နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်ခြမ်း ခံစစ် အတွက်လည်း ကစားသမားသစ် တစ်ဦး ခေါ်ယူ အားဖြည့်မယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့ ကာလမှာ ခံစစ် ကစားသမားတွေ ကိုသာ အဓိက ပစ်မှတ်ထား ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ဗဟိုခံစစ်နေရာ အတွက် မားသီးယက်စ် ဒီလစ်ဂျ်၊ ဂလိုင်ဆင် ဘရီမာ၊ ဂျရတ် ဘရန့်ဝိတ်သ်၊ တိုဘီဒို၊ လီနီ ယိုရို တို့ကို ပစ်မှတ်ထားနေပြီး ဘယ်ခြမ်း ခံစစ် အတွက်လည်း အင်အားဖြည့်တင်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ လက်ရှိ ဘယ်ခြမ်း ခံစစ်ပစ်မှတ်တွေထဲ မှာတော့ မနှစ်က အငှားနဲ့ ခေါ်ယူခဲ့တဲ့ ဆာဂျီယို ရက်ဂီလွန်း၊ ဂီရိုနာ ဘယ်နောက်ခံ မီဂွယ်လ် ဂူတီယာရက်ဇ် အပြင် ထူးဆန်းစွာနဲ့ပဲ ချဲလ်ဆီး ဘယ်နောက်ခံလူ ဘန်ချေးဝဲလ် လည်း ပါဝင်လာခဲ့ပါတယ်။ လက်ရှိ ယူနိုက်တက် ဘယ်နောက်ခံလူတွေ ဖြစ်တဲ့ လုခ်ရှောနဲ့ တိုင်ရဲလ် မာလာစီယာ တို့ဟာ ပြီးခဲ့တဲ့ ရာသီက မကြာခဏ ဆိုသလို ဒဏ်ရာပြသာနာတွေ ရှိနေခဲ့တာကြောင့် ကစားသမားသစ်တွေ ထပ်မံ အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

လုခ် ရှောဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၁၅ ပွဲသာ ပါဝင်ကစားနိုင်ခဲ့သလို မာလာစီယာ ကလည်း တစ်ရာသီလုံး အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်က ပြီးခဲ့တဲ့ ရာသီမှာ စပါး ဘယ် နောက်ခံလူ ရက်ဂီလွန်းကို အငှားနဲ့ ခေါ်ယူခဲ့ပေမယ့် စာချုပ်ဖျက်ပြီး စပါး အသင်းထံ ပြန်ပို့ခဲ့ပါတယ်။ အဲ့ဒီနောက် ယူနိုက်တက်က ရက်ဂီလွန်းကို စပါး အသင်းဆီ ပြန်ပို့လိုက်ချိန်မှာတော့ အသင်းမှာ ရှိတဲ့ ညာနောက်ခံလူတွေ ဖြစ်တဲ့ ဒီယိုဂို ဒါလော့တ်နဲ့ အာရွန် ဝမ်ဘစ်ဆာခါ တို့ကို အစားထိုး အသုံးပြုခဲ့ရပါတယ်။

ဒီလို လုခ် ရှောနဲ့ မလာစီယာ တို့ရဲ့ အခြေအနေတွေကြောင့် ယူနိုက်တက်က ကြံခိုင်မှု အပိုင်းမှာ စိတ်ချရတဲ့ ဘယ်နောက်ခံလူ တစ်ဦး ထပ်မံ ခေါ်ယူဖို့ စဉ်းစားနေပြီး ပစ်မှတ်ထဲမှာ ချဲလ်ဆီး ဘယ်နောက်ခံလူ ဘန် ချေးဝဲလ်လည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ် အရွယ် ဘန်ချေးဝဲလ်ဟာ လက်စတာစီးတီးမှာ ကစားစဉ် ကတည်းဟာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ ပစ်မှတ်ဟောင်းလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ချေးဝဲလ်က ချဲလ်ဆီးနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး မကြာခဏ ဆိုသလို ဒဏ်ရာရရှိတတ်သူ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ကြံ့ခိုင်မှု ပြည့်ဝတဲ့ ဘယ်နောက်ခံလူ တစ်ဦး ခေါ်ယူချင်နေပေမယ့် မကြာခဏ ဆိုသလို ဒဏ်ရာရနေတတ်တဲ့ ချေးဝဲလ်ကို စိတ်ဝင်စားနေတာ ကတော့ ထူးဆန်းတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဘန် ချေးဝဲလ်ဟာ ပြီးခဲ့တဲ့ ရာသီကလည်း ဒဏ်ရာတွေကြောင့် ၅ လ နီးပါး အနားယူခဲ့ရပါသေးတယ်။

လက်ရှိမှာ ယူနိုက်တက်နဲ့ သတင်းတွေ အထွက်ဆုံး ကစားသမား ကတော့ ရက်ဂီလွန်း ဖြစ်ပြီး သတင်းတေ အရ ဆိုရင် ကစားသမား ကိုယ်တိုင်က စပါး ကနေ ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ စပါး ကလည်း သူတို့ရဲ့ စပိန် ကစားသမားကို အပြီးသတ် ရောင်းထုတ်သွားလိုနေတာ ဖြစ်ပါတယ်။ ရယ်ဂီလွန်း အနေနဲ့ ပရီးမီးယားလိဂ် ကလပ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်တောင် မကျန်တော့လို့ သူ့ကို စိတ်ဝင်စားတဲ့ အသင်းတွေ အနေနဲ့ ဈေးသက်သက်သာသာနဲ့ ခေါ်ယူသွားနိုင်ဖို့တော့ ရှိနေပါတယ်။အကယ်၍ ယူနိုက်တက်သာ ဒီကစားသမားကို အမှန်တကယ် ခေါ်ယူမယ် ဆိုရင်တော့ ယူရို (၁၀) သန်း လောက်နဲ့ ပိုင်ဆိုင်ရဖို့ ရှိနေပါတယ်။ ကစားသမားရဲ့ ဆုံးဖြတ်ချက် ကလည်း အဓိက ကျနေပြီးတော့ စပိန်သား အနေနဲ့ သူ့ကို စာချုပ်ဖျက်ခဲ့တဲ့ အသင်းဆီ ပြန်သွားပါ့မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သူကိုယ်တိုင် ကတော့ အိုးထရက်ဖို့ဒ်မှာ ပျော်ရွှင်တဲ့ အချိန်တွေ ရှိခဲ့တယ်လို့ ဖွင့်ဟထားဘူးပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်