယ်ဆိုတာ သိနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တယ်ဆိုတာလည်း ခြေစွမ်းကွာဟမှုမရှိပဲ ရှုံးနိမ့်ခဲ့တာဖြစ်သလို အက်ဖ်အေဖလားမှာ လစ်ဗာပူးလ်ကို ဂိုးပြတ် အရေးနိမ့်ခဲ့ရတာ ကလည်း လူငယ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်လို့ လက်ခံပေးလို့ရပါတယ်။ လက်ရှိအခြေအနေအရ အက်စတွန်ဗီလာတို့ အကောင်းဆုံးပုံစံမှာ ရှိနေပေမယ့် အသင်းကြီး ကစားသမားတွေ ပွဲဝေးနေတာကြောင့် အသင်းလိုက် ဟန်ချက် ပျက်သွားမှာတော့ စိုးရိမ်စရာ ရှိပါတယ်။ အဝေးကွင်း စွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ်ဆိုရင်တော့ ၈ ပွဲ ကစားရမှာ ၅ ပွဲ နိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံးထားလို့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
မန်ချက်စတာစီးတီးနဲ့ အက်စတွန်ဗီလာတို့ သမိုင်းတစ်လျှောက် ၁၇၃ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး မန်ချက်စတာစီးတီးက ၇၅ ကြိမ် အနိုင်ရကာ အက်စတွန်ဗီလာကတော့ ၅၇ ပွဲ ပြန်လည် အနိုင်ရထားပါတယ်။ ၂၀၁၀ နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ မန်ချက်စတာစီးတီးက ၁၄ ကြိမ် အနိုင်ရပြီး အက်စတွန်ဗီလာကတော့ ၃ ကြိမ် အနိုင်ရကာ သရေ ၁ ပွဲပဲ ရှိထားပါတယ်။
လောင်းကြေးဆိုင်ရာအကြံပြုချက်များ
မန်ချက်စတာစီးတီး vs အက်စတွန်ဗီလာ | 1X2 မန်ချက်စတာစီးတီး @ 1.27 | |
ဇန်နဝါရီလ ၂၁ ရက်, မနက် ၁၂:၃၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၂၂ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁၂.၀၀ဆ ကြေးဖွင့် ပြီး သရေအတွက် ၆.၅၀ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ မန်ချက်စတာစီးတီးတို့ အကောင်းဆုံး ပုံစံရနေပြီး အက်စတွန်ဗီလာကလည်း စိတ်ဓာတ်ရော ခြေစွမ်းပိုင်းမှာပါ တက်ရိပ်ပြနေပါတယ်။ ဒါပေမယ့် မန်ချက်စတာစီးတီးကို ယှဉ်ကစားဖို့ မဖြစ်နိုင်လို့ အပြန်အလှန် သွင်းဂိုးတွေနဲ့ အိမ်ရှင်အသင်းပဲ အနိုင်ရသွားဖို့ များပါတယ်။ ခန့်မှန်းရလဒ် ၃-၁ ပါ။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.