နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အင်္ဂလန် ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာပြန်တဲ့ ဗလာဟိုဗစ်၊ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ဘယ်လင်ဟမ်ကို အလဲအလှယ် လုပ်ချင်နေတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၂၈ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် က‌တော့ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို စိတ်ဝင်စားနေတဲ့ တစ်သင်းတည်းသော အသင်း မဟုတ်ပါဘူး။ ကစားသမားရဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၆ လထဲကို ဝင်ရောက်လာချိန်မှာ ပရီးမီးယားလိဂ် ကလပ် တော်တော်များများက ခေါ်ယူချင်နေပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ပဲရစ်စိန့်ဂျာမိန်း တောင်ပံကစားသမား ဘရက်ဒလီ ဘာကိုလာကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ နောက်ဆုံး အသင်း ဖြစ်ပါတယ်။ ပြင်သစ်သား ကိုတော့ လစ်ဗာပူးလ်နဲ့ ဘေယန်မြူးနစ် တို့ကလည်း ခေါ်ယူချင်နေပေမယ့် ပီအက်စ်ဂျီ ကတော့ လာမယ့် ဇန်နဝါရီမှာ ရောင်းချဖို့ စိတ်မဝင်စားကြောင်း သိရပါတယ်။

တစ်ချိန်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်က ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အော်ဇေး တိုက်စစ်မှူး လာဆင်း ဆီနာယိုကို အတွက် အံ့အားသင့်ဖွယ် သဘောတူညီချက် တစ်ခု အတွက် ခိုင်မာတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ အသက် ၂၆ နှစ် အရွယ် ကစားသမားဟာ ဒီနှစ် အစောပိုင်းက INEOS ပိုင်ဆိုင်တဲ့ နိစ်နဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ 

အာဆင်နယ် ကစားသမား နှစ်ဦး ဖြစ်တဲ့ အီသန် နွမ်နရီနဲ့ မိုင်းလ်စ် လူးဝစ်-စကယ်လီ တို့ဟာ ပွဲကစားချိန် အကန့်အသတ် ရှိနေတာကြောင့် စိတ်ပျက်နေကြပါတယ်။ ဒီကစားသမား နှစ်ဦးစလုံးကို အသင်း အများအပြားက စိတ်ဝင်စားနေပေမယ့် ဂန်းနားတွေ ကတော့ လုံးဝ လက်လွှတ်လိုခြင်း မရှိကြောင်း The Athletic က ဖော်ပြပါတယ်။

တော့တင်ဟမ်ဟော့စပါးရဲ့ ကင်းထောက်တွေ ကတော့ ဘုန်းမောက်က အန်တိုနီယို ဆီမီညို အစား လိုက်ပ်ဇစ် တောင်ပံ ကစားသမား ယန်း ဒီယိုမန်ဒီကို ပြောင်းလဲ စောင့်ကြည့်နေကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ဂျူ့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အတွက် ရီးရဲလ်မက်ဒရစ်ထံ အလဲအလှယ် သဘောတူညီချက်နဲ့ ကမ်းလှမ်းဖို့ အသင့် ရှိနေကြောင်း သိရပါတယ်။
အန်ဇို ဖာနန်ဒက်ဇ်ကို ပြီးခဲ့တဲ့ ရာသီတွေထဲက ခေါ်ယူချင်နေတဲ့ ရီးရဲလ်မက်ဒရစ်

ဆီမီညိုရဲ့ အပြောင်းအရွှေ့ကြောင့် မန်စီးတီး လူငယ် တောင်ပံ ကစားသမား အော်စကာ ဘော့ဘ် ကတော့ အက်တီဟက် ကနေ ထွက်ခွာဖို့ များနေပါပြီ။ အသက် ၂၂ နှစ် အရွယ် ကစားသမား ကိုတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ဖူလ်ဟမ် နှစ်သင်းစလုံးက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ 

အဲဗာတန် ကတော့ အသင်းမှာ အငှားနဲ့ လာရောက် ကစားနေတဲ့ မန်စီးတီး တောင်ပံ ကစားသမား ဂျက် ဂရီးလစ်ရှ်ကို အပြီးသတ် ခေါ်ယူဖို့ ပြန်လည် စဉ်းစားနေကြောင်း သိရပါတယ်။ မန်စီးတီးဟာ ဂရီးလစ်ရှ်ကို ပေါင် သန်း ၅၀ ရမှ ရောင်းထုတ်လိုတာကြောင့် အဲဗာတန်တို့ လက်တွန့်နေခြင်း ဖြစ်ကြောင်း Football Insider က ဖော်ပြပါတယ်။

ဂျူဗင်တပ်စ် ကတော့ နယူးကာဆယ် ကွင်းလယ်လူ ဆန်ဒရို တိုနာလီကို ဇန်နဝါရီ အပြောင်းအရွှေ့ကာလ သူတို့ရဲ့ အိပ်မက် ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း Gazzetta dello Sport က ဖော်ပြပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ဂျူ့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အတွက် ရီးရဲလ်မက်ဒရစ်ထံ အလဲအလှယ် သဘောတူညီချက်နဲ့ ကမ်းလှမ်းဖို့ အသင့် ရှိနေကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ ရီးရဲလ်မက်ဒရစ်က ကာလအတန်ကြာ စိတ်ဝင်စားနေခဲ့တဲ့ အန်ဇို ဖာနန်ဒက်ဇ်ကို ဘယ်လင်ဟမ်နဲ့ အလဲအလှယ် လုပ်ဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်က အင်္ဂလိပ် ကစားသမားကို ရောင်းချဖို့ စိတ်မဝင်စားကြောင်း Defensa Central က ဖော်ပြပါတယ်။

လာမယ့် ဆောင်းရာသီ မှာတော့ ဝက်စ်ဟမ်းယူနိုက်တက်က ကွင်းလယ် ကစားသမား လူးကပ်စ် ပက်ကေးတားကို လက်လွှတ်သွားမှာ မဟုတ်ကြောင်း သိရပါတယ်။

လိုက်ပ်ဇစ် ခံစစ်မှူး အဲလ် ချက်ဒိုင်လီ ဘစ်ရှီယာဗူ ကတော့ ပရီးမီးယားလိဂ် နှစ်သင်း ဖြစ်တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း တို့ရဲ့ စိတ်ဝင်စားခြင်း ခံနေရပါတယ်။ ဒါပေမယ့်လည်း ကစားသမား ကတော့ လာမယ့် ဇန်နဝါရီမှာ ဘွန်ဒက်စ်လီဂါ ကလပ် မှာသာ ဆက်ရှိနေမယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်