နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘရန့်ဝိတ်သ်ကို ခေါ်ချင်ရင် ကစားသမား တစ်ဦး ရောင်းထုတ်ရမယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ အဲဗာတန် နောက်ခံလူ ဂျရတ် ဘရန့်ဝိတ်သ်ကို စိတ်ဝင်စားနေခဲ့တာ ပြီးခဲ့တဲ့ ရာသီမကုန်ခင်ကတည်းက ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန် လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံထားရတဲ့ လူငယ် ကစားသမားလေးရဲ့ ခြေစွမ်းကို တော်တော်လေး သဘောကျနေပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အရ ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

အသက် ၂၁ နှစ် အရွယ် အင်္ဂလန် ကစားသမားလေးဟာ ဒီရာသီ ယူနိုက်တက်ရဲ့ ထိပ်တန်း ပစ်မှတ် တစ်ခု ဖြစ်ပြီး လာမယ့် ရာသီ နည်းပြ အပြောင်းအလဲ ရှိခဲ့ရင်လည်း ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ လာမယ့် ရာသီ အတွက် ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် နေရာစုံမှာ အင်အားဖြည့်တင်းဖို့ လိုအပ်နေတာကြောင့် ငွေကြေးကို တတ်နိုင်သမျှ စီမံခန့်ခွဲနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် လက်တလော အသင်းနဲ့ ဆက်ပြီး လက်တွဲဖို့ အဆင်မပြေတော့တဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ ရှိနေပြီး အဲ့ဒီက ရတဲ့ ငွေကြေး တစ်ရပ်နဲ့ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘရန့်ဝိတ်သ်ကို ခေါ်ယူနိုင်ဖို့ ဆိုရင် ပရီးမီးယားလိဂ် ကလပ် အနေနဲ့ PSR စည်းမျဉ်းအရ လာမယ့် ဇွန်လမှာ အနည်းဆုံး ကစားသမား တစ်ဦး ရောင်းထုတ်ရမှာ ဖြစ်ပါတယ်။ လက်တလော ရရှိတဲ့ သတင်းတွေ အရ ဆိုရင် အဲဗာတန် ဘက်ကတော့ ဘရန့်ဝိတ်သ် အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ကနေ ၇၀ ကြား လိုချင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယူနိုက်တက်က ဘရန့်ဝိတ်သ်ရဲ့ အဲဗာတန် အသင်းဖော် အမာဒူ အိုနားနားကို ခေါ်ယူချင်နေတယ်လို့ သိရပေမယ့် လက်ရှိ အချိန်ထိတော့ အဲဗာတန် ဘက်က ပြောင်းရွှေ့ကြေး မသတ်မှတ်ရသေးပါဘူး။ ဒီကွင်းလယ် ကစားသမားကို ယူနိုက်တက်က ပြီးခဲ့တဲ့ နွေရာသီ မှာကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။

အဲဗာတန် ဘက်က ဘရန့်ဝိတ်သ် အတွက် ကမ်းလှမ်းမှုတွေကို လာမယ့် ဇွန်လ ၃၀ ရက်နေ့ မတိုင်ခင် အထိ လက်ခံ စဉ်းစားသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ တစ်ဖက်မှာတော့ ဘရန့်ဝိတ်သ်ကို ချိတ်ဆက်နေတဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ စပါးတို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။
စပါးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက် မတိုင်ခင် ဘရန့်ဝိတ်သ်ကို ခေါ်ယူဖို့ စောင့်ကြည့်ခဲ့ပေမယ့်လည်း ဂျီနိုအာက ဒရာဂူဆင် ကိုပဲ အပြီးသတ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး ကတော့ ဒီနွေရာသီမှာ ဗဟိုခံစစ်မှူး တစ်ဦး ထွက်ခွာသွားခဲ့ရင် အင်အားဖြည့်တင်းဖို့ ကြိုတင် ပြင်ဆင်ထားတာ ဖြစ်ပြီး လက်ရှိ အခြေအနေအရတော့ ဖြစ်နိုင်ချေနည်းနေပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ၂၀၂၄ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ဟာ ဇွန်လ ၁၄ ရက်နေ့ သောကြာနေ့မှာ တရားဝင် ဖွင့်လှစ်သွားမှာ ဖြစ်ပြီး ယူရို ၂၀၂၄ စတင်မယ့်နေ့လည်း ဖြစ်ပါတယ်။ သြဂုတ် ၃၀ ရက်နေ့ ဗြိတိန် စံတော်ချိန် ည ၁၁ နာရီမှာတော့ အပြောင်းအရွှေ့ ပိတ်မှာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်