နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အခွင့်အရေးတွေ အသုံးချနိုင်ခဲ့လို့ အဝေးကွင်း နိုင်ပွဲ ရခဲ့တဲ့ ဗီလာ (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

နော့ဝှစ်ချ်စီးတီး ဝ – ၂ အက်စတွန်ဗီလာ

ပရီးမီးယားလိဂ်မှာ ပုံစံကောင်း ရနေတဲ့ အသင်း နှစ်သင်းရဲ့ အားပြိုင်မှုမှာ အက်စတွန်ဗီလာတို့ အနည်းငယ် အသာရခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ခြေရည်တူ အသင်း နှစ်သင်းရဲ့ အားပြိုင်မှုက ဘောလုံး ပိုင်ဆိုင်မှု ထပ်တူကျခြင်း နဲ့အတူ အကြိတ်အနယ်ရှိပြီး ပရိသတ်အကြိုက် ဖြစ်ခဲ့ပါတယ်။ အခွင့်အရေး အသုံးချနိုင်မှု အပိုင်း မှာတော့ ဗီလာတို့ အသာရခဲ့လို့ နော့ဝှစ်ချ်တို့ အိမ်ကွင်းရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာပါ။


ပွဲစဉ်အကျဉ်း

အက်စတွန်ဗီလာရဲ့ အဝေးကွင်း ခြေစွမ်းက တည်ငြိမ်လာခဲ့ပြီလို့ ဆိုရမှာပါ။ ပွဲစဉ် ၁၃ နဲ့ ပွဲစဉ် ၁၇ တို့မှာ အနိုင်ရခဲ့ခြင်း နဲ့အတူ အဝေးကွင်းနိုင်ပွဲ ၂ ပွဲဆက်တိုက် ရရှိခဲ့တာပါ။ နော့ဝှစ်ချ် ကတော့ တန်းဆင်းဇုန် ရုန်းအား ရှိနေပေမယ့် ဒီပွဲ မှာတော့ ထင်သလောက် လုပ်မပြနိုင်ခဲ့ပါဘူး။ အထူးသဖြင့် နော့ဝှစ်ချ် နည်းပြဟောင်း ဒင်းစမစ် အနေနဲ့ အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်တဲ့ ပွဲမှာ ရလဒ်ကောင်း မရရှိခဲ့တာပါ။ တီမူပွတ်ကီ၊ ဂီမောလ်၊ မက္ကလင်း၊ ဆိုရန်ဆန်၊  ကတ်ဝဲလ်၊ ဂစ်ဘ်ဆန်တို့ ပါဝင်လာတဲ့ နော့ဝှစ်ချ် လူစာရင်းက အတောင့်တင်းဆုံးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ၄ -၃-၃ နဲ့အတူ ပွဲထွက်လာတဲ့ ဗီလာ လူစာရင်း မှာတော့ ဝက်ကင်စ်၊ ဘွန်ဒီယာ၊ ရမ်ဆေး၊ အက်ရှ်လေယန်း၊ တာဂတ်၊ ထရွိုင်ယိုမင့်တို့နဲ့ လူစုံခဲ့ပါတယ်။ ပွဲအစကတည်းက ဂိုးရဖို့အတွက် နှစ်သင်းလုံး အားစိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အထနှေးနေတဲ့ နော့ဝှစ်ချ် နောက်တန်း ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ ဗီလာရဲ့ တောင်ပံတိုက်စစ် နှစ်ဖက် ကလည်း တော်တော်လေးကို ထိထိရောက်ရောက် ကစားနိုင်ခဲ့တာပါ။ အထူးသဖြင့် အက်ရှ်လေယန်းရဲ့ ဘယ်တောင်ပံထက် ဘွန်ဒီရာရဲ့ ညာတောင်ပံက ပိုပြီး အလုပ်ဖြစ်ခဲ့ပါတယ်။ မက်ဂျင်းရဲ့ အဝေးကန်ချက်ကောင်းကို  နော့ဝှစ်ချ် ဂိုးသမား ကာကွယ်နိုင်ခဲ့တာကလည်း ဗီလာတို့ နစ်နာခဲ့တယ်လို့ ဆိုရမှာပါ။ ကွင်းလယ် ကစားကွက်ပိုင်းအရ သူတစ်ပြန် ကိုယ်တစ်ပြန် ရှိနေခဲ့တဲ့ အတွက် ကွင်းလယ်မှာပဲ ဘောလုံးက အပျက်များနေခဲ့ပါတယ်။ ပွဲချိန် ၃၄ မိနစ်မှာတော့ အက်စတွန်ဗီလာတို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ ကွင်းလယ် ကစားသမား ရမ်ဆေးက ဝက်ကင်စ်နဲ့ တွဲဖက်ပြီး ကွင်းလယ်လောက်ကနေ တစ်ကိုယ်တော် အစွမ်းနဲ့ကျော်ဖြတ်ပြီး အလှပဆုံး အဆုံးသတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဂိုးပေးလိုက်ရပေမယ့် နော့ဝှစ်ချ်တို့ ထင်သလောက် ကစားအား တက်မလာခဲ့ဘဲ ပြိုင်ဘက်ရဲ့ အမှားကိုပဲ စောင့်ကစားနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကြံ့ခိုင်မှု အသားပေး ကစားခဲ့တဲ့အတွက် ပွဲက အနည်းငယ် ကြမ်းခဲ့ပါတယ်။ နော့ဝှစ်ချ် ကတော့ ကစားကွက်တည်ရင်းနဲ့ပဲ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဗီလာ အနေနဲ့ ကစားအားကျနေတဲ့ အက်ရှ်လေယန်း နေရာမှာ ဒန်နီအင့်စ်ကို ထည့်သွင်းပြီး တိုက်စစ်ကို ပိုပြီး ပီပြင်အောင် ကစားလာခဲ့ပါတယ်။ ဒါပေမဲ့ နော့ဝှစ်ချ် ဂိုးသမားနဲ့ နောက်တန်းတို့ နားလည်မှုရှိရှိ ကစားနိုင်ခဲ့တဲ့ အတွက် ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရတယ်လို့ ဆိုရမှာပါ။ ပွဲချိန်မိနစ် ၇၀ နောက်ပိုင်းမှာ နော့ဝှစ်ချ်တို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဂိုးထပ်ရသွားတာ ကတော့ ဗီလာ အသင်း ဖြစ်နေပါတယ်။ လူစားဝင် ကစားသမား ချူကွမ်မီကာရဲ့ ဖန်တီးပေးမှုကနေ ဝက်ကင်စ်က ဂိုးသမားနဲ့ အနီးဆုံးနေရာကနေ အဆုံးသတ်ပြီး ဒုတိယမြောက် ဦးဆောင်ဂိုး ဖြစ်စေခဲ့ပါတယ်။ ပွဲချိန် ၈၇ မိနစ်မှာ ပေးလိုက်ရတဲ့ ဂိုးကြောင့် နော့ဝှစ်ချ်တို့ ရလဒ်ကောင်းဖို့ လုံးဝ မဖြစ်နိုင်ခဲ့တဲ့ အတွက် နောက်ပိုင်း ပွဲချိန်တွေမှာ ထင်သလောက် ကစားအား မရှိတော့ပါဘူး။ ပွဲပြီးခါနီးမှာ အခွင့်အရေးကိုယ်စီ ထပ်ရကြပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့လို့ ဗီလာတို့ အဝေးကွင်း ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝ-၂ ရလဒ်နဲ့ နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။

နော့ဝှစ်ချ်အနေနဲ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဟမ်းယူနိုက်တက် အသင်းရဲ့ အိမ်ကွင်းမှာ သွားကစားရဖို့ ရှိနေပြီး အက်စတွန်ဗီလာ ကတော့ ဘန်လေ အသင်းကို ဧည့်ခံ ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂၀ နေရာမှာ ရောက်ရှိနေတဲ့ နော့ဝှစ်ချ်စီးတီး

ပွဲပြီးသုံးသပ်ချက်

ခြေစွမ်းပိုင်း တက်နေတဲ့ အသင်းနှစ်သင်းရဲ့ အားပြိုင်မှုမှာ ကစားသမားပိုင်း အသာရတဲ့ ဗီလာတို့ အနိုင် ရခဲ့တယ်လို့ပဲ ဆိုရမှာပါ။ နော့ဝှစ်ချ်ရဲ့ အိမ်ကွင်းခြေစွမ်း ကောင်းမွန်ပေမယ့် ဗီလာရဲ့ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမား အစုအဖွဲ့ကို မယှဉ်နိုင်ခဲ့ဘူးလို့ပဲ ဆိုရမှာပါ။ ဘောလုံး ပိုင်ဆိုင်မှု ၅၀-၅၀ ဖြစ်ခဲ့ပေမယ့် အခွင့်အရေးရရှိမှု အပိုင်းမှာတော့ ဗီလာတို့ အသာရခဲ့ပါတယ်။ ဂိုးပေါက် ကန်သွင်းမှု ၇ ကြိမ်မှာ ၃ ကြိမ် ဂိုးတည့်ခဲ့တဲ့ နော့ဝှစ်ချ်ရဲ့ အဆုံးသတ်ပိုင်းကတော့ ကံမကောင်းခဲ့ဘူး လို့ပဲ ဆိုရမှာပါ။ အက်စတွန်ဗီလာ ကတော့ ဂိုးကန်သွင်းမှု ၁၇ ကြိမ်မှာ ဂိုးပေါက်တည့်မှု ၆ ကြိမ် နဲ့အတူ သွင်းဂိုး ၂ ဂိုး ရခဲ့တယ်ဆိုတော့ အထိုက်အလျောက် စွမ်းဆောင်နိုင်ခဲ့တယ်လို့ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ဗီလာ နောက်တန်းနဲ့ ဂိုးသမားတို့ အမှားနည်းခဲ့ပါတယ်။ နော့ဝှစ်ချ်ရဲ့ တန်းဆင်းဇုန် ရုန်းအား အစစ်အမှန်ကို မြင်တွေ့ခဲ့ရပေမယ့် ဗီလာရဲ့ အဝေးကွင်း ခြေစွမ်းကောင်းက ပရိသတ်ကို ပိုပြီး ဖမ်းစားနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ဘရိုက်တန်
1X2 သရေ @ 3.90
ဘရိုက်တန် အာရှ ဟန်းဒီးကပ် +0.75 @ 2.25
ဂိုးပေါ် 2.75 @ 2.13
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လာမယ့်ပွဲစဉ်များ

နော့ဝှစ်ချ်အနေနဲ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဟမ်းယူနိုက်တက် အသင်းရဲ့ အိမ်ကွင်းမှာ သွားကစားရဖို့ ရှိနေပြီး အက်စတွန်ဗီလာ ကတော့ ဘန်လေ အသင်းကို ဧည့်ခံ ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်