နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘရိုက်တန်က မန်စီးတီးရဲ့ ချန်ပီယံ အိမ်မက်ကို ဟန့်တားမယ့် အသင်း ဖြစ်လာမလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – ဘရိုက်တန်

ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ မှာတော့ မန်ချက်စတာစီးတီးက ဘရိုက်တန်ကို အက်တီဟတ်မှာ ဧည့်ခံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ အဓိက ကစားသမား တချို့ ပါဝင်နိုင်ခြင်း မရှိလို့ အားနည်းနေတဲ့ မန်စီးတီးတို့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အသာမရထားတဲ့ ဘရိုက်တန်ဆီက အမှတ်တွေ ရယူနိုင်ပါ့မလား ဆိုတာ စောင့်ကြည့်ရဖို့တော့ ရှိနေပါတယ်။

ပပ် ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးက တောက်လျောက် နိုင်ပွဲတွေ ဆက်နေခဲ့ပေမယ့် ၂၀၂၆ ခုနှစ် နှစ်အစမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲစလုံး နိုင်ပွဲ ပျောက်ခဲ့ပါတယ်။ ဒါကြောင့် ဦးဆောင်သူ အာဆင်နယ်နဲ့ ၆ မှတ် အထိ ကွာဟသွားခဲ့ပြီး အမှီပြန်လိုက်ဖို့ ကြိုးစားရတော့မှာပါ။ တစ်ခု ရှိတာက မန်စီးတီးဟာ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ကြိမ်ဆက် ရလဒ်မကောင်းခဲ့သလို လက်ရှိ အသင်း မှာလည်း အဓိက ကစားသမား ၉ ဦးလောက် ပါဝင် ကစားနိုင်မှာ မဟုတ်ပါဘူး။ ဂဗာဒီယိုလ်၊ ဒီးရာ့စ် တို့လို အဓိက ဗဟိုခံစစ်မှူးတွေ ဒဏ်ရာကြောင့် လွဲချော်ဖို့ များနေတာကြောင့် နောက်တန်းက သိသိသာသာ အားနည်းနေနိုင်ပြီး ဘရိုက်တန်ရဲ့ လျင်မြန်တဲ့ တန်ပြန် တိုက်စစ် ကစားပုံကြောင့် ရုန်းကန်ရဖွယ် ရှိနေပါတယ်။ ဒီပွဲမှာ ရေယန် ချာကီကို စောင့်ကြည့်ရမှာ ဖြစ်ပြီး ပြင်သစ်သားက ဒီရာသီ ပရီးမီးယားလိဂ်မှာ အခွင့်အရေး ဖန်တီးမှု ၁၂ ကြိမ် ရှိထားပြီး အများဆုံးလည်း ဖြစ်နေပါတယ်။

ဖေဘီယန် ဟက်ဇီလာရဲ့ ဘရိုက်တန်က တောက်လျောက် ရလဒ်တွေ ဆိုးရွားခဲ့ပြီးမှ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘန်လေကို ၂-၀ နဲ့ အနိုင်ရပြီး နိုင်ပွဲ ပြန်လည် ရှာတွေ့ထားပါတယ်။ ဘရိုက်တန်ဟာ လိဂ် ၆ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ပြီးမှ ဘန်လေနဲ့ အတွေ့မှာ နိုင်ပွဲ ပြန်ရထားတာ ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရှိနေတဲ့ ဘရိုက်တန်က အဝေးကွင်း စွမ်းဆောင်ရည် မကောင်းပါဘူး။ သူတို့မှာလည်း အဓိက ကစားသမားတချို့ ဒီပွဲကို လွဲချော်ဖို့ ရှိနေတာကြောင့် အတိုင်းအတာ တစ်ခု အထိ အားနည်းနေဖို့ ရှိနေပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရှိနေတဲ့ ဘရိုက်တန်က အဝေးကွင်း စွမ်းဆောင်ရည် မကောင်းပါဘူး။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရှိနေတဲ့ ဘရိုက်တန်

အခုပွဲ ကိုတော့ မန်စီးတီး ဘက်က အိုမာ မာမွတ်ရှ်နဲ့ အစ်နျူရီ၊ ဘရိုက်တန် ဘက်က ကားလို့စ် ဘယ်လီဘာ့ တို့ အာဖရိကနိုင်ငံများဖလား သွားရောက် ကစားနေလို့ လွဲချော်မှာပါ။ ဒါ့အပြင် မန်စီးတီးရဲ့ ဒဏ်ရာရ ကစားသမား စာရင်းမှာတော့ နီကို ဂွန်ဇာလက်ဇ်၊ ဒီးရာ့စ်၊ ဆာဗင်ညို၊ စတုန်းစ်၊ ဂဗာဒီယိုလ်၊ ကိုဗာချစ်၊ ဘော့ဘ် တို့ ပါဝင်နေသလို ဘရိုက်တန် မှာတော့ မင်တာ့ရ်၊ ဝက်ဘ်စတား၊ ဝိုင်ဖာ၊ မာ့ချ်၊ ဇီမက်စ်တို့ လွဲချော်ကြပါလိမ့်မယ်။ 

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

မန်ချက်စတာစီးတီး – ဒွန်နာရမ်းမား၊ နူနက်စ်၊ အေခီ၊ ကူဆာနော့ဗ်၊ အိုရွိုင်လီ၊ ရိုင်ဒါးစ်၊ ရိုဒရီ၊ ဆေးလ်ဗား၊ ဖိုဒန်၊ ချာကီ၊ ဟာလန်း

ဘရိုက်တန် – ဗာဘရက်ဂျန်၊ ဗဲလ်မန်း၊ ဗန် ဟက်ကီ၊ ဒန့်ခ်၊ ကာဒီယိုဂလူ၊ ဂိုမက်ဇ်၊ အယာရီ၊ ဂရူဒါ၊ ရက်တာ၊ မီတိုမာ၊ ကော့စ်တိုလက်စ် 

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

မန်ချက်စတာစီးတီးနဲ့ ဘရိုက်တန် တို့ဟာ နောက်ဆုံး တွေ့ဆုံမှု ၁၈ ကြိမ်မှာ ၀-၀ ရလဒ်နဲ့ ပြီးဆုံးခဲ့တဲ့ ပွဲ ၁ ပွဲမှ မရှိထားပါဘူး။ အဲဒီ ၁၈ ကြိမ်မှာ မန်စီးတီးက ၁၃ ကြိမ်နိုင်၊ ဘရိုက်တန်က ၃ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ မန်စီးတီးက တသင်းကို နှစ်ကြိမ်စီ နိုင်ထားကြပြီး ၁ ကြိမ် သရေကျထားပါတယ်။ အက်တီဟတ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ မန်စီးတီးက ၄ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မန်စီးတီး နိုင်ရင် ၁.၃၇ ဆ၊ ဘရိုက်တန် နိုင်ရင် ၆.၂၀ ဆနဲ့ သရေ ဆိုရင်တော့ ၄.၇၄ ဆ ပေးထားပါတယ်။ ဟန်းဒီးကပ် ကြေးဖွင့်မှု မှာတော့ မန်စီးတီးက တစ်လုံး တစ်ဝက်ရှုံး၊ တစ်လုံး ရှုံး၊ ၂ လုံး တစ်ဝက်စားလောက်အထိ ပေါက်နေပြီး ဂိုးပေါင်း ကြေးကတော့ ၂.၅၀ က စပါတယ်။ ခံစစ်ပိုင်း မှာတော့ မန်စီးတီးက ဘရိုက်တန်ရဲ့ တန်ပြန် တိုက်စစ်ကို ထိန်းချုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဂွါဒီယိုလာရဲ့ အသင်း အနေနဲ့ ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ ပွဲက အမှားတွေကို ပြင်ဆင်လာမယ်လို့တော့ ထင်ပါတယ်။ လိုအပ်တာထက် ပိုပြီး အားစိုက်လာရမယ့် မန်စီးတီး အတွက် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာနိုင်ပြီး နိုင်ရင်တောင် တစ်ဂိုး အသာလောက်နဲ့ပဲ အနိုင်ရသွားဖို့ များပါတယ်။

ခန့်မှန်းရလဒ်

မန်ချက်စတာစီးတီး ၂-၁ ဘရိုက်တန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်