နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဆိုးရွားဆုံး မှတ်တမ်း စံချိန်တွေနဲ့ ယူနိုက်တက်တို့ ရာသီသိမ်းရတော့မှာလား | ပရီးမီးယားလိဂ်

ပရီးယားလိဂ် အဲရစ်ခ် တန်ဟက်ဂ်ရဲ့ မန်ချက်စတာယူနိုက်တက် ဘရိုက်တန်ကို အဝေးကွင်းမှာ ၀-၂ ရလဒ်နဲ့ အနိုင်ရယူပြီး ၂၀၂၃/၂၄ ပရီးမီးယားလိဂ် ရာသီကို ပိတ်သိမ်းနိုင်ခဲ့ပေမယ့် အဆင့် ၈ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါဟာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ်လို့ ပြောင်းလဲ ကျင်းပပြီးနောက် အဆိုးရွားဆုံး အဆင့် ရပ်တည်မှုလည်း ဖြစ်ခဲ့ပါတယ်။

အဲရစ်ခ် တန်ဟက်ဂ်ရဲ့ အသင်းဟာ ၂၀၁၃/၁၄ ပရီးမီးယားလိဂ် ဒေးဗစ် မွိုက်စ် လက်ထက်မှာ အဆင့် ခုနစ် နေရာသာ ရခဲ့တာထက် ပိုပြီး နိမ့်ကျတဲ့ အဆင့် ရပ်တည်မှုနဲ့ ရာသီသိမ်းနိုင်ခဲ့တာ ဖြစ်သလို သမိုင်းတလျှောက် စံချိန်မှတ်တမ်းဆိုး များစွာလည်း ပိုင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နောက်ဆုံး ပွဲမှာ ဘရိုက်တန်ကို အနိုင်ရခဲ့ပေမယ့် တစ်ဖက်မှာ နယူးကာဆယ် ကလည်း ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သက်တောင့်သက်သာပဲ အနိုင်ရခဲ့တာကြောင့် ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့် ၈ နေရာပဲ ရခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးပွဲမှာ ယူနိုက်တက်ဟာ ပုံစံကောင်း တစ်ခု ပြသနိုင်ခဲ့ပြီး ရော်ဘတ်တို ဒီဇာဘီရဲ့ ဘရိုက်တန်ကို ဒါးလော့တ်၊ ဟွိုက်ဂျ်လန်း တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လာမယ့် မတ်လ ၂၅ ရက်နေ့မှာ ၄ နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ မြို့ခံ ပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားရဖို့ ရှိနေပါတယ်။
တစ်ရာသီ အတွင်း ပေးဂိုး အများဆုံး စံချိန်လည်း ရခဲ့တဲ့ ယူနိုက်တက်

ပွဲအပြီး မှာတော့ ယူနိုက်တက် နည်းပြ တန်ဟက်ဂ်က “အခုထိတော့ အဆင်မပြေသေးဘူး” လို့ ပြောကြားခဲ့ပြီး “လွန်ခဲ့တဲ့ ၂ နှစ်က ရမှတ် ၆၀ အောက် ရခဲ့ပေမယ့် ၅၈ မှတ်နဲ့ အဆင့် ၈ နေရာပဲ ရခဲ့တာက အဆိုးရွားဆုံး စွမ်းဆောင်ရည်ပါ။”

“ဒါဟာ အမှန်တရားပဲ၊ ဒါပေမယ့် ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်။ နောက်ကွယ်က အကြောင်းရင်း များစွာကို ကျနော်တို့ သိပါတယ်၊ လူတိုင်းလည်း သိတယ်၊ ဒါပေမယ့် အဲဒါတွေ ပြောဖို့ သင့်တော်တဲ့ အခိုက်အတန့် မဟုတ်ပါဘူး။ ကျွန်တော်တို့ အတွက် မလုံလောက်ခဲ့ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

နောက်ဆုံး ပွဲမှာ သွင်းဂိုး ၂ ဂိုး ရခဲ့တဲ့ ယူနိုက်တက်ဟာ တစ်ရာသီလုံး ရဂိုး ၅၇ ဂိုးသာ ရှိခဲ့ပြီး ပေးဂိုး ၅၈ ဂိုး ရှိခဲ့ပါတယ်။ ဒါကြောင့် ဂိုးကွာခြားချက် -၁ ပြခဲ့ပြီး ဒါကလည်း ယူနိုက်တက် အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် အဖြစ် ဂိုးကွာခြားချက် အဆိုးရွားဆုံး ရာသီလည်း ဖြစ်စေခဲ့ပါတယ်။

ယူနိုက်တက်ဟာ ၂၀၂၁/၂၂ ဘောလုံး ရာသီမှာ ဂိုးကွာခြားချက် ၀ နဲ့ ရာသီသိမ်းနိုင်ခဲ့ပေမယ့် ဒီရာသီ မှာတော့ ပိုပြီး ဆိုရွားတဲ့ စံချိန် တစ်ခု ထပ်တင်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီမှာ တစ်ပွဲ ပျမ်းမျှ ပေးဂိုး ၁.၅ ဂိုးနှုန်း ရှိခဲ့ပြီး ရဂိုး ကလည်း ၁.၅ ဂိုးနှုန်း ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း ၄ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးတွေ အပြင် တစ်ရာသီလုံး ရှုံးပွဲ ၁၄ ပွဲ အထိ ရှိခဲ့တဲ့ မှတ်တမ်းဆိုးတွေလည်း ပိုင်ဆိုင်ခဲ့ရပါသေးတယ်။

ယူနိုက်တက်ဟာ လာမယ့် မတ်လ ၂၅ ရက်နေ့မှာ ၄ နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ မြို့ခံ ပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားရဖို့ ရှိနေပါတယ်။ အကယ်၍ ယူနိုက်တက် အနေနဲ့ မန်စီးတီးကို အနိုင်ရခဲ့မယ် ဆိုရင် ဖလားလက်မဲ့ ရာသီ အဖြစ် ဖြတ်သန်းရတော့မှာ မဟုတ်သလို လာမယ့် ရာသီ ယူရိုပါလိဂ် ဝင်ခွင့်လည်း ရရှိဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီး အနိုင်ရခဲ့ရင်တော့ ယူနိုက်တက်ဟာ ဖလားလက်မဲ့၊ ဥရောပ ဝင်ခွင့် မရတဲ့ အဖြစ်နဲ့ အဆိုးရွားဆုံး ရာသီသိမ်းရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ ဖြစ်သူ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ အနာဂတ် ကလည်း အက်ဖ်အေဖလား ဗိုလ်လုပွဲ ရလဒ် အပေါ် မူတည်နေပြီလို့တောင် ပြောလို့ ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်