နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆောင်းရာသီ ဈေးကွက်မှာ အန်တိုနီကို အငှားနဲ့ အသင်း ပြောင်းခွင့်ပေးမယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ အသင်းရဲ့ ညာတောင်ပံ ကစားသမား အန်တိုနီကို အငှားနဲ့ လက်လွှတ်သွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ အသင်းမှာ ပုံမှန် ခြေစွမ်းမပြနိုင်တဲ့ အန်တိုနီကို အစောပိုင်းမှာ ကတည်းက ရောင်းထုတ်ဖို့ စဉ်းစားနေတာ ဖြစ်ပြီးတော့ အခု အခါမှာတော့ အငှားနဲ့ ကမ်းလှမ်းလာခဲ့မယ် ဆိုရင်လည်း လက်ခံသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ အေဂျက်စ် ကနေ နည်းပြ ဖြစ်သူ အဲရစ်ခ် တန်ဟက်ဂ်ကို ခေါ်ယူခဲ့ပြီးတဲ့နောက် တန်ဟက်ဂ်က သူ့ရဲ့ တပည့် အပေါင်းအပါတွေကို တောက်လျောက် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ တန်ဟက်ဂ် အရင်ဆုံး ခေါ်ယူခဲ့တဲ့ အေဂျက်စ် ကစားသမား နှစ်ဦး ကတော့ လီဆန်ဒရို မာတီနက်ဇ်နဲ့ အန်တိုနီ တို့ ဖြစ်ပြီး ယူနိုက်တက်က အန်တိုနီ အတွက် ကိုတော့ ယူရို သန်း ၁၀၀ အထိ ပေးချေခဲ့ရတာ ဖြစ်ပါတယ်။ ဒီနှစ်ဦးထဲမှာ မာတီနက်ဇ် က‌တော့ ယူနိုက်တက် အတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့ပေမယ့် အန်တိုနီ ကတော့ အေဂျက်စ်မှာတုန်းကလို ခြေစွမ်းမျိုး လုံးဝ ပြသထားနိုင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်တွေ အနေနဲ့ ဆိုရင်လည်း နယူးကာဆယ်နဲ့ ခရစ္စတယ်ပဲလေ့စ် တို့က အန်တိုနီကို အလိုရှိနေတယ်လို့ သိရပြီး လာလီဂါ ကလပ် ရီးရဲလ်ဘက်တစ် ကလည်း အငှားနဲ့ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက်မှာ ပုံမှန် ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ အန်တိုနီ

ယူနိုက်တက်ဟာ ဘရာဇီးလ် လက်ရွေးစင် တောင်ပံကစားသမား အန်တိုနီကို ခေါ်ယူဖို့ အတွက် ယူရို သန်း ၁၀၀ နီးပါး (ပေါင် ၈၆ သန်း) သုံးစွဲက အပြောင်းအရွှေ့ ပိတ်ခါနီးမှာ အရ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်တိုနီ ကတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ ခြေစွမ်းနဲ့ အတူ မကြာခဏ ဆိုသလို တလွဲတွေ လုပ်နေတာကြောင့် ယူနိုက်တက် ပရိသတ်တွေရဲ့ လှောင်ပြောင် ဝေဖန်မှုတွေကိုပါ ခံနေခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အန်တိုနီက ယူနိုက်တက် ကစားသမား ဘဝ တတိယမြောက် ရာသီကို ရောက်ရှိနေသည့် တိုင်အောင် မယ်မယ်ရရ ခြေစွမ်း ခြေစ ထုတ်ပြနိုင်ခြင်း မရှိသေးတာကြောင့် အသင်း ဘက်က ရောင်းထုတ်ဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အသင်း အတွက် အသုံးမဝင်တော့တဲ့ အန်တိုနီကို အပြီးသတ် ရှင်းထုတ်ချင်နေပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ လောက် ရရင် ရောင်းထုတ်သွားချင်နေတယ်လို့လည်း သိရပါတယ်။ အကယ်၍ ဆောင်းရာသီ ဈေးကွက်မှာတော့ အန်တိုနီ အတွက် အငှားကမ်းလှမ်းမှုတွေ ရှိလာခဲ့မယ် ဆိုရင်လည်း လက်ခံသွားဖို့ပါ စီစဉ်ထားတာ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ အန်တိုနီကို ပွဲကစားခွင့်တွေ ပိုပေးနိုင်မယ့် အသင်း တစ်သင်းသင်းဆီ အငှားနဲ့ စေလွှတ်ရင်းပြီး အန်တိုနီ ကလည်း အဲ့ဒီ အသင်းမှာ ခြေစွမ်းပြသနိုင်မယ် အသင်း အပေါ် အကျိုးပြုနိုင်မယ် ဆိုရင်တော့ အပြီးသတ် ခေါ်ယူမှုလည်း ရှိလာနိုင်သလို အဲ့ဒီလို မရှိလာခဲ့ရင်တောင် တခြား အသင်းတွေက အန်တိုနီကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာနိုင်လိမ့်မယ်လို ယူနိုက်တက် ဘက်က ယူဆနေတာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ အန်တိုနီကို အသင်းဟောင်း အေဂျက်စ်က ပြန်လည် ခေါ်ယူသွားချင်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါပေမယ့်လည်း အေဂျက်စ် အနေနဲ့ အန်တိုနီကို အပြီးသတ် ခေါ်ယူနိုင်ဖို့ မလွယ်ကူတာကြောင့် အငှားနဲ့သာ ကမ်းလှမ်းသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်တွေ အနေနဲ့ ဆိုရင်လည်း နယူးကာဆယ်နဲ့ ခရစ္စတယ်ပဲလေ့စ် တို့က အန်တိုနီကို အလိုရှိနေတယ်လို့ သိရပြီး လာလီဂါ ကလပ် ရီးရဲလ်ဘက်တစ် ကလည်း အငှားနဲ့ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်