နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘူအန်ဒီယာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဂျရတ်ရဲ့ ဗီလာ (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

အဲဗာတန် ၀-၁ အက်စတွန်ဗီလာ

မနေ့ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ အက်စတွန်ဗီလာ တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ တော်တော်လေး အကြိတ်အနယ် ရှိခဲ့ပြီး ဗီလာတို့ ၀-၁ ရလဒ်နဲ့ ဂူဒီဆင်ပါ့ခ်မှာ အနိုင်ရသွားခဲ့ပါတယ်။ အိမ်ရှင်တို့ ပြိုင်ဘက်ကို ဒုတိယပိုင်း တစ်ပိုင်းလုံး ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ များခဲ့လို့ ဘူအန်ဒီရာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ပဲ ဗီလာတို့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အိမ်ရှင် အဲဗာတန် အသင်းက ရိုးရှင်းတဲ့ ၄-၄-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဒေါမနစ် ကလဲဗက်လီဝင်နဲ့ ရစ်ချာလီဆင်ကို ဦးဆောင်စေခဲ့ပါတယ်။ ကွင်းလယ် မှာတော့ ဒမ်မာရီ ဂရေး၊ အန်ဒရီ ဂိုးမက်စ်၊ ဒိုကိုရေး၊ တောင်ဆန်၊ နောက်တန်းနဲ့ ဂိုးမှာတော့ မီနာ၊ ကန်နီ၊ ဟိုးလ်ဂိတ်၊ ဂေါ့ဖရေး၊ ပစ်ခ်ဖို့ဒ် တို့ပဲ ပါဝင်လာခဲ့ပါတယ်။ စတီဗင် ဂျရတ်ရဲ့ အသင်းက ယူနိုက်တက်နဲ့ ပွဲက ကစားကွက်နဲ့ လူစာရင်းကို အပြောင်းအလဲ အနည်းငယ်သာ ပြုလုပ်ခဲ့ပြီး တိုက်စစ်မှာ အိုလီ ဝက်ကင်န်စ်ကို အထောင်ထားကာ ကော်တင်ဟို၊ ရမ်ဆီ၊ ဘူအန်ဒီရာ၊ ဒစ်ဂ်နီး၊ မက်ဂင်းန် တို့နဲ့ လူစုံခဲ့ပါတယ်။

ဒါကြောင့် အဲဗာတန်တို့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ဆက်လက် ရပ်တည်ခဲ့လို့ တန်းဆင်းဇုန် ဖိအားလည်း ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေတဲ့ အဲဗာတန်

ပထမပိုင်း မှာတော့ ဧည့်သည် အက်စတွန်ဗီလာတို့ အဲဗာတန်ထက် ကစားပုံ ပိုကောင်းခဲ့ပြီး ထိရောက်တဲ့ ဘောလုံး ပေးပို့မှုတွေ၊ ဖြန့်ဝေမှုတွေ ပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် တိုက်စစ်နဲ့ တောင်ပံက ကော်တင်ဟို၊ ဘူအန်ဒီရာနဲ့ ဝက်ကင်န်စ်တို့ အချိတ်အဆက်ပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့လို့ စောစောစီးစီး ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန် ကတော့ ယာယီနည်းပြ ဒန်ကန် ဖာဂူဆန် လက်အောက်မှာ ဘင်နီတက်ဇ် လက်ထက် ကထက် ခြေစွမ်းပိုင်း အနည်းငယ် တက်ရိပ်ပြလာပေမယ့် ကစားသမားကောင်း အများစု ပါဝင်နေတဲ့ အက်စတွန်ဗီလာလို ပြိုင်ဘက်နဲ့ ရင်ဆိုင်ခဲ့ရလို့ ပထမပိုင်း တစ်ပိုင်းလုံး တော်တော်လေး ခက်ခဲနေခဲ့ရပါတယ်။ ဒါကြောင့် ပထမပိုင်း ၄၅ မိနစ် ပြည့်လို့ နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ဧည့်သည် ဗီလာရဲ့ သွင်းဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီဂိုး ကိုတော့ ဒစ်ဂ်နီးရဲ့ ဖန်တီးပေးပို့မှု ကနေ တောင်ပံ ကစားသမား ဘူအန်ဒီရာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဂိုးသွင်း အပြီးမှာတော့ အောင်ပွဲခံခဲ့တဲ့ အဲဗာတန် ကစားသမားဟောင်း ဒစ်ဂ်နီး အနေနဲ့ အသင်းဟောင်းရဲ့ ပရိသတ်တွေရဲ့ ရေသန့်ဗူးနဲ့ ပစ်ပေါက်တာလည်း ခံခဲ့ရပါတယ်။

ဒုတိယပိုင်း မှာတော့ အဲလန်၊ ဂေါဒွန်၊ အွန်ယန်ဂို တို့ ဝင်ရောက်လာခဲ့လို့ အဲဗာတန်ရဲ့ ကစားပုံ ပိုသွက်လာခဲ့ပြီး ဗီလာ ဘက်ကိုလည်း တရစပ် ထိုးဖောက် တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် Final Third လိုအပ်ချက်တွေ အပြင် ဗီလာ ခံစစ်က ကွန်ဆာ၊ မင်းဂ်စ်၊ ကတ်ရှ်နဲ့ ဒစ်ဂ်နီး တို့ အမှားနည်းခဲ့တာကြောင့် အဲဗာတန်တို့ ဂိုးရဖို့ ခက်ခဲခဲ့ပြီး ၀-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ အထူး ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားကို ပြောပါ ဆိုရင်တော့ အက်စတွန်ဗီလာ ဘယ်နောက်ခံလူ ဒစ်ဂ်နီး ကိုပဲ လက်ညှိုးထိုးရမှာ ဖြစ်ပါတယ်။ ဒစ်ဂ်နီး အနေနဲ့ အဲဗာတန် ကနေ ထွက်ခွာလာပြီး ၁၀ ရက် မပြည့်ခင် မှာတင်ပဲ အသင်းဟောင်းကို အနိုင်ယူနိုင်မယ့် တစ်လုံးတည်းသော ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျရတ်ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၀ နေရာ ကိုလည်း တက်လှမ်းနိုင်ခဲ့ပါတယ်။ အဲဗာတန် ကတော့ နည်းပြ ဘင်နီတက်ဇ်ကို ထုတ်ပယ် အပြီး ယာယီနည်းပြ ဒန်ကန်ဖာဂူဆန် ကိုင်တွယ်ခဲ့တဲ့ ပွဲထွက်ဦးထွက်မှာ ကစားပုံ ကောင်းခဲ့ပေမယ့် ရှုံးပွဲ နဲ့သာ ရင်ဆိုင်သွားခဲ့ရတာ ဖြစ်ပါတယ်။ အဓိက ကတော့ ပထမပိုင်း တစ်ပိုင်းလုံး တိုက်စစ် သေနေခဲ့တာက အဲဗာတန်တို့ အနိုင် ၃ မှတ်နဲ့ ဝေးခဲ့ရခြင်းရဲ့ အကြောင်းရင်း တစ်ခု ဖြစ်ခဲ့တာပါ။ ဒါကြောင့် အဲဗာတန်တို့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ဆက်လက် ရပ်တည်ခဲ့လို့ တန်းဆင်းဇုန် ဖိအားလည်း ရှိလာခဲ့ပြီ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

အဲဗာတန်တို့ လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဘရန့်ဖို့ဒ်နဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး အက်စတွန်ဗီလာ ကတော့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ဒုတိယအကျော့ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်