ပရီးမီးယားလိဂ်အပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်ကတော့ဂျာရတ်ဘရန့်ဝိတ်ကိုသူတို့ရဲ့နွေရာသီပစ်မှတ်အဖြစ်သတ်မှတ်နေဆဲဖြစ်ကြောင်းသိရပါတယ်။ဒါပေမယ့်လည်းအဲဗာတန်ဗဟိုခံစစ်မှူးကတော့ချန်ပီယံလိဂ်ကစားချင်နေတာကြောင့်အပြောင်းအရွှေ့ဖြစ်မြောက်နိုင်ခြေနည်းပါးနေပါတယ်။
နယ်သာလန်ခံစစ်မှူးဗာဂျယ်ဗန်ဒိုက်ခ်ကတော့လာမယ့်နွေရာသီမှာလစ်ဗာပူးလ်ကနေထွက်ခွာမယ်လို့သိရပြီးအက်တလက်တီကိုမက်ဒရစ်သို့မဟုတ်ပီအက်စ်ဂျီမှာကစားသမားဘဝအဆုံးသတ်ဖွယ်ရှိနေပါတယ်။
နယူးကာဆယ်ကတော့ခရစ္စတယ်ပဲလေ့စ်နောက်ခံလူမာ့ခ်ဂူဟီအစားပေါင်သန်း၅၀တန်ဘုန်းမောက်ကစပိန်သားဒင်းဟစ်ဆင်ကိုပြောင်းလဲစိတ်ဝင်စားလာတယ်လို့သိရပါတယ်။ဆက်စပ်သတင်းတွေအရဆိုရင်တော့ဂူဟီကိုအခုနွေရာသီမှာပေါင်သန်း၅၀ကနေပေါင်သန်း၆၀ကြားနဲ့ခေါ်ယူနိုင်မှာဖြစ်ကြောင်းလစ်ဗာပူးလ်ဘက်ကသိရှိထားပြီးဒီပမာဏဟာယခင်ပဲလေ့စ်ဘက်ကတောင်းဆိုထားတဲ့ပမာဏထက်ပေါင်သန်း၂၀လျော့နည်းသွားခဲ့တာလည်းဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကတော့ဆယ်ကျော်သက်ကစားသမားလေးတိုင်လာဒီဘေးလင်းကိုနွေရာသီအပြောင်းအရွှေ့မှာခေါ်ယူဖို့ဆောက်သမ်တန်နဲ့ဆွေးနွေးမှုတွေပြုလုပ်လျက်ရှိကြောင်း GIVEMESPORT ကဖော်ပြလာပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်ပြိုင်ဘက် လစ်ဗာပူးလ်တိုက်စစ်မှူးလူးဝစ္စဒီးယက်ဇ်ကိုခေါ်ယူဖို့ဘာစီလိုနာနဲ့အပြိုင်အံ့အားသင့်ဖွယ်စိတ်ဝင်စားလာကြောင်း El Nacional ကဖော်ပြလာပါတယ်။
မန်ချက်စတာစီးတီးကတော့လာမယ့်ရာသီမှာသူတို့အသင်းရဲ့ဗဟိုကွင်းလယ်ကိုအားကောင်းလာစေဖို့အေစီမီလန်ကတီဂျန်နီရင်ဒါကိုပစ်မှတ်စာရင်းမှာထည့်သွင်းထားကြောင်းသိရပါတယ်။လက်ရှိမန်စီးတီးကွင်းလယ်မှာကစားနေတဲ့ကီဗင်ဒီဘရွန်းနား၊ဂွန်ဒိုအန်၊ကိုဗာချစ်တို့ဟာအသက်အရွယ်ရလာသလိုရိုဒရီကလည်းဒဏ်ရာကြောင့်ပြန်မကစားနိုင်သေးပါဘူး။ဒါကြောင့်မန်စီးတီးကလာမယ့်နွေရာသီမှာကွင်းလယ်ကစားသမားတွေအဓိကထားခေါ်ယူချင်နေတာလည်းဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကတော့မိန့်ဇ်အသင်းရဲ့အသက်၂၄နှစ်အရွယ်တိုက်စစ်မှူးဂျွန်နသန်ဘာကာ့ဒ်ကိုပစ်မှတ်စာရင်းထဲထည့်သွင်းထားကြောင်းသိရပါတယ်။
အက်တလက်တီကိုမက်ဒရစ်ကတော့ရီးရဲလ်ဆိုစီဒက်ကွင်းလယ်လူမာတင်ဇူဘီမန်ဒီနဲ့စပို့တင်းလစ္စဘွန်းဂိုးသွင်းစက်ဗစ်တာယိုကီးရက်စ်ကိုစိတ်ဝင်စားနေတဲ့အသင်းတွေထဲပါဝင်လာပြီဖြစ်ကြောင်းသိရပါတယ်။
လစ်ဗာပူးလ်ကတော့စကော့တလန်ဘယ်နောက်ခံလူအန်ဒီရော်ဘတ်ဆန်ရဲ့အနာဂတ်နဲ့ပတ်သတ်လို့ဆွေးနွေးသွားဖို့ရှိနေပါတယ်။အကယ်၍လက်လွှတ်ခဲ့ရမယ်ဆိုရင်လည်းဘုန်းမောက်ကမီလော့စ်ကာကက်ဇ်ကိုခိုင်မာတဲ့ပစ်မှတ်အဖြစ်သတ်မှတ်ထားတယ်လို့သိရပါတယ်။ဒါ့အပြင်အန်ဒီရော်ဘတ်ဆန်ကိုလည်းဖူလ်ဟမ်ကစောင့်ကြည့်လျက်ရှိနေပါတယ်။
တော့တင်ဟမ်ဟော့စပါးကတော့အန်ဂျီပိုစတီကိုဂလူးအနေနဲ့ယူရိုပါလိဂ်ဖလားရယူပေးနိုင်ခဲ့ရင်တောင်ထုတ်ပယ်ဖို့စဉ်းစားထားဆဲဖြစ်ကြောင်းသိရပါတယ်။
ဘရန့်ဖို့ဒ်ကတော့နယူးကာဆယ်၊အာဆင်နယ်နဲ့လစ်ဗာပူးလ်တို့ရဲ့ပစ်မှတ်စာရင်းမှာပါဝင်နေတဲ့တောင်ပံကစားသမားဘရိုင်ယန်အမ်ဘူအမ်မိုကိုအတွက်ပြောင်းရွှေ့ကြေးကိုမကြာခင်သတ်မှတ်ဖွယ်ရှိနေတယ်လို့သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.