နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာသီသစ် လစ်ဗာပူးလ်မှာ ဘယ်ကစားသမားတွေ ဆက်ရှိနေပြီး ဘယ်ကစားသမားတွေ ထွက်ခွာနိုင်သလဲ | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

လက်တလောမှာ လစ်ဗာပူးလ်နဲ့ ပတ်သတ်လို့ အထွေအထူး ပြောစရာ မရှိသေးပေမယ့် လာမယ့် ၂၀၂၄-၂၅ ပရီးမီးယားလိဂ် ရာသီသစ် ကတော့ ကြိုးကြာနီတွေ အတွက် ပြောစရာတွေ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အားလုံး သိပြီးကြတဲ့ အတိုင်း မာဆေးလ်ဆိုဒ် ကလပ်ကို လူရိုသေရှင်ရိုသေ ပြန်ဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ ယာဂင် ကလော့ပ် နှုတ်ဆက် ထွက်ခွာတော့မှာ ဖြစ်လို့ပါပဲ။ 

ယာဂင် ကလော့ပ်ဟာ လစ်ဗာပူးလ်တို့ ၁၉၉၀ ခုနှစ် နောက်ပိုင်း ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို ပြန်လည် ရယူပေးနိုင်ခဲ့သလို ခရာဘောင်နဲ့ အက်ဖ်အေဖလား၊ ဥရောပ မှာဆိုရင်လည်း ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလား၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလားတွေ ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ဒီဂျာမန်သား နည်းပြကြီး ထွက်သွားရင် လစ်ဗာပူးလ်တို့ ဘာဆက်ဖြစ်မလဲ ဆိုတာ ပရိသတ်တွေရော၊ ဘောလုံး လောက တစ်ခုလုံးကပါ စိတ်ဝင်စားနေကြပြီ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ကလော့ပ်နဲ့ အတူ လစ်ဗာပူးလ် ကနေ ဘယ်ကစားသမားတွေ ထွက်ခွာနိုင်ချေ ရှိသလဲ၊ ဘယ်ကစားသမားတွေ ကရော အသင်းမှာ ဆက်ရှိနေနိုင်သလဲ၊ ဘယ်သူတွေ ကရော အငှားချခံနိုင်ရသလဲ ဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။ 

အရင်ဆုံး အသင်းမှာ ဘယ်ကစားသမားတွေ ကျန်ရှိနိုင်သလဲ ဆိုတာ စဉ်းစားကြရအောင်ပါ။ 

အလီဆွန် ဘက်ကာ (ဂိုး) – သေချာတာ ကတော့ အလီဆွန်လို ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တစ်ဦးကို ဘယ်အသင်းမှ လက်လွတ်ခံချင်မှာ မဟုတ်ပါဘူး။ လစ်ဗာပူးလ်ရဲ့ တကျော့ပြန် အောင်မြင်မှုတွေ ရဖို့ အဓိက နေရာ ကနေ ပါဝင်ခဲ့တဲ့သူ ဖြစ်လို့ လစ်ဗာပူးလ်တို့ ကျိန်းသေပေါက် အလီဆွန်ကို ဆက်ထိန်းထားပါလိမ့်မယ်။

ခယ်လာဟာ (ဂိုး) – အလီဆွန် ဒဏ်ရာရနေချိန်တိုင်း အသင်းကို အကောင်းဆုံး ကူညီပေးခဲ့သူက ခယ်လာဟာပါ။ အိုင်ယာလန် ဂိုးသမား အနေနဲ့ ဒုတိယဂိုးသမား ဖြစ်နေတာကြောင့် အသင်းကနေ ထွက်ခွာကောင်း ထွက်ခွာသွားနိုင်ပေမယ့် လစ်ဗာပူးလ် ကတော့ လက်လွှတ်လိမ့်မယ် မထင်ပါဘူး။

ဂျိုး ဂိုးမက်ဇ် (ခံစစ်) – ဒီကစားသမား ကလည်း လစ်ဗာပူးလ် လိုအပ်နေချိန်တိုင်း အကောင်းဆုံး အသုံးချခံ ကစားသမားလို့ ပြောနိုင်တာကြောင့် လစ်ဗာပူးလ်တို့ ထွက်ခွာခွင့်ပေးဖို့ မရှိပါဘူး။

ပရီးမီးယားလိဂ်
လီဗာပူးလ်
ဘရိုက်တန်
1X2 သရေ @ 4.83
လီဗာပူးလ် အာရှ ဟန်းဒီးကပ် -1.50 @ 2.06
ဂိုးပေါ် 3.50 @ 2.01
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကော်နာ ဘရက်ဒ်လီ (ခံစစ်) – ဘရက်ဒ်လီ ကတော့ လစ်ဗာပူးလ်ရဲ့ တိုးတက်မှု အရှိဆုံး ကစားသမား ဖြစ်တာကြောင့် အသင်းရဲ့ အနာဂတ် အတွက် ဆက်ထိန်းထားမှာ သေချာပါတယ်။

ဗန်ဒိုက်ခ် (ခံစစ်) – ရှင်းပါတယ်။ အသင်း ဘက်က စံချိန်တင် ပြောင်းရွှေ့ကြေး ပေးပြီး ခေါ်ခဲ့ရသလို ကစားသမား ဘက်ကလည်း ထိုက်တန်ကြောင်းလည်း ပြသထားနိုင်သူပါ။ နောက်ပိုင်း နှစ်တွေမှာ ဗန်ဒိုက်ခ် တစ်ယောက် အမှားတွေ ရှိလာတယ် ဆိုပေမယ့် လက်ရှိ အချိန်ထိတော့ လစ်ဗာပူးလ်ရဲ့ အရေးအပါဆုံး ကစားသမား တစ်ဦး အဖြစ် ရှိနေဆဲပါ။

အင်ဘရာဟီမာ ကိုနာတေး (ခံစစ်) – ကိုနာတေးသာ ကြံခိုင်မှု ပြည့်ဝရင် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူး တစ်ဦးလို့ သတ်မှတ်ခံရမှာပါ။ ဒီလို ဖြစ်လို့ လစ်ဗာပူးလ်တို့ ရောင်းချဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။

နောက်ထပ် ရောင်းထုတ်ဖို့ မရှိတဲ့ ကစားသမားတွေ ကတော့ ကွန်ဆာ၊ အာနိုးလ်၊ အန်ဒီ ရော်ဘတ်ဆန်၊ ဆီမီကတ်စ်၊ အန်ဒို၊ အလက်ဆစ် မာ့ခ် အယ်လစ္စတာ၊ ရွိုင်ရန် ဂါဗရန်ဘက်ချ်၊ ဒိုးမနစ်ခ် ဆဘို့ဇ်လိုင်း၊ ဘက်ဂျ်စီတစ်၊ ကာတစ် ဂျုံးစ်၊ ဟာဗေး အဲလီယော့တ်၊ မိုဟာမက် ဆာလာ၊ လူးဝစ် ဒီးယက်ဇ်၊ ဒါဝင် နူညက်ဇ်၊ ဂျိုတာ တို့ ဖြစ်ပါတယ်။

ကွန်ဆာ၊ ဘက်ဂျ်စီတစ်၊ ကာတစ် ဂျုံးစ်၊ အဲလီယော့တ်တို့ ဆိုတာ လစ်ဗာပူးလ်ရဲ့ အနာဂတ် ဖြစ်လာမယ့် ကစားသမားတွေလို့ သတ်မှတ်ခံထားရသူတွေပါ။ လက်တလောမှာလည်း ဝါရင့် ကစားသမားတွေလို ခြေစွမ်းမျိုးနဲ့ လစ်ဗာပူးလ်ကို ထမ်းတင်ပေးနေသူတွေ ဖြစ်လို့ အန်ဖီးလ်မှာပဲ ဆက်ရှိနေဖို့ သေချာနေသူတွေ စာရင်းမှာ ထည့်ထားချင်ပါတယ်။

အာနိုးလ်နဲ့ ရော်ဘတ်ဆန် ကတော့ ပြောစရာကို မလိုပါဘူး။ လစ်ဗာပူးလ်ရဲ့ အောင်မြင်မှုတွေကို ဘယ်/ညာ တောင်ပံ နှစ်ဖက်ကနေ ထမ်းတင်ပေးခဲ့သူတွေ ဖြစ်လို့ ဒီလို အဖိုးတန် ကစားသမားတွေကို လစ်ဗာပူးလ်တို့ ဘယ်တော့မှ လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ နောက်ပြီး ဒီကစားသမားတွေက လစ်ဗာပူးလ်ကို ချစ်မြတ်နိုးသူတွေ ဖြစ်တာကြောင့် အချိန်တစ်ခု အထိ မာဆေးလ်ဆိုက်ဒ်မှာ ဆက်ရှိနေဦးမှာ သေချာပါတယ်။

ကလော့ပ်ရဲ့ အားသာချက် တစ်ခုက မှန်ကန်တဲ့ ကစားသမား ခေါ်ယူနိုင်တာ ဖြစ်ပါတယ်။ ဒီအထဲမှာ မိုဟာမက် ဆာလာ၊ လူးဝစ် ဒီးယက်ဇ်၊ ဂျိုတာ၊ မက်အယ်လစ္စတာ၊ အန်ဒို၊ ဆီမီကတ်စ် တို့ပါဝင်ပြီး ဒီကစားသမားတွေ ကတော့ လစ်ဗာပူးလ်နဲ့လည်း စာချုပ်သက်တမ်းတွေ ကျန်ရှိနေသေးလို့ လစ်ဗာပူးလ်မှာပဲ ဆက်ရှိနေဦးမှာ သူတွေပါပဲ။ ဒါဝင် နူညက်ဇ်၊ ဂါဗရန်ဘက်ချ်တို့ ကတော့ အစပိုင်းမှာ အထနှေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်း အသားကျလာခဲ့ခြင်းနဲ့ အတူ ပရီးမီးယားလိဂ် ကလပ်မှာ ဆက်ရှိနေမယ့် ကစားသမားတွေပါ။

မော်တန်၊ ကလာ့ခ်၊ မက်ကော်နဲလ်၊ ဘန်ဒိုအက်ခ်၊ လီဝစ် ကူမက်စ်၊ ဒန်းစ် တို့ကတော့ အငှားချခံရနိုင်သူတွေ စာရင်းမှာ ပါဝင်နေပြီး ဒီကစားသမားတွေ ကတော့ အသင်းရဲ့ အနာဂတ် ဖြစ်လာနိုင်တာကြောင့် အငှားချပြီး အတွေ့အကြုံ ယူစေဦးမယ့် သဘော ရှိပါတယ်။ သူတို့ရဲ့ ခြေစွမ်း တိုးတက်မှု အပေါ်မူတည်ပြီး လစ်ဗာပူးလ်မှာ ပြန်လည် မြင်တွေ့ရ၊ မမြင်တွေ့ရဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အပြီးသတ် ရောင်းချခံရနိုင်သူတွေ စာရင်းမှာတော့ ကယ်လ်ဗင် ရမ်ဆေး၊ ဆပ် ဗန်ဒန်ဘက်ဂျ်၊ နေသန်နီရယ် ဖီးလစ်၊ ရိုင်း ဝီလီယမ်စ်၊ ဖေဘီယို ကာဗယ်ဟို တို့ ပါဝင်နေပါတယ်။ ဒီကစားသမားတွေဟာ အသင်း အတွက် ပွဲကစားချိန် နည်းပါးသလို ကလော့ပ် သိပ်မကြိုက်တဲ့ ကစားသမားတွေ ဖြစ်တာကြောင့် ရာသီသစ်မှာ ဆက်ရှိနေဖို့ မသေချာသူတွေ ဖြစ်ပါတယ်။ ဒီအထဲမှာ ပီအက်စ်ဗွီ ကနေ မျှော်လင့်တကြီးနဲ့ ခေါ်ယူခဲ့တဲ့ ကိုဒီ ဂက်ခ်ပိုလည်း ပါဝင်နေပြီး ဒီကစားသမား ကတော့ သူ့ရဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ကြောင်း မပြသနိုင်သေးသူ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကတော့ ယူနိုက်တက်နဲ့ အပြိုင် ဖြတ်ခုတ်ခဲ့ရတာ မှားပြီလို့တောင် စဉ်းစားနေလောက်ပါပြီ။

စာချုပ်သက်တမ်း ဆက်မတိုးပဲ အလွတ်နဲ့ ထွက်ခွာခွင့်ပေးနိုင်ဖွယ် ရှိတဲ့ ကစားသမားတွေ ကတော့ ဂိုးသမား အက်ဒရီယန်၊ ခံစစ်မှူး ဂျိုဝဲလ် မက်တစ်ပ်နဲ့ သီယာဂို အဲလ်ကန်တာရာ တို့ဖြစ်ပါတယ်။ ဒီကစားသမားတွေဟာ မကြာခဏ ဒဏ်ရာရတတ်တာကြောင့် လစ်ဗာပူးလ်တို့ လက်လွှတ်မယ့် စာရင်းမှာ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်