နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်းမတိုးရသေးတဲ့ အကြောင်းရင်းကို ဖွင့်ဟလာတဲ့ ဗန်ဒိုက်ခ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ အဓိက ဗဟိုခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ခ် ကတော့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ လက်ရှိအချိန် မဆွေးနွေးရသေးဘူးလို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ ဗန်ဒိုက်ခ်ဟာ ပရီးမီးယားလိဂ် ကလပ်နဲ့ လာမယ့် ၂၀၂၅ မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ 

De Telegraaf နဲ့ အင်တာဗျူးမှာ ဗန်ဒိုက်ခ်က စာချုပ်သစ် မချုပ်ဆိုရသေးခြင်းရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ရှင်းပြသွားခဲ့ပြီး အဓိက ကတော့ ကလပ်ဟာ သူတို့ရဲ့ နည်းပြသစ်ကို ကြိုဆိုဖို့ အလုပ်ရှုပ်နေခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုရပါတယ်။ 

ဗန်ဒိုက်ခ်က “ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး၊ ကလပ်က နည်းပြသစ်၊ ဝန်ထမ်းသစ်တွေနဲ့ အရာ အားလုံးနဲ့ အလုပ်ရှုပ်နေတာကြောင့်ပါ။ ပြီးတော့ ကစားသမားတွေနဲ့ အလုပ်စလုပ်ရတယ် ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။ အမြဲတမ်း စကားပြောနေနိုင်ဖို့ လိုအပ်ပါတယ်။ ဘာတွေ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

အန်ဖီးလ်မှာ ၆ နှစ်ကြာ ဖြတ်သန်းထားတဲ့ နယ်သာလန် နောက်ခံလူက ကလော့ပ် အလွန် နည်းပြသစ် အာနေး ဆလော့တ် လက်ထက်မှာလည်း အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်ထားသူ ဖြစ်ပါတယ်။ ဗန်ဒိုက်ခ်ဟာ ဂျော်ဒန် ဟန်ဒါဆန် ထွက်ခွာသွားခဲ့ပြီးနောက် မာဆေးလ်ဆိုက်ဒ် ကလပ်ရဲ့ အသင်းခေါင်းဆောင် ရာထူးကို လွှဲပြောင်းရယူထားသူ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိတော့ ဗန်ဒိုက်ခ် အနေနဲ့ စာချုပ်သက်တမ်း နောက်ဆုံး နှစ်ထဲ ရောက်ရှိလာပေမယ့် စာချုပ်သစ် ချုပ်ဆိုထားခြင်းတော့ မရှိသေးပါဘူး။ 

အဲဒီနောက် လစ်ဗာပူးလ်နဲ့ အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလားနဲ့ ကလပ် ကမ္ဘာ့ဖလားတွေ ရရှိခဲ့ပါတယ်။
လစ်ဗာပူးလ် နည်းပြသစ်ကို ချီးကျူးမှုတွေ ပြုလုပ်ထားတဲ့ ဗန်ဒိုက်ခ်

ဆက်လက်ပြီး ဗန်ဒိုက်ခ်က နည်းပြသစ် ဆလော့တ်နဲ့ ပထမဦးဆုံး အကြိမ် စကားပြောဖြစ်ဖြစ်ခဲ့ရာမှာလည်း သူ့ အနေနဲ့ အသင်းရဲ့ အဓိက ကစားသမား အဖြစ် ဆက်ရှိနေဦးမယ် ဆိုတာ သိခဲ့ရကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

ဗန်ဒိုက်ခ်က “ကျွန်တော် အာနေး ဆလော့တ်နဲ့ အရင်က မသိခဲ့ပါဘူး။ ဒါက ပထမဆုံး စကားပြောဖြစ်ခြင်းပါ။ ဒါက နှုတ်ဆက် စကားပြောတယ်လို့ ကျွန်တော် မခံစားခဲ့ရသလို လစ်ဗာပူးလ် ဗားရှင်း 2.0 မှာလည်း သူ ကျွန်တော့်ကို မြင်ချင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ဒီမှာပဲ ဆက်ရှိနေဦးမှာ ဖြစ်ပြီး လာမယ့်ရာသီမှာလည်း ဒီမှာ ရှိနေရတဲ့ အတွက်လည်း ဝမ်းသာပါတယ်။ ကျွန်တော့် အနေနဲ့ သူ့အတွက် လိုအပ်တဲ့ နေရာမှာ ကူညီနိုင်မှာပါ။” လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။

အဲ့နောက် ထွက်ခွာသွားတဲ့ နည်းပြ ကလော့ပ်နဲ့ ပတ်သတ်လို့လည်း ဗန်ဒိုက်ခ်က “ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေပါတယ်၊ ခင်ဗျားတို့ သိမှာပါ။ ကျွန်တော် ပြောမပြတတ်ဘူး။ ကျွန်တော်ဟာ ခဏခဏ ငိုတတ်သူ မဟုတ်ပါဘူး၊ ဒါပေမယ့် မကြာသေးခင် ရက်သတ္တပတ်တွေ အတွင်းမှာ မတူညီတဲ့ အကြောင်းအရင်းတွေကြောင့် ခံစားချက်တွေ အရမ်းပြင်းထန်လာခဲ့ပါတယ်။ နောက်ဆုံးပွဲရဲ့ မိနစ်ပိုင်းဟာ ကျွန်တော့် မိသားစု အတွက်ရော ကျွန်တော့် အတွက်ပါ မေ့မရနိုင်ခဲ့ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။ဗန်ဒိုက်ခ်ဟာ ၂၀၁၈ ခုနှစ်မှာ ဆောက်သမ်တန် ကနေ လစ်ဗာပူးလ်ကို အဲ့ဒီအချိန်တုန်းက စံချိန်တင်ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် လစ်ဗာပူးလ်နဲ့ အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလားနဲ့ ကလပ် ကမ္ဘာ့ဖလားတွေ ရရှိခဲ့ပါတယ်။ အဲ့နောက် ၂၀၂၂ ခုနှစ်မှာတော့ အက်ဖ်အေဖလား ချန်ပီယံ၊ ၂၀၂၂ နဲ့ ၂၀၂၄ မှာတော့ ခရာဘောင်ဖလား ချန်ပီယံ ဖြစ်ထားပါတယ်။ ဗန်ဒိုက်ခ်ဟာ ကလော့ပ်နဲ့ အတူ ဆုဖလား အားလုံး ကိုင်မြှောက်နိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်