နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နှစ်ပွဲဆက် ၅ ဂိုးနဲ့ ၅ ဂိုး အထက် သွင်းပြီး အနိုင်ရခဲ့တဲ့ အာဆင်နယ်တို့ ဘာတွေ အမြတ်ထွက်ခဲ့သလဲ | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

ပြီးခဲ့တဲ့ ပွဲစဉ်မှာ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ၀-၆ နဲ့ အနိုင်ယူခဲ့တဲ့ အာဆင်နယ် ကတော့ ဒီတစ်ပတ် ပရီးမီးယားလိဂ် မှာလည်း ဖိုက်စတား နိုင်ပွဲ ထပ်ရခဲ့တာ ဖြစ်ပါတယ်။ ဂန်းနား တို့ဟာ ဘန်လေရဲ့ တက်ဖ်မောမှာ ပုံစံကောင်း တစ်ခုကို ဆက်လက် ပြသရင်း ၀-၅ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာပါ။

တနည်းအားဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဓိက ပြိုင်ဘက် ဖြစ်တဲ့ မန်စီးတီးတို့ ချဲလ်ဆီးနဲ့ သရေကျခဲ့ချိန်မှာ အာဆင်နယ်တို့ အခွင့်ကောင်းယူနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ တစ်ဆက်တည်းမှာပဲ အာဆင်နယ်ဟာ EPL ရဲ့ Goal Difference အကောင်းဆုံး အသင်း အဖြစ် (၃၆) + နဲ့ ထိပ်ဆုံးမှာ ရှိလာခဲ့ပြီး မန်စီးတီးရဲ့ ခြေချော်မှုကြောင့်လည်း အဆင့် (၂) နေရာကို အရယူနိုင်ခဲ့ပါတယ်။

ခြေစွမ်းအရ ပြန်ကြည့်ရင် အာဆင်နယ်ဟာ ဒီနေ့ပွဲမှာလည်း တစ်သင်းလုံး အချိတ်အဆက်မိမိနဲ့ တိုက်စစ်ကို အကောင်းဆုံး ပုံဖော်သွားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒူဘိုင်းက အပြန် ပရီးမီးယားလိဂ် (၅) ပွဲမှာ ၂၁ ဂိုး သွင်းပြီး ၂ ဂိုးသာ ပေးခဲ့ရတဲ့ အာဆင်နယ်ရဲ့ Stats တွေက ကြောက်ခမန်းလိလိပါ။

ဒူဘိုင်းက အပြန် ပရီးမီးယားလိဂ် (၅) ပွဲမှာ ၂၁ ဂိုး သွင်းပြီး ၂ ဂိုးသာ ပေးခဲ့ရတဲ့ အာဆင်နယ်ရဲ့ Stats တွေက ကြောက်ခမန်းလိလိပါ။
ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းကြောင်းပေါ် ပြန်ရောက်လာကြောင်း ထပ်မံ သက်သေပြခဲ့တဲ့ အာဆင်နယ်

ဒီနေ့ပွဲမှာလည်း ဆာကာက ကမ္ဘာ့အဆင့် ကစားသမား တစ်ယောက် မဟုတ်ဘူးဆိုတဲ့ ဝေဖန်မှုတွေကို အလုပ်နဲ့ပဲ သက်သေပြခဲ့ပြီး ပရီးမီးယားလိဂ် ၄ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ နောက်တစ်ချက်က ထရော့ဆက်ဒ်နဲ့ ကိုင်ဟာဗက်ဇ်ရဲ့ တွဲဖက်မှု ဖြစ်ပြီး သူတို့ နှစ်ယောက်ကြားက Interchange တွေ ၊ Postional ပိုင်း နားလည်မှုတွေ ၊ Space အသုံးချမှုတွေက တကယ့်ကို အချိန်ကိုက်တွေပါပဲ။ မှန်ဘီလူးလေးရော ကိုင်ဟာဗက်ဇ်ပါ သွင်းဂိုး ရခဲ့ပြီး ဟာဗက်ဇ် ဆိုရင် တစ်ကိုယ်တော် ထိုးဖောက်ပြီး ကန်သွင်းသွားခဲ့တာ အားရစရာပါ။ အာဆင်နယ် အတွက် အခြားသော သွင်းဂိုးတွေ ကိုတော့ အိုဒီဂတ်နဲ့ ဆာကာ တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် ကတော့ ဒီနေ့ပွဲမှာလည်း သူ့ရဲ့ ကစားဟန် အတိုင်း တစ်ကွင်းလုံးကို အင်တိုက် အားတိုက် ပတ်ကစားပေးခဲ့ပြီး နော်ဝေသားက သူ့ရဲ့ trademark သွင်းဂိုး တစ်ဂိုးလည်း ထပ်ရခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ချီးကျူးရမှာက ဘယ်ခံစစ်မှာ ကစားတဲ့ ခီဗီယော ဖြစ်ပါတယ်။ ဒီပိုလန် ကစားသမားလေးက တစ်ပွဲထက် တစ်ပွဲ တည်ငြိမ်လာခဲ့ပြီး အာဆင်နယ် ခံစစ် ကျစ်လျစ်စေဖို့ အတွက် အထောက်အပံ့ကောင်း ဖြစ်လာခဲ့ပါပြီ။ ရိုက်စစ်ရဲ့ ခြေစွမ်း ကတော့ အထွေအထူး ပြောစရာ မရှိအောင် ကောင်းခဲ့သလို ရာယာ ကလည်း နောက်ထပ် Clean Sheet တစ်ပွဲ ထပ်ရခဲ့ပါတယ်။ ဒါ့အပြင် ဆလီဘာက အခုရာသီ ပရီးမီးယားလိဂ်ရဲ့ Clean Sheet အများဆုံး ရထားတဲ့ ကစားသမား (၁၀ ပွဲ) ဖြစ်လာခဲ့သလို ရာယာ ကလည်း ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ Clean Sheet အများဆုံး ရထားတဲ့ ဂိုးသမား (၈ ပွဲ) ဖြစ်လာခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
အင်တာမီလန်
အက်တလက်တီကို
1X2 အက်တလက်တီကို @ 4.15
ဂိုးပေါ် 2.50 @ 2.17
ဂိုးပေါင်း 0-1 @ 2.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နောက်ဆုံး မှာတော့ အာဆင်နယ်ဟာ မန်စီးတီး အသင်း သရေရလဒ် ထွက်ပေါ်ခဲ့တဲ့နောက် (၂၀၂၄) ခုနှစ် အတွင်း ပရီးမီးယားလိဂ် ပွဲစဉ်တိုင်းကို အနိုင်ရထားတဲ့ တစ်သင်းတည်းသော ကလပ် ဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်ဟာ လက်တလော ပရီးမီးယားလိဂ် ဇယား ထိပ်က လစ်ဗာပူးလ်ကို ၂ မှတ် အကွာနဲ့ ဖိအားပေးနေသလို မန်စီးတီး ထက်တော့ တစ်ပွဲ ပိုကစားပြီး ၂ မှတ် အသာရထားပါတယ်။

ဒီပွဲပြီးရင်တော့ မီခဲလ် အာတေးတားရဲ့ အသင်းက ပေါ်တိုနဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့် ကစားဖို့ ရှိနေပြီး ဂန်းနား တို့ အနေနဲ့ ဥရောပပွဲစဉ်တွေကို ပြန်လည် အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်