ဒီကနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ဖူလ်ဟမ်က ဘန်လေကို တက်ဖ်မောမှာ အပြန်အလှန် သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဖူလ်ဟမ်တို့ ဘန်လေရဲ့ ကောင်းမွန်တဲ့ တုန့်ပြန်မှု တစ်ခုကြောင့် ရင်ခုန်ခဲ့ရသေးပေမယ့် အဖိုးတန် အနိုင် ၃ မှတ် ကိုတော့ ရအောင် ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ ဘန်လေ ဘက်က အဓိက ကစားသမား တော်တော်များများ ပွဲပယ်နဲ့ ဒဏ်ရာပြဿနာတွေ ရှိနေခဲ့ပြီး အားနည်းနေခဲ့ပြီး မက်ဂျ်ဘရီ၊ ပီရက်စ်၊ ဝေါလ်ကာ၊ ကော်နာ ရောဘတ်၊ အမ်ဒွန်နီ၊ ဘီယာ တို့ ပါဝင်နိုင်ခြင်း မရှိပါဘူး။ ဖူလ်ဟမ် ဘက်မှာတော့ မူနစ်ဇ်နဲ့ ဆက်ဆနွန်တို့ နှစ်ဦးက လွဲလို့ လူစုံခဲ့ပြီး တော်တော်လေး တောင့်တင်းနေခဲ့ပါတယ်။
ပထမပိုင်းဟာ ဖူလ်ဟမ် အတွက် ဖြစ်ခဲ့ပြီး ၉ မိနစ်မှာ စမစ်ရိုးဝ်က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၁ မိနစ် မှာတော့ ဘန်လေ အတွက် အူဂိုချူကဝူက ချေပဂိုး ပြန်သွင်းပေးခဲ့ပြီး ၃၁ မိနစ် မှာတော့ ဘက်ဆေးက ဖူလ်ဟမ် အတွက် ဦးဆောင်ဂိုး ထပ်သွင်းပေးခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲပြန်စပြီး မကြာခင် မှာလည်း ဖူလ်ဟမ်က ဟယ်ရီ ဝဲလ်ဆင်ရဲ့ သွင်းဂိုးနဲ့ ထပ်မံ ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မာကို ဆေးလ်ဗားက အနိုင်ရလဒ်ကို ထိန်းဖို့ ကြိုးပမ်းခဲ့လို့ ဘန်လေ တို့ အခွင့်အရေးတွေ ပိုရခဲ့ပါတယ်။ ၈၆ မိနစ် မှာတော့ ဆွန်နီက ဘန်လေ အတွက် ဒုတိယမြောက် ချေပဂိုးကို သွင်းယူပေးခဲ့လို့ မျှော်လင့်ချက် ရှိခဲ့ပေမယ့် ဖူလ်ဟမ်က ပွဲကို ထိန်းသွားခဲ့လို့ ၂-၃ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
ဖူလ်ဟမ်ဟာ ၁၉၅၁ ခုနှစ် ဧပြီလ နောက်ပိုင်း တက်ဖ်မောမှာ လိဂ် ပွဲစဉ် ၂၉ ပွဲ ဆက်တိုက် အနိုင်မရခဲ့တဲ့ အခြေအနေကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဘန်လေ ကတော့ ပထမဦးဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ် ပွဲစဉ် ၇ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် ဖူလ်ဟမ် အနေနဲ့ ထိပ်တန်းလိဂ် ပွဲစဉ်တွေမှာ တန်းတက်လာတဲ့ အသင်းတွေကို ပထမဦးဆုံး အကြိမ် အဖြစ် ၅ ပွဲ ဆက်တိုက် အနိုင်ရခဲ့ပြီး အခုဆိုရင်တော့ နောက်ဆုံး ၁၂ ပွဲဆက်တိုက် ရှုံးပွဲ မရှိသေးပါဘူး (၇ ပွဲ နိုင်၊ ၅ ပွဲ သရေ)။
ဖူလ်ဟမ်ရဲ့ နိုင်ပွဲ အတွက် အဓိကကျခဲ့သူက ဟယ်ရီ ဝီလ်ဆင် ဖြစ်ပြီး ဝေးလ်စ် လက်ရွေးစင်က ဒီရာသီ ပရီးမီးယားလိဂ် ၁၅ ပွဲမှာ ဂိုးပါဝင် ပတ်သတ်မှု ၈ ကြိမ် (၅ ဂိုး သွင်း၊ ၃ ဂိုးဖန်တီး) ရှိထားပါတယ်။ ဒီနေ့ပွဲမှာ ၁ ဂိုးသွင်း ၂ ဂိုးဖန်တီးခဲ့တဲ့ ဝီလ်ဆင်က ပြီးခဲ့တဲ့ ရာသီက ၂၅ ပွဲ ကစားခဲ့ချိန် ပြုလုပ်နိုင်ခဲ့တဲ့ ဂိုးပါဝင် ပတ်သတ်မှု (ခြောက်ဂိုးသွင်း၊ တစ်ဂိုးဖန်တီး) ထက် ပိုများနေခဲ့ပြီလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် ရှုံးထားတဲ့ ဖူလ်ဟမ် ကတော့ နိုင်ပွဲ ပြန်လည် ရရှိခဲ့ခြင်းနဲ့ အတူ အဆင့် ၁၃ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဘန်လေ ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲဆက် ရှုံးပြီး ရမှတ် ၁၀ မှတ်နဲ့ အတူ အဆင့် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။ လက်ရှိ ပုံစံအတိုင်း ဆိုရင်တော့ ဘန်လေ အနေနဲ့ တန်းဆင်းရနိုင်ချေလည်း များပြားနေပြီလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


