နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ်ကစားပုံကောင်းတဲ့ လိဒ်စ်ယူနိုက်တက် ဘက်မှာ ရပ်တည်ချင်ပါတယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

countdown banner

လိဒ်စ်ယူနိုက်တက် – ဘန်လေ

အခုတစ်ပတ် တနဂ်နွေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက လိဒ်စ်ယူနိုက်တက်နဲ့ ဘန်လေတို့ရဲ့ ပွဲစဉ်ကို SBOTOP ဘောလုံးပရိသတ်တွေ အတွက် ပွဲကြိုခန့်မှန်းမှု တချို့ ပြုလုပ်ပေးချင်ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ ခြေပြန်တက်လာတဲ့ ဘန်လေတို့ တစ်ပွဲနဲ့ တစ်ပွဲ ခြေအတက်အကျ မမှန်တဲ့ လိဒ်စ်ယူနိုက်တက် အိမ်ကွင်းမှာ ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။
 

 
လိဒ်စ်ယူနိုက်တက် တို့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲကို ကြည့်မယ်ဆိုရင် နယူးကာဆယ်ကို အိမ်ကွင်းမှာ ၅-၂ နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး မန်ချက်စတာယူနိုက်တက် ကိုတော့ ၆-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနှစ်ပွဲရဲ့ ခြေစွမ်းကို လေ့လာကြည့်မယ် ဆိုရင် သိပ်ပြီးကွာဟတာ မတွေ့ရပေမယ့် ခံစစ်ကစားသမားတွေ တိုက်စစ်ကို အလွန်အကျွံ လိုက်ပါကစားခြင်းရဲ့ ဆိုးကျိုးက ဘယ်လောက်အထိ သက်ရောက်စေနိုင်သလဲဆိုတာကို သက်သေပြခဲ့ပါတယ်။ နောက်တစ်ချက် နည်းပြ မာဆယ်လို ဘီရာဆာရဲ့ နည်းစနစ်ပိုင်း ဖြစ်ပြီး ၄-၁-၄-၁ ကစားပုံကိုပဲ ခေါင်းမာပြီး အသုံးပြုနေမယ်ဆိုရင် ရေရှည်မှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်ဆိုတာ နားလည်သဘောပေါက်သင့်ပြီ ဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်တို့ လက်ရှိ ပရီးမီးယားလိဂ် မှာ ၁၄ ပွဲကစား၊ ၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၇ ပွဲအထိ ရှုံးနိမ့်ထားပြီး ရမှတ် ၁၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက်ရဲ့ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ၂ ပွဲနိုင်၊ ၃ ပွဲရှုံးပြီး သရေပွဲကတော့ လုံးဝ မရှိတာ တွေ့ရပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်မှာ ၁၃ ပွဲကစား၊ ၃ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၆ ပွဲရှုံးပြီး ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယား  အဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေတဲ့ ဘန်လေ

ဘန်လေတို့ရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်ပိုင်းကို ကြည့်မယ်ဆိုရင် ၂ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး၊ ၁ ပွဲသာရှုံးနိမ့်ထားပြီး ခြေစွမ်းပြန်ကောင်းနေပါတယ်။ အာဆင်နယ်နဲ့ ပွဲမှာ အဝေးကွင်းနိုင်ပွဲ ရရှိခဲ့တာက ဘန်လေတို့ အတွက် အားတက်စရာဖြစ်ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ အဲဗာတန်ကို သရေ၊ အာဆင်နယ်ကို နိုင်၊ အက်စတွန်ဗီလာ နဲ့ သရေ၊  ဝုဗ်ကို အနိုင်ရထားလို့ တန်းဆင်းဇုန်ထဲကတောင် ရုန်းထွက်ထားနိုင်ပါတယ်။  တာကောစကီး၊ ဘန်မီး၊ တေလာတို့ရဲ့ ခံစစ်ကလည်း အရင်လို ပြန်လည် တောင့်တင်းလာခဲ့ပြီး ဂိုးသမား နစ်ခ် ပုပ်ရဲ့ လက်စွမ်းပြမှုတွေအပြင် အက်ရှ်လေ ဝက်စ်ဝုဒ်၊ ဘရောင်းဟေးလ်တို့ရဲ့ ကွင်းလယ်ကလည်း အတွဲအဖက် ပြန်မိနေပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ ၁၃ ပွဲကစား၊ ၃ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၆ ပွဲရှုံးပြီး ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယား  အဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှုကို ပြန်ကြည့်မယ်ဆိုရင် အကြိမ် ၆၀ မှာ လိဒ်စ်ယူနိုက်တက်က ၃၁ ကြိမ် အနိုင်ရပြီး ဘန်လေက ၁၈ ကြိမ် အနိုင်ရကာ ၁၁ ပွဲကတော့ သရေရလဒ်နဲ့ ပွဲပြီးဆုံးထားပါတယ်။ ဒီနှစ်သင်းဟာ ၂၀၁၇ ခုနှစ်က နောက်ဆုံး လိဂ်ဖလား တတိယ အဆင့်မှာ နောက်ဆုံး တစ်ကြိမ် တွေ့ဆုံထားပြီး လိဒ်စ်ယူနိုက်တက်က ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လိဒ်စ်ယူနိုက်တက် vs ဘန်လေ 1×2 လိဒ်စ်ယူနိုက်တက် @ ၁.၇၁ဆ
ဒီဇင်ဘာလ၂၇ ရက်, ည ၆:၃၀နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၇၁ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၄.၆၀ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၇၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းအရဆိုရင် နှစ်သင်းစလုံး ခြေစွမ်းသိပ်မကွာတာ တွေ့ရပါတယ်။ လိဒ်စ်ယူနိုက်တက်ကတော့ တိုက်စစ်ထက်မြတ်နေပြီး ဘန်လေကတော့ အသင်းလိုက်ကစားပုံ ပြန်ကောင်းနေတာ တွေ့ရပါတယ်။ ဒီပွဲမှာ ဘန်လေတို့ ဂိုးစရမယ်ဆိုရင် လိဒ်စ်ယူနိုက်တက်တို့ အနိုင်ရဖို့ ခက်ခဲသွားနိုင်ပြီး လိဒ်စ်တို့ ဂိုးစရခဲ့မယ်ဆိုရင်တော့ ပွဲချိန်ပြည့် ဘန်လေကို အသာစီးရသွားဖို့ များပါတယ်။ ဂိုးမများနိုင်ပေမယ့် အိမ်ရှင်  အသင်းဘက်က ရပ်တည်တာသာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်မယ်လို့ ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်