နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်ဂွိင်းယားကို အသည်းအသန် လိုချင်နေတဲ့ ဝက်စ်ဟမ်း (ပရီးမီးယားလိဂ် သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၂ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မက်ဂွိင်းယားကို အသည်းအသန် လိုချင်နေတဲ့ ဝက်စ်ဟမ်း 

ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် ယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွိင်းယားကို ဒုတိယ အကြိမ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ် နှောင်းပိုင်းမှာ ဝက်စ်ဟမ်းဟာ မက်ဂွိင်းယား အတွက် ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းခဲ့ပြီး မန်ချက်စတာယူနိုက်တက် ဘက်က ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ 

မန်ချက်စတာယူနိုက်တက်ဟာ အင်္ဂလန် နောက်ခံလူ အတွက် ပေါင်သန်း ၂၀ ထက် သိသိသာသာ ကျော်လွန်တဲ့ ပမာဏ လိုချင်နေတာ ဖြစ်ပြီး ဝက်စ်ဟမ်းဟာ မက်ဂွိုင်းယား အနေနဲ့ အိုးထရက်ဖို့ဒ် ကနေ ထွက်ခွာချင်ရဲ့လား ဆိုတာ သံသယ ရှိနေတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် မက်ဂွိုင်းယားရဲ့ မြင့်မားတဲ့ လစာပမာဏကြောင့် ဒေးဗစ် မွိုက်စ်ရဲ့ အသင်း အနေနဲ့ အပြောင်းအရွှေ့ကို ဖြစ်မြောက်အောင် လုပ်ဆောင်ဖို့ ခက်ပေမယ့်လည်း နောက်ထပ် တစ်ကြိမ် ကြိုးပမ်းသွားချင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ 


ကစားသမားတွေကို ဒေါသထွက်ခဲ့တဲ့ တန်ဟက်ဂ် 

ဘေယန်မြူးနစ် အသင်း တာဝန်ရှိသူတွေဟာ ဟယ်ရီ ကိန်း အတွက် ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးနဲ့ တနင်္လာနေ့က လန်ဒန်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဟယ်ရီကိန်းရဲ့ အပြောင်းအရွှေ့ အတွက် အားထည့် လုပ်ဆောင်နေတဲ့ ဘေယန်မြူးနစ်

ဖာကွန်ဒို ပယ်လီစထရီက အဲရစ်ခ် တန်ဟက်ဂ်ဟာ ဒေါ့မန်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ည ပွဲစဉ် အပြီးမှာ အသင်းသားတွေကို ဒေါသထွက်ခဲ့တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ 

မန်ချက်စတာယူနိုက်တက်ဟာ အမေရိက ရာသီကြို ခရီးစဉ်မှာ ဘွန်ဒက်စ်လီဂါ ကလပ်ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ဒွန်ရဲလ် မာလန်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ၇၁ မိနစ်မှာ ယူဆက်ဖ် မိုကိုကိုရဲ့ နောက်ကျ အနိုင်ဂိုးကို ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ပယ်လီစထရီဟာ တန်ဟက်ဂ်က ကစားသမား အပြောင်းအလဲတွေ အများအပြား မပြုလုပ်မီ လပ်စ် ဗေးဂတ်မှာ ပွဲထွက် ပါဝင်ကစားပေးခဲ့တဲ့ ကစားသမားတွေထဲ တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒတ်ချ် နည်းပြဟာ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဒေါသထွက်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ 

“ပထမပိုင်း ၄၃ မိနစ် အထိ ကျွန်တော်တို့ ကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ဘောလုံးနဲ့ သက်တောင့် သက်သာရှိပုံပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟုတ်တာပေါ့။ သူ ဒေါသထွက်ခဲ့တာပေါ့။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ အမှား ၂ ခုလုပ်ခဲ့ပြီး ပွဲကို ပြောင်းလဲသွားစေခဲ့တဲ့ ဂိုးကို ခွင့်ပြုခဲ့ရလို့ပါ။ ကျွန်တော်တို့ ပေးခဲ့ရတဲ့ ဂိုးတွေက ပွဲအရှိန်အဟုန်ကို ပြောင်းလဲစေခဲ့ပေမယ့် ကျွန်တော်တို့ ကစားချင်တဲ့ ပုံစံနဲ့ ဆက်ကစားရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ 


စပါးနဲ့ လန်ဒန်မှာ တွေ့ခဲ့ပေမယ့် သတ်မှတ်စျေးထက် ပေါင်သန်း ၂၀ လိုနေတဲ့ ဘေယန်မြူးနစ် 

ဘေယန်မြူးနစ် အသင်း တာဝန်ရှိသူတွေဟာ ဟယ်ရီ ကိန်း အတွက် ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးနဲ့ တနင်္လာနေ့က လန်ဒန်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီနောက် ယခုအပတ်ထဲမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက် ပြုလုပ်သွားမယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။ 

ကိန်းဟာ ဘေယန်မြူးနစ်ရဲ့ ယခုနွေရာသီ နံပါတ် ၁ ထိပ်တန်း ပစ်မှတ် ဖြစ်ပြီး ဘွန်ဒက်စ်လီဂါ ထိပ်သီး အသင်းကြီးဟာ အင်္ဂလန် တိုက်စစ်မှူး အတွက် ၎င်းတို့ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးကို ရိုက်ချိုးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။  

ဒါပေမယ့်လည်း ဘေယန်မြူးနစ်ဟာ တော့တင်ဟမ်ဟော့စပါးနဲ့ သဘောတူညီမှု ရရှိဖို့အတွက် အနည်းဆုံး ပေါင်သန်း ၂၀ အထိ ကွာဟမှုရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ဘေယန်မြူးနစ်ရဲ့ လက်ရှိ အသင်း စံချိန်တင် ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း ၈၀ ဖြစ်ပြီး လွန်ခဲ့တဲ့ ၄ နှစ်က လူးကပ်စ် ဟာနန်ဒက်ဇ် အတွက် ပေးချေခဲ့တာ ဖြစ်ပါတယ်။ 


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်