နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်ချက်စတာယူနိုက်တက် ပြန်လာနေပြီလို့ ချီးကျူးလိုက်တဲ့ ဇာဗီ၊ ပင်နယ်တီ မရခဲ့လို့ ဒေါသထွက်နေတဲ့ အဲရစ်ခ် တန်ဟက်ဂ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

မန်ချက်စတာယူနိုက်တက် ပြန်လာနေပြီလို့ ချီးကျူးလိုက်တဲ့ ဇာဗီ၊ ပင်နယ်တီ မရခဲ့လို့ ဒေါသထွက်နေတဲ့ အဲရစ်ခ် တန်ဟက်ဂ် စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက် ပြန်လာနေပြီလို့ ချီးကျူးလိုက်တဲ့ ဇာဗီ

ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပထမအကျော့ အဖြစ် မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ရပေမယ့် ဘာစီလိုနာဟာ ၂-၂ စီသာ ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒုတိယအကျော့ အဖြစ် အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် ပွဲကို ရုန်းကန်ရတော့မှာ ဖြစ်ပြီး နူးကမ့်ပ်မှာ သူတို့ကို ရင်ဆိုင်သွားခဲ့တဲ့ ပုံစံ အပေါ်မှာ ဘာဆာ နည်းပြ ဇာဗီက ချီးကျူးသွားခဲ့ပါတယ်။

“ ကျနော်တို့ ဒီနေ့မှာ ဥရောပရဲ့ ထိပ်တန်း အသင်း တသင်းကို ရင်ဆိုင်ခဲ့ရပါတယ်၊ ကျနော့် အထင်တော့ မန်ချက်စတာယူနိုက်တက်က ပြန်လာနေပါပြီ၊ ဒီနေ့မှာ သူတို့ရဲ့ အကောင်းဆုံး အဆင့်ကို ပြသသွားခဲ့ပါတယ်၊ တန်ဟက်ဂ်ကို ကျနော် ဂုဏ်ပြုပါတယ်၊ ဘာလို့လဲ ဆိုတော့ သူက ယူနိုက်တက် အတွက် အရမ်း ကောင်းမွန်တာတွေကို လုပ်နိုင်ခဲ့လို့ပါ၊ သူတို့က မန်ချက်စတာယူနိုက်တက် ပါပဲ” လို့ ဇာဗီက ပြောသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ယူနိက်တက်ဟာ အဝေးကွင်းမှာ ဘာစီလိုနာကို ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် ၇ မိနစ် အတွင်း မှာပဲ ၂ ဂိုး ပြန်သွင်းပြီး ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ မားကပ်စ် ရက်ရှ်ဖို့ဒ် တစ်ဦးတည်းက သွင်းယူခဲ့တာ ဖြစ်ပြီး ဘာဆာတို့ ချေပဂိုး ပြန်ရအောင် အသည်းအသန် လိုက်ကစားခဲ့ရပြီး တန်ဟက်ဂ်ရဲ့ အသင်းဟာ အားလုံး ထင်မှတ်မထားတဲ့ ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
အဲဗာတန်
လိဒ် ယူနိုက်တက်
1X2 အဲဗာတန်2.42
အဲဗာတန် အာရှ ဟန်းဒီးကပ် 0.00 @ 1.80
ဂိုးပေါ် 2.50 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပင်နယ်တီ မရခဲ့လို့ ဒေါသထွက်နေတဲ့ အဲရစ်ခ် တန်ဟက်ဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က ဘာစီလိုနာနဲ့ ပွဲမှာ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ပြစ်ဒဏ်ဘော ကျူးလွန်ခံခဲ့ရပေမယ့် ပင်နယ်တီ မရခဲ့သလို ဘာဆာ ကစားသမား အနီကတ် မထိခဲ့တာကိုလည်း ဝေဖန်သွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ် ဘောလုံးဆွဲလာချိန်မှာ ကွန်ဒေးက ဖျက်ထုတ်ခဲ့တာ ဖြစ်ပြီး သေချာပေါက် ပင်နယ်တီရမှာ ဖြစ်ပေမယ့် မပေးခဲ့တာ ဖြစ်ပါတယ်။

“ ၂-၁ ဖြစ်နေတဲ့အချိန်မှာ မားကပ်စ်ကို သိသိသာသာ ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့တာပါ၊ ဒါက ပင်နယ်တီပါ၊ ဧရိယာစည်း အပြင်မှာ ဖြစ်ဖြစ်၊ အတွင်းမှာ ဖြစ်ဖြစ်ပါ၊ သေချာပေါက် အနီကတ်ပါ၊ ဒိုင်လူကြီးကို ဘာလို့လဲ ဆိုပြီး ကျနော် မေးခဲ့ပါတယ်၊ သူက ဧရိယာ အပြင်မှာ၊ ပြီးတော့ ပြစ်ဒဏ်ဘောလည်း မဟုတ်ဘူးလို့ ပြန်ပြောခဲ့ပါတယ်၊ ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်ဟာ နေရာကောင်းမှာ ရှိနေခဲ့တာပါ”

“ ပြိးတော့ VAR နဲ့လည်း မဆုံးဖြတ်ခဲ့ပါဘူး၊ ဒါက မကောင်းပါဘူး၊ တကယ်ကို ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ပါ၊ ဘာစီလိုနာရဲ့ ဖိအားပေးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဒိုင်လူကြီးတွေက သူတို့ရဲ့ အမြင့်မားဆုံး အနေအထားမှာ မရှိခဲ့ကြပါဘူး” လို့ တန်ဟက်ဂ်က ပွဲအပြီးမှာ ဒေါသတကြီးနဲ့ ပြောဆိုသွားခဲ့ပါတယ်။


ဘာစီလိုနာနဲ့ ပွဲက ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ရက်ရှ်ဖို့ဒ် ဒေါသထွက်နေ

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က ဘာစီလိုနာနဲ့ ပွဲမှာ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ပြစ်ဒဏ်ဘော ကျူးလွန်ခံခဲ့ရပေမယ့် ပင်နယ်တီ မရခဲ့သလို ဘာဆာ ကစားသမား အနီကတ် မထိခဲ့တာ ကိုလည်း ဝေဖန်သွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် မှာရော၊ ယူရိုပါလိဂ် မှာပါ ခြေစွမ်းပြနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ဘာစီလိုနာနဲ့ ၂-၂ သရေကျခဲ့တဲ့ ပွဲမှာ အသင်း အတွက် ခြေစွမ်းပြခဲ့ပြီး သွင်းဂိုး ၂ ဂိုးစလုံးမှာ ပါဝင် ပတ်သက်နိုင်ခဲ့ပါတယ်။ လှပတဲ့ ကန်သွင်းချက်နဲ့ အတူ သွင်းဂိုး တစ်ဂိုးကို ရယူနိုင်ခဲ့ပြီး သူ့ရဲ့ ဖြတ်တင်ဘော ကနေ ဘာဆာ နောက်ခံလူ ကွန်ဒေး ကိုယ့်ဂိုးကိုယ် သွင်းယူမိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဂိုးရပြီးနောက် တောက်လျှောက် ခြေစွမ်းပြခဲ့ပြီး ဘာဆာ နောက်တန်းကို ဖိအားပေးခဲ့တာပါ။ သူ့ရဲ့ ထိုးဖောက်မှုကို ဘာဆာ နောက်ခံလူ ကွန်ဒေးက ဖျက်ထုတ်ခဲ့ရာမှာ ပင်နယ်တီ ရရှိခဲ့သင့်ပေမယ့် မရခဲ့တာကို နားမလည်အောင် ဖြစ်ရတယ်လို့ ပွဲအပြီးမှာ ဖွင့်ဟခဲ့ပြီး ဒေါသထွက်မိတယ် လို့လည်း ဆိုပါတယ်။ “ ရှုံးသွားသလို ခံစားရတယ်ဗျာ၊ ကျနော်တို့ အကောင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်ခဲ့ပြီး စိတ်အေးအေးလည်း ထားနိုင်ခဲ့ပါတယ်၊ ပြီးတော့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်၊ ပြစ်ဒဏ်ဘော ကျူးလွန်ခံရမှုမှာ လက်ထောက်ဒိုင်တွေနဲ့ ကွင်းလယ်ဒိုင်တွေက ဘယ်လိုများ စဉ်းစားခဲ့လဲ ကျနော် နားမလည်နိုင်အောင်ပါပဲ၊ ကျနော် လဲကျသွားခဲ့ရတာပါ၊ ကွန်ဒေးကို ကျော်ဖြတ်နိုင်ခဲ့ပြီးမှ ကျနော့် ခြေထောက်ကို သူ ချိတ်ခဲ့တာပါ၊ အဲဒါက ထင်ရှားပါတယ်၊ သေချာပေါက် ပြစ်ဒဏ်ဘောပါ” လို့ ရက်ရှ်ဖို့ဒ်က ပြောခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်