ဘန်လေ vs မန်ချက်စတာယူနိုက်တက်
အခုတစ်ပတ်ကြားရက်မှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက ဘန်လေနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပွဲကို SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေ အတွက် ပွဲကြိုခန့်မှန်းသုံးသပ်ပေးပါဦးမယ်။ ပရီးမီးယားလိဂ် မှာ ရလဒ်တွေ တောက်လျောက် ကောင်းနေတဲ့ ယူနိုက်တက်တို့ ခြေစွမ်းမတည်ငြိမ်သေးတဲ့ ဘန်လေနဲ့တွေ့ဆုံနေလို့ နိုင်ပွဲရဖို့ မခက်ခဲနိုင်ပါဘူး။
ဘန်လေတို့ နောက်ပိုင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ခြေစွမ်း ပြန်လည် ကောင်းမွန်နေပြီး ရာသီအစတုန်း ကလောက် ခြေစွမ်း မဆိုးရွားတော့ပါဘူး။ ဒါ့ကြောင့် တန်းဆင်းဇုန်ထဲနေ ရုန်းထွက်ပြီး အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲမှာ လိဒ်စ်ယူနိုက်တက် တစ်သင်းတည်းကိုပဲ ရှုံးနိမ့်ခဲ့ပြီး ၃ ပွဲနိုင်၊ ၃ ပွဲသရေကျထားပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် မှာ ၁၅ ပွဲ ကစားပြီး ၄ ပွဲနိုင်၊ ၄ ပွဲသရေကျပြီး ၇ ပွဲရှုံးနိမ့်ကာ ရမှတ် ၁၆ မှတ်အထိ ရှာဖွေထားနိုင်ပါတယ်။ အခုပွဲမှာတော့ ပရီးမီးယားလိဂ်မှာ တောက်လျောက် ရလဒ်တွေ ကောင်းနေပြီး တွေ့ဆုံမှုတိုင်းမှာ အသာမရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံနေလို့ ခက်ခက်ခဲခဲ ရုန်းကန်ရဖို့တော့ ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက်တို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပွဲမှာ ၂ ပွဲသာ သရေကျပြီး ၈ ပွဲ အနိုင်ရထားပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက လစ်ဗာပူးလ်ထက် ၁ ပွဲလျော့ ကစားပြီး ရမှတ်တူနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဖလားပွဲစဉ် ၂ ပွဲမှာ ၁ ပွဲနိုင်ပြီး ၁ ပွဲရှုံးထားခဲ့ပါတယ်။ နည်းပြအိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့လည်း အသင်းနဲ့ အဆင်အပြေဆုံး ကစားကွက်ကို ရှာတွေ့ထားပြီး မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ တော်မီနေး၊ ပေါ့ဘာ၊ ဖရက်ဒ် တို့ အုပ်စုကလည်း နိုင်ပွဲတွေ ရှာဖွေပေးနေသလို နောက်တန်းက ဘိုင်ယီ၊ မက်ဂွိုင်းယား ဗဟိုခံစစ် အတွဲနဲ့ လုခ်ရှော၊ ဝမ်ဘစ်ဆာခါတို့ နှစ်ဦးကလည်း ခံစစ်မှာသာမက တိုက်စစ်အထိ အကောင်းဆုံး လိုက်ပါကစားနိုင်တာကြောင့် ယူနိုက်တက်တို့ ရွှေရောင် အခိုက်အတန့်တွေ ပိုင်ဆိုင်နေခဲ့ရပါတယ်။ အဝေးကွင်း စွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ်ဆိုရင်လည်း ၇ ပွဲကစားရာမှာ ၆ ပွဲ နိုင်ပြီး ၁ ပွဲသရေကျကာ ရှုံးပွဲလုံးဝမရှိထားလို့ အားရစရာကောင်းပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဒီနှစ်သင်းရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၂ ကြိမ်မှာ မန်ချက်စတာယူနိုက်တက်တို့ ၆ ပွဲနိုင်၊ ၂ ပွဲ ရှုံးပြီး ၄ ပွဲသရေ ကျထားပါတယ်။ ပြီးခဲ့တဲ့ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ တက်ဖ်မောမှာ ယူနိုက်တက်က ၀-၂ နဲ့ အနိုင်ရပြီး အိုးထရက်ဖို့ဒ်မှာတော့ ဘန်လေက ၀-၂ နဲ့ ပြန်လည် အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ဘန်လေ vs မန်ချက်စတာယူနိုက်တက် | 1X2 မန်ချက်စတာယူနိုက်တက် @ 1.44 | |
ဇန်နဝါရီလ ၁၃ ရက်, မနက် ၂:၄၅ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၇.၅၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၄၀ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၇၅ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဘန်လေတို့ နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်း ပြန်ကောင်း လာတယ် ဆိုပေမယ့် မန်ချက်စတာယူနိုက်တက်ကို အနိုင်ကစားနိုင်မယ့် အခြေအနေမှာတော့ ရှိမနေပါဘူး။ တစ်ချက်ရှိတာက ဘန်လေတို့ ခံစစ်ကစားပုံ ပြန်ကောင်းလာတာ တွေ့ရပြီး အခုပွဲမှာလည်း ယူနိုက်တက်ကို အကောင်းဆုံးတော့ ခံကစားပါလိမ့်မယ်။ ယူနိုက်တက်တို့ သွင်းဂိုးရဖို့ ခက်ခဲနိုင်ပေမယ့် အနိုင်ကတော့ သေချာပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.