ရှက်ဖီးလ်ယူနိုက်တက် – ဘုန်းမောက်
နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ဘုန်းမောက် ပွဲစဉ်ကို သုံးသပ်ပေးသွားမှာ ဖြစ်ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်ဟာ စနေနေ့ ညနေမှာ ဘုန်းမောက်ကို ဘရာမောလ်လိန်းမှာ လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပြီး နိုင်ပွဲ ရယူပြီး တန်းဆင်းဇုန် ကနေ လွတ်မြောက်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ရှက်ဖီးလ်ဟာ နောက်ဆုံး ၃ ပွဲမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဝုဗ်ကို အနိုင်ရခဲ့သလို ဘရိုက်တန်နဲ့ သရေကျခဲ့ပါတယ်။ ဒါကြောင့် ရမှတ် ၅ မှတ် ပိုင်ဆိုင်ထားပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဘုန်းမောက်ကလည်း လစ်ဗာပူးလ်နဲ့ မန်စီးတီးတို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် နယူးကာဆယ်ကို အံ့အားသင့်ဖွယ် အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ လက်တလော ရမှတ် ၉ မှတ်နဲ့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်အထက် အဆင့် ၁၆ နေရာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

ရှက်ဖီးယူနိုက်တက် ဘက်မှာ ဒဏ်ရာပြဿနာ တော်တော်လေး များပြားနေပြီး တွမ် ဒေးဗီးစ်၊ ဂျွန် အီဂန်၊ ဘာရှမ်တို့ ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နော်ရင်တန်-ဒေးဗီးစ်၊ ဘရူးစတား၊ မက်ဘန်နီ၊ ကူလီဘလီ၊ ဂျက်ဘီဆင်၊ အာမက်ဟော့ဇစ် တို့လည်း ပါဝင်ကစားပေးဖို့ မရေမရာ ဖြစ်နေတယ်လို့ သိရပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ရှက်ဖီးလ်ယူနိုက်တက် – ဖိုဒါရင်ဟမ်၊ ဘယ်ဒေါ့ခ်၊ ရောဘင်ဆင်၊ ထရပ်စတီ၊ ဘိုဂယ်၊ ဒီဆူဇာ ကော်စတာ၊ နောဝုဒ်၊ သောမတ်စ်၊ ဟာမာ၊ မက်ကတီး၊ အာချာ
ဘုန်းမောက် – နီတို၊ ကယ်လီ၊ ဆီနီဆီ၊ ဇာဘန်ညီ၊ အာရွန်စ်၊ ခရစ္စတီး၊ ကွတ်ခ်၊ တာဗာနီယာ၊ ကလွိုက်ဗက်၊ ဆီမန်ညို၊ ဆိုလန်ကီ




ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းကြား ၈ ကြိမ် တွေ့ဆုံခဲ့ရာမှာ ရှက်ဖီးလ်က ၅ ကြိမ် နိုင် ၂ ကြိမ် သရေ ဘုန်းမောက်က ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ရှက်ဖီးလ်က ၁ ပွဲနိုင် ၁ ပွဲ သရေ ၃ ပွဲ ရှုံးခဲ့ပြီး ဘုန်းမောက်က ၂ ပွဲနိုင် ၃ ပွဲ ရှုံးခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP ရဲ့ 1X2 မှာ ရှက်ဖီးလ် နိုင်ရင် ၃.၂၅ ဆ၊ ဘုန်းမောက် နိုင်ရင် ၂.၂၀ ဆနဲ့ သရေ ဆိုရင် ၃.၂၅ ဆပါ။ Handicap မှာ ဘုန်းမောက်က သရေ အရှုံးပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံး အရှုံးပါ။ ရှက်ဖီးယူနိုက်တက်ဟာ ဘုန်းမောက်နဲ့ နောက်ဆုံး ကစားခဲ့တဲ့ ၁၂ ပွဲမှာ ၉ ပွဲ အထိ နိုင်ပွဲ ရခဲ့ပြီး ၂ ပွဲသရေ ၁ ပွဲသာ ရှုံးနိမ့်ခဲ့တာကြောင့် တော်တော်လေး အထင်ကြီးစရာ ကောင်းတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ ဆိုရင်လည်း နှစ်သင်းစလုံးက ခြေစွမ်းပိုင်း ကွာဟမှု သိပ်မရှိတာကြောင့် အိမ်ရှင်တွေက ပရိသတ်အားနဲ့ အနိုင်ယူသွားနိုင်ပါတယ်။
ခန့်မှန်းရလဒ်
ရှက်ဖီးလ်ယူနိုက်တက် ၂-၁ ဘုန်းမောက်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.