နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်စီးတီး ကစားသမားသစ် အန်တိုနီယို ဆီမီညို ဘာတွေ ပြောခဲ့သလဲ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ သူတို့ လိုချင်နေတဲ့ ဘုန်းမောက် တောင်ပံ ကစားသမား အန်တိုနီယို ဆီမီညိုကို မနေ့ကပဲ တရားဝင် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ မန်စီးတီးဟာ ဂါနာသားကို လစ်ဗာပူးလ်နဲ့ အပြိုင် ခေါ်ယူခဲ့ရပြီး ပေါင် ၆၅ သန်း အထိ ပေးချေရကာ ၅ နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဒါကြောင့် မန်စီးတီး ကစားသမား ဖြစ်လာတဲ့ ဆီမီညိုက အသင်းသစ်နဲ့ ပထမဦးဆုံး အင်တာဗျူးမှာ သူ့အနေနဲ့ အကောင်းဆုံး အရည်အသွေးတွေ ထုတ်မပြရသေးကြောင်း ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။ ဆီမီညိုက “[ကျွန်တော်ကိုယ် ကျွန်တော် ဖော်ပြရရင်] အစွမ်းထက်တဲ့၊ မြန်ဆန်တဲ့၊ သန်မာတဲ့၊ လက်တွေ့ကျတဲ့ ကစားသမား တစ်ယောက် ဖြစ်ပေမယ့် တိုးတက်နေဆဲပါ။ ကျွန်တော့်ရဲ့ အထွတ်အထိပ်ကို မရောက်သေးဘူးလို့ ခံစားရပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆီမီညိုက ပရီးမီးယားလိဂ် ရာသီဝက်မှာ ဘုန်းမောက် အတွက် ပွဲ ၂၀ ကစားပေးခဲ့ပြီး သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုး ဖန်တီးမှု ၃ ကြိမ် အထိ ပြုလုပ်ခဲ့ပါတယ်။ အချက်အလက်တွေအရ ဆိုရင် သူ့ထက် ပိုပြီး စွမ်းဆောင်ထားနိုင်ခဲ့တာက အာလင်း ဟာလန်းနဲ့ အီဂေါ သီယာဂိုတို့ ၂ ဦးသာ ရှိနေတာ ဖြစ်ပါတယ်။ 

ဆက်လက်ပြီး ဆီမီညိုက “ကျွန်တော် သင်ယူစရာတွေ အများကြီး ကျန်ပါသေးတယ်။ မန်စီးတီးကို ပြောင်းရွှေ့တာက ကျွန်တော့်ရဲ့ ဖွံ့ဖြိုး တိုးတက်မှု အတွက် အကောင်းဆုံးအရာ ဖြစ်လိမ့်မယ်။ အကောင်းဆုံး နည်းပြတွေနဲ့ အကောင်းဆုံး ကစားသမားတွေက ကျွန်တော့်ရဲ့ အဆင့်အတန်းကို နောက်တစ်ဆင့် တက်လှမ်းစေနိုင်ပါလိမ့်မယ်။ ကျွန်တော် တိုးတက်နေတယ်လို့ ခံစားရပေမယ့် ဒီမှာ ထိပ်တန်း ကစားသမား ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် အဲဒီထဲမှာ ပါဝင်ချင်ပါတယ်၊ သမိုင်းကို ပြန်လည် ရေးသားချင်ပါတယ်။”

မန်စီးတီးကို ပြောင်းလာနိုင်လို့ တကယ်ပဲ ဂုဏ်ယူမိပါတယ်၊ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်လျှောက် ပပ် (ဂွါဒီယိုလာ) လက်အောက်က မန်စီးတီး ကစားဟန်ကို ကျွန်တော် အမြဲတမ်း စောင့်ကြည့်နေခဲ့တာပါ။ သူတို့က ဖလားများစွာ ရယူခဲ့သလို ပရီးမီးယားလိဂ် ကိုလည်း စိုးမိုးထားနိုင်ခဲ့ပါတယ်၊ ဒါက ကျွန်တော့် ကစားသမား ဘဝ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ခြင်းပါပဲ။ နောက်တစ်ခုက ကျွန်တော့်ရဲ့ အကောင်းဆုံး ပုံစံက အခုအထိ ရောက်မလာသေးပါဘူး။ အဲ့ဒါက အသေအချာပါပဲ။ ဒီအသင်းကို လက်ကျန် ရာသီဝက် အကောင်းဆုံး ကူညီပေးသွားမှာပါ၊ အသင်းသစ်နဲ့ ပွဲထွက်ခွင့်ရဖို့ မစောင့်နိုင်တော့ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘရစ္စတိုးလ်စီးတီး၊ နယူးပို့တ်ကောင်တီ၊ ဘက်သ်စီးတီး၊ ဆန်းဒါးလန်း တို့မှာ ကစားသမားဘဝကို စတင် ဖြတ်သန်းခဲ့တဲ့ ဆီမီညိုက ၂၀၂၃ ခုနှစ်မှ ဘုန်းမောက်ကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ဆီမီညိုက ဘုန်းမောက်မှာ ပွဲပေါင်း ၁၁၀ ကစားကာ ဂိုး ၃၀ သွင်းပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဆီမီညိုဟာ ဘုန်းမောက်ကို ရောက်ရောက်ချင်း ရာသီမှာ လူသိနည်းခဲ့ပေမယ့် နောက်ပိုင်း နှစ်တွေ အတွင်း ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာပြီး အသင်းကြီးတွေရဲ့ ပစ်မှတ် ဖြစ်လာသူပါ။

ဆီမီညိုက သူ့ရဲ့ ရရှိခဲ့တဲ့ အတွေ့အကြုံတွေေ အပြုသဘောဆောင်တဲ့ စိန်ခေါ်မှုတွေ ဖြစ်ခဲ့ပြီး ဒီနေ့လို ကစားသမား တစ်ယောက် ဖြစ်လာစေရုံ သာမက ပိုပြီး ပြည့်စုံတဲ့ လူတစ်ယောက် ဖြစ်လာစေခဲ့ကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။ 

“ဒီကို ရောက်ဖို့ ကျွန်တော့်မှာ ခိုင်မာတဲ့ စရိုက် လက္ခဏာ ရှိရပါမယ်။ စိတ်ခံစားမှုအရရော၊ စိတ်ပိုင်းဆိုင်ရာ အရပါ ကျွန်တော် အရမ်းခိုင်မာရမယ်လို့ ခံစားရပါတယ်။ ကျွန်တော့်ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေ၊ ကျွန်တော့်ချစ်သူက ကျွန်တော့်ကို စိတ်ဓာတ်တက်ကြွစေပြီး အမြဲတမ်း တွန်းအားပေးနေခဲ့တယ်။ အခက်အခဲတွေ၊ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ဖို့ ကိုယ့်ကိုယ်ကိုယ် အများကြီး တွန်းအားပေးခဲ့ရတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော့်ကို ဒီနေ့ ကျွန်တော် ဖြစ်တည်လာစေခဲ့တယ်။ သန်မာတယ်၊ ရဲရင့်တယ်၊ ကမ္ဘာကြီးကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတယ်။ ၁၀၀ ရာခိုင်နှုန်းပါပဲ။” လို့ ဆီမီညိုက ပြောကြားခဲ့ပါတယ်။

ဆီမီညို အနေနဲ့ လာမယ့် အက်ဖ်အေဖလား ပွဲစဉ်မှာ စတင် ပါဝင်လာဖို့ ရှိနေပြီး ပရီးမီးယားလိဂ် မှာတော့ မန်ချက်စတာဒါဘီ ပွဲစဉ် အမီ ပါဝင်ကစားပေးနိုင်ဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်