ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီလို အင်အား ဖြည့်တင်းရာမှာ ယူနိုက်တက်က ဂိုးသမား နေရာ အတွက်လည်း ကစားသမား တစ်ဦး ခေါ်ယူသွားဦးမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ပထမ ပွဲထွက် ဂိုးသမား အန်ဒရေ အိုနာနာ ကိုတော့ အသင်း ကနေ ရောင်းထုတ်သွားမှာ မဟုတ်ပဲ အသင်းမှာပဲ ဆက်လက် ထားရှိသွားမယ်လို့ သိရပါတယ်။
အိုနာနာဟာ နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ် လက်ထက်မှာ အင်တာမီလန် ကနေ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ တန်ဟက်ဂ်နဲ့ အိုနာနာဟာ အေဂျက်စ်မှာ လက်တွဲခဲ့ဖူးသူ ဖြစ်သလို အင်တာမီလန်မှာ တည်ငြိမ်တဲ့ လက်စွမ်းတွေ ပြသနိုင်ခဲ့တာကြောင့် အားကိုးတကြီး ခေါ်ယူခဲ့တာပါ။ ဒါပေမယ့်လည်း အိုနာနာက ယူနိုက်တက်မှာ ရီစရာကောင်းတဲ့ အထိ အမှားတွေ လုပ်မိခဲ့တာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှု ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။
လက်ရှိမှာ အိုနာနာ အနေနဲ့ သူ့ရဲ့ အမှားတွေကြောင့် ခွင့်ပြုခဲ့ရတဲ့ ဂိုးအရေအတွက်က ဂိုးသမားဟောင်း ဒါးဗစ် ဒက်ဟဲယား ယူနိုက်တက်မှာ ဆယ်စုနှစ် တစ်ခု အကြာ အတွင်း ပြုလုပ်ခဲ့တဲ့ အမှားတွေ ထက်တောင် ပိုများနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယူနိုက်တက် ပရိသတ်တွေက လာမယ့် အပြောင်းအရွှေ့မှာ အိုနာနာကို ရောင်းထုတ်ပြီး ဂိုးသမားသစ် တစ်ဦး ပြန်လည် ခေါ်ယူစေချင်နေကြတာ ဖြစ်ပါတယ်။

အိုနာနာဟာ ယူနိုက်တက် အတွက် နှစ်ရာသီ အတွင်း ပရီးမီယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၈၇ ပွဲ ကစားထားပါတယ်။ အိုနာနာဟာ ပရီးမီးယားလိဂ် မှာတော့ ၆၅ ပွဲ ကစားထားပြီး ပေးဂိုး ကတော့ ၉၇ ဂိုး အထိ ရှိထားပါတယ်။
ဒါပေမယ့်လည်း ယူနိုက်တက် ဘက်ကတော့ အသင်းနဲ့ စာချုပ် သက်တမ်း ၃ နှစ် ကျန်ရှိနေတဲ့ အိုနာနာကို အသင်းမှာသာ ဆက်ထိန်းထားချင်ပြီး အသင်း အတွက် ဂိုးသမားသစ် တစ်ယောက် ခေါ်ယူ အားဖြည့်ခဲ့ရင်တောင်မှ အိုနာနာရဲ့ ပွဲထွက် ဂိုးသမား နေရာ အတွက် အပြိုင်အဆိုင် ဖြစ်လာစေဖို့သာ ရည်ရွယ်သွားဖွယ် ရှိနေပါတယ်။ သတင်းတွေ အရ ဆိုရင် လာမယ့် ရာသီမှာ အသင်းရဲ့ တတိယ ဦးစားပေး ဂိုးသမား တွမ်ဟီတန်က ကစားသမား ဘဝ ကနေ အပြီးတိုင် အနားယူဖို့ ရှိပြီး ဘေယင်ဒါ ကလည်း ပွဲထွက် ကစားခွင့် ရရှိဖို့ အသင်း ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။ ဒါ့အပြင် အိုနာနာ ကလည်း အာဖရိကဖလားကို တစ်လနီးပါး သွားရောက် ကစားရဖို့ ရှိတာကြောင့် ယူနိုက်တက်တို့ ဂိုးသမားသစ် တစ်ဦး မဖြစ်မနေ ခေါ်ယူရဖို့ ရှိနေပါတယ်။
လက်ရှိ မှာတော့ ယူနိုက်တက်က မန်ချက်စတာစီးတီး ဂိုးသမားဟောင်း ဖြစ်တဲ့ ဂျိမ်းစ် ထရတ်ဖို့ဒ်ကို ခေါ်ယူသွားချင်နေပြီးတော့ သူ့ကို နယူးကာဆယ် ကလည်း ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ထရက်ဖို့ဒ်ကို လာမယ့် နွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် နှစ်ခု အပြိုင်အဆိုင် ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။ အသက် ၂၂ နှစ် အရွယ် အင်္ဂလန် ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ် ကတော့ ဒီရာသီမှာ ဘန်လေ အတွက် ပေးဂိုး မရှိ ၂၄ ပွဲ ရယူပေးထားသူလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.