လစ်ဗာပူးလ် – အစ်ပ်ဆွစ်ချ်တောင်း
အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ရဲ့ ပွဲစဉ် တစ်ပွဲ အဖြစ် လစ်ဗာပူးလ်က အစ်ပ်ဆွစ်ချ်တောင်းကို အန်ဖီးလ်မှာ ဧည့်ခံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေတဲ့ အသင်းနဲ့ တန်းမဆင်းရရေး ရုန်းကန်နေရတဲ့ အသင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရဦးမှာလည်း ဖြစ်ပါတယ်။
လစ်ဗာပူးလ်က ပရီးမီးယားလိဂ် ၂ ပွဲဆက် ခြေချော်ခဲ့မှုကို ပြီးခဲ့တဲ့ ပွဲမှာ ဘရန့်ဖို့ဒ်ကို အနိုင်ယူပြီး ရပ်တန့်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် မှာလည်း လစ်ဗာပူးလ်က လိုင်လီကို ၂-၁ ရလဒ်နဲ့ အနိုင်ယူပြီး လိဂ်အဆင့် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ အာနေး ဆလော့တ်ရဲ့ အသင်းက တချို့ ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း အားနည်းချက်တွေ မြင်တွေ့နေရပေမယ့် ချန်ပီယံလောင်း အသင်း တစ်သင်းရဲ့ ပုံစံမျိုးနဲ့ အတူ ရလဒ်ကောင်းတွေ ရှာဖွေထားနိုင်ဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ ဆိုရင် လစ်ဗာပူးလ်က မိနစ် ၉၀ အထိ ဂိုးမရှိ သရေကျနေပြီးမှ ဒါဝင် နူညက်ဇ်ရဲ့ အချိန်ပို သွင်းဂိုးတွေနဲ့ အတူ ဂိုးပြတ် နိုင်ပွဲ ရခဲ့ပါတယ်။ လစ်ဗာပူးလ်က တတ်နိုင်သမျှ အမှတ်ဖြတ်ထားနိုင်ဖို့ ကြိုးစားဦးမှာ ဖြစ်ပြီးတော့ အိမ်ကွင်းမှာ ၃ မှတ် အပြည့် ယူပါလိမ့်မယ်။
ချဲလ်ဆီးကို အနိုင်၊ ဖူလ်ဟမ်ကို သရေ ကစားခဲ့တဲ့ အစ်ပ်ဆွစ်ချ် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ပြန်ရှုံးထားပါတယ်။ အစ်ပ်ဆွစ်ချ်က ဘရိုက်တန်ကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ ရှုံးခဲ့သလို မန်စီးတီး ကိုလည်း အိမ်ကွင်းမှာပဲ ၀-၆ ရလဒ်နဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။ တန်းမဆင်းရရေး တိုက်ပွဲဝင်နေတဲ့ အစ်ပ်ဆွစ်ချ်လို အသင်း အတွက် ဇယားထိပ်က နှစ်သင်းနဲ့ ဆက်တိုက် တွေ့ဆုံရတာ ကတော့ စိတ်မကောင်းစရာပါ။ အစ်ပ်ဆွစ်ချ်တို့ အန်ဖီးလ်မှာ ဂိုးပြတ် မရှုံးဖို့ပဲ မျှော်လင့်ထားရမယ့် ပွဲ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အစ်ပ်ဆွစ်ချ် ဘက် မှာတော့ အော့ဂ်ဘီနီ၊ ချက်ပလင်နဲ့ ဇမိုးဒစ်တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
လစ်ဗာပူးလ် – အလီဆွန်၊ အာနိုးလ်၊ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ ဆီမီကတ်စ်၊ ဂရာဗန်ဘက်ချ်၊ မာ့ခ် အယ်လစ္စတာ၊ ဆိုဘို့ဇ်လိုင်း၊ ဂက်ခ်ပို၊ ဆာလာ၊ ဒီးယက်ဇ်
အစ်ပ်ဆွစ်ချ်တောင်း – ဝဲလ်တန်၊ အိုရှေး၊ ဂေါ့ဖရေး၊ ဘားဂတ်စ်၊ ဒေးဗစ်၊ ဂျွန်ဆန်၊ ကာဂျု့စ်၊ မော်ဆီ၊ ကလာ့ခ်၊ ဟက်ချင်ဆန်၊ ဒီလပ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ဒီရာသီ ပထမအကျော့ ပရီးမီးယားလိဂ် မှာသာ တွေ့ဆုံထားခဲ့တာ ဖြစ်ပြီး လစ်ဗာပူးလ်က အစ်ပ်ဆွစ်ချ်ရဲ့ ကွင်းမှာ ၀-၂ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ လစ်ဗာပူးလ် နိုင်ရင် ၁.၀၀ ဆ ရမှာ ဖြစ်ပြီး အစ်ပ်ဆွစ်ချ်တောင်း နိုင်ရင်တော့ ၁၄.၀၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၈.၄၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း လစ်ဗာပူးလ် ဘက်က ကြေး ခပ်ပြင်းပြင်း ဖွင့်ထားသလို ဂိုးပေါင်းကြေး ကလည်း ပြင်းပါတယ်။ အစ်ပ်ဆွစ်ချ်ဟာ လစ်ဗာပူးလ် အတွက်တော့ ပြိုင်ဘက်ကောင်း မဟုတ်ပါဘူး။ အစ်ပ်ဆွစ်ချ်တို့ တန်းဆင်းဇုန်ထဲက ရုန်းထွက်ချင်နေပေမယ့် အန်ဖီးလ်မှာ ဘာမှ တတ်နိုင်ဖို့ မရှိပါဘူး။ လစ်ဗာပူးလ် အနိုင်သေချာပြီးတော့ ဂိုးပြတ် မပြတ်ပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ခန့်မှန်းရလဒ်
လစ်ဗာပူးလ် ၃-၁ အစ်ပ်ဆွစ်ချ်တောင်း
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.