နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာမယ့် နွေရာသီမှာ ကစားသမား ၆ ဦးကို လုံးဝ ရောင်းထုတ်မှာ မဟုတ်တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ အသင်း ကနေ ရောင်းထုတ်လိုခြင်း မရှိတဲ့ ကစားသမား ၆ ဦး အထိ ရှိနေတယ်လို့ သိရပါတယ်။ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက် ကနေ ထွက်ခွာဖွယ် ရှိတဲ့ ကစားသမား များစွာ ရှိနေပေမယ့် ဒီကစားသမား ၆ ဦး ကိုတော့ အသင်း ဘက်က လုံးဝ ရောင်းထုတ်သွားမှာ မဟုတ်ပါဘူး။

သတင်းတွေ အရ ဆိုရင် ဒီကစားသမား ၆ ဦးက ဂိုးသမား အန်ဒရီ အိုနာနာ၊ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်နဲ့ ဒီယိုဂို ဒါးလော့တ်၊ ကွင်းလယ်လူ ကိုဘီ မိန်းနူးနဲ့ တောင်ပံ ကစားသမား အလက်ဟန်ဒရို ဂါနာချို၊ တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းတို့ ဖြစ်ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် လက်အောက်မှာ ဆိုးရွားတဲ့ ရာသီတစ်ခု အဖြစ် ဖြတ်သန်းခဲ့ရပေမယ့် ရာသီအကုန်မှာ အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့သလို ယူရိုပါလိဂ် ဝင်ခွင့်လည်း ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲရစ်ခ် တန်ဟက်ဂ် အနေနဲ့လည်း ယူနိုက်တက် နည်းပြ ရာထူး အတွက် မသေမချာ ဖြစ်ခဲ့ပေမယ့် အခုနောက်ဆုံးမှာတော့ ယူနိုက်တက်ရဲ့ ပူးတွဲ ပိုင်ရှင် ဆာဂျင်မ် ရက်ကလစ်ဖ် ဦးဆောင်တဲ့ အဖွဲ့က တန်ဟက်ဂ် ကိုပဲ အသင်းမှာ ဆက်ထိန်းထားခဲ့ပါတယ်။ INEOS အနေနဲ့ တန်ဟက်ဂ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ အသေအချာ ပြန်လည် သုံးသပ်ပြီးနောက် နယ်သာလန်သားကို ဆက်လက် ထားရှိဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဂျေဆန် ဝီလ်ကော့စ်ကို နည်းစနစ် ဒါရိုက်တာ အဖြစ် တာဝန်ပေးအပ်ခဲ့ပြီး ဒန် အက်ရှ်ဝေါ့သ် ကိုတော့ အားကစားဒါရိုက်တာ အဖြစ် မကြာခင် ခန့်အပ်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စတွေ ပြီးရင်တော့ လာမယ့် အပြောင်းအရွှေ့ ဈေးကွက်မှာ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ရဲ့ နွေရာသီ အသုံးစရိတ် ဘတ်ဂျက်မှာ ပေါင် သန်း ၄၀ ကနေ ပေါင် သန်း ၅၀ ကြားသာ ရှိမယ်လို့ Mirror က ဖော်ပြထားပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်က ကစားသမား ရောင်းချရမှု ကနေ ကစားသမားသစ်တွေ ခေါ်ယူဖို့ကို ပြန်လည် အသုံးပြုသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိ ယူနိုက်တက် ကနေ ထွက်ခွာဖွယ် ရှိတဲ့ ကစားသမား စာရင်းမှာတော့ ကက်စ်မဲရိုး၊ ဂျေဒန် ဆန်ချို၊ ခရစ္စတီယန် အဲရစ်ခ်ဆင်နဲ့ ဗစ်တာ လင်ဒီလော့ဖ် အပြင် ဒွန်နီ ဗန်ဒီဘိခ် လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ကက်စ်မဲရိုး ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ်တွေက စိတ်ဝင်စားနေပြီး ဂျေဒန် ဆန်ချို ကတော့ ဥရောပ ကလပ် အသင်း တစ်သင်းက ခေါ်ယူသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ကိုတော့ ဘေယန်မြူးနစ်နဲ့ ဆော်ဒီပရိုလိဂ် တို့က ချိတ်ဆက်ခဲ့ပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ ဆက်နေဖို့ ပိုမိုကောင်းမွန်တဲ့ စာချုပ်သစ် တစ်ရပ်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ မားကပ်စ် ရက်ရှ်ဖို့ဒ် အတွက် လက်ခံနိုင်တဲ့ ကမ်းလှမ်းမှု ရရှိရင် ရောင်းထုတ်သွားဖို့ ရှိပေမယ့် လက်ရှိ အချိန်ထိတော့ စိတ်ဝင်စားနေတဲ့ အသင်း မရှိသေးကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရက်ရှ်ဖို့ဒ် အနေနဲ့ သူ့ရဲ့ လက်ရှိ စွမ်းဆောင်ရည်ကြောင့် အင်္ဂလန် လက်ရွေးစင် အသင်း အတွက်လည်း အရွေးအချယ် မခံခဲ့ရပဲ သူ့နေရာမှာတော့ ဂျရော့ဒ် ဘိုဝင်၊ အီးဇီးနဲ့ အန်သိုနီ ဂေါ်ဒွန်တို့ကို ဂါရက်သ် ဆောက်ဂိတ်က ရွေးချယ်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်