နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နည်းပြ ရာထူး အတွက် လက်ရှိ အချိန်ထိ ရေရေရာရာ မဆုံးဖြတ်ရသေးတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ သူတို့ အသင်းရဲ့ နည်းးပြ အနာဂတ်နဲ့ ပတ်သတ်လို့ အခုအချိန်ထိ ရေရေရာရာ မဆုံးဖြတ်ရသေးတာ တွေ့ရပါတယ်။ ယူနိုက်တက်ဟာ သောမတ်စ် တူချယ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အဆင်မပြေခဲ့လို တူချယ် ကိုယ်တိုင်က ဆွေးနွေးမှုကို ရပ်နားလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ မော်ရစ်စီယို ပိုချက်တီနိုကိုလည်း နည်းပြသစ် အဖြစ် ခန့်အပ်သွားဖွယ်လည်း မရှိဘူးလို့ The Telegrpah ကနေ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ အသင်းကို နှစ်ရာသီအကြာ ကိုင်တွယ်ခဲ့ပြီး ပထမဆုံးရာသီမှာ လိဂ်ဖလားနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့သလို ဒုတိယမြောက်ရာသီမှာ အက်ဖ်အေဖလား ရယူပေးနိုင်ခဲ့တဲ့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို နည်းပြ ရာထူး ကနေ ထုတ်ပယ်ကာ နည်းပြ အပြောင်းအလဲ လုပ်ဖို့ အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ လက်ရှိ ယူနိုက်တက်ရဲ့ တွဲဖက် ပိုင်ရှင်သစ် ဆာဂျင်မ် ရက်ကလစ်ဖ် ဦးဆောင်တဲ့ တာဝန်ရှိသူတွေက တန်ဟက်ဂ်ကို ရာထူးကနေ ဖယ်ရှားပြီး ဆောက်ဂိတ်၊ တူချယ်၊ ပိုချက်တီနို တို့နဲ့ အစားထိုးဖို့ အတွက် ပစ်မှတ် ထားလျက် ရှိနေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ အခုထိလည်း တန်ဟက်ဂ်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အတိအကျ ထုတ်ပြန်ခြင်း မရှိသေးသလို တခြား နည်းပြတွေ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပေမယ့်လည်း အဆင်မပြေသေးပါဘူး။
တန်ဟက်ဂ်ကို ဆက်ထားဖို့ထက် နည်းပြသစ် အစားထိုးဖို့ လိုလားနေတဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ဟာ ဘေယန်မြူးနစ် နည်းပြဟောင်း သောမက်စ် တူချယ်နဲ့ ကတော့ အကြိမ်ကြိမ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေး အပြီးမှာတော့ တူချယ် ကိုယ်တိုင်က ယူနိုက်တက် အပါအဝင် ဘယ်အသင်းကိုမှ ကိုင်တွယ်ဦးမှာ မဟုတ်ပဲ ဒီနွေရာသီမှာ အနားယူသွားဖို့ ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Telegraph ကတော့ လက်ရှိမှာ ကျန်တဲ့ နည်းပြတွေထဲကမှ ချဲလ်ဆီး နည်းပြဟောင်း ပိုချက်တီနိုနဲ့ ဆွေးနွေးဖို့ ကျန်ရှိသေးပေမယ့် အာဂျင်တီးနား နည်းပြ ကလည်း ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖွယ် မရှိဘူးလို့ ဖော်ပြထားပါတယ်။ ဒါကြောင့် အခုနောက်ဆုံး သတင်းထွက်လာတာက ဘရိုက်တန် နည်းပြဟောင်း ရော်ဘတ်တို ဒီဇာဘီ ဖြစ်ပါတယ်။ ရော်ဘတ်တို ဒီဇာဘီ ကတော့ ဘရိုက်တန်နဲ့ လမ်းခွဲပြီးကတည်းက ဘယ်အသင်းနဲ့မှ တရားဝင် ချိတ်ဆက် ဆွေးနွေးထားခြင်း မရှိသေးတဲ့ နည်းပြလည်း ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင် လက်ရှိ အသင်း နည်းပြ တန်ဟက်ဂ်က ယူနိုက်တက်နဲ့ စာချုပ် သက်တမ်း (၁) နှစ်တည်းသာ ကျန်ရှိနေတော့ပေမယ့် တန်ဟက်ဂ် ကိုပဲ သူရဲ့ စာချုပ်ကုန်ဆုံးချိန် အထိ အသင်းမှာ ဆက်ထားသွားဖို့ ယူနိုက်တက် ပရိသတ်တွေက လိုလားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ ပူးတွဲပိုင်ရှင်တွေကတော့ သူတို့ အသင်းနဲ့ လုံးဝ အဆင်ပြေနိုင်မယ့် နည်းပြ တစ်ဦးနဲ့ လက်တွဲ သွားဖို့ အတွက် နည်းပြ အပြောင်းအလဲသာ လုပ်ဆောင်သွားဖို့ လိုလားနေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ အခုထိလည်း တန်ဟက်ဂ်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အတိအကျ ထုတ်ပြန်ခြင်း မရှိသေးသလို တခြား နည်းပြတွေ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပေမယ့်လည်း အဆင်မပြေသေးပါဘူး။ ဒီအခြေအနေကို သိနေတဲ့ တန်ဟက်ဂ် အနေနဲ့လည်း ယူနိုက်တက်ရဲ့ လုပ်ရပ်တွေကို စိတ်ပျက်သွားနိုင်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ အချိန်ထိ နည်းပြ အပြောင်းအလဲ မလုပ်ရသေးပေမယ့် ကစားသမားသစ် ခေါ်ယူမှုတွေ ပြုလုပ်ဖို့ ကြိုးစားနေပြီး ပစ်မှတ်ထားနေတဲ့ ကစားသမား များစွာလည်း ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်