နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဇယား အောက်ဆုံးက ဝုဗ်ကို ဂိုးပြတ် အနိုင်ယူပြီး Top 4 မျှော်လင့်ချက် ပြန်လည် ရှင်သန်လာတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ကတော့ ဒီကနေ့ မနက် အစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အမှတ်ပေးဇယား အောက်ဆုံးမှာ ရှိနေတဲ့ ဝုဗ်ကို အဝေးကွင်းမှာ ၄-၁နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် အပါအဝင် ယူနိုက်တက် တစ်သင်းလုံး ခြေစွမ်းပြနိုင်ခဲ့ပြီးတော့ ဂိုးပြတ် နိုင်ပွဲနဲ့ အတူ Top 4 မျှော်လင့်ချက်လည်း ပြန်လည် ရှင်သန်လာခဲ့ပါတယ်။ 

ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ လုံးဝ မရသေးဘဲ အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ဝံပုလွေတွေဟာ သူတို့ရဲ့ အိမ်ကွင်းမှာ ကစားရပေမယ့် အဆွယ်ကျိုးနေခဲ့ပါတယ်။ ဝုဗ်ဟာ အရင်က ဆိုရင် ယူနိုက်တက်ကို ဒုက္ခမပေးနိုင်လေ့ ရှိပေမယ့် ဒီတစ်ကြိမ် မှာတော့ ယူနိုက်တက်ရဲ့ တိုက်စစ်ကို အလူးအလဲ ကာကွယ်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့ပွဲမှာ ဂိုးပေါက် ကန်ချက် ၂၇ ကြိမ် အထိ ရှိခဲ့ပြီး ဂိုးပေါက်တည့်မှု ၁၀ ကြိမ် ကနေ သွင်းဂိုး ၄ ဂိုး ရခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် အတွက် ဂိုးတွေ ကိုတော့ ပထမပိုင်း ၂၅ မိနစ်မှာ ဝုဗ် ကွင်းလယ်လူ အန်ဒရေရဲ့ လူပေးမှားမှု ကနေ ကူညာ ဘောလုံးယူပြီးတော့ ပြန်ခင်းပေးတာကို ဘရူနို ဖာနန်ဒက်စ်က ပိတ်သွင်းခဲ့ပါတယ်။ ဝုဗ်ရဲ့ ကစားပုံက တော်တော်လေးကို ဆိုးရွားနေခဲ့ပေမယ့် ယူနိုက်တက်က ချေပဂိုး ပြန်ပေးခဲ့ရသေးပြီး မူလာဝုဖ်ရဲ့ ဖြတ်တင်ဘော ကနေ ဘယ်လ်ဂါဒီက ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ 

ဒီဂိုးဟာ ဝုဗ် အတွက် အောက်တိုဘာ ၂၉ ရက် နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဂိုးပြန်သွင်းနိုင်တာ ဖြစ်သလို မိနစ်ပေါင်း ၅၃၉ မိနစ်ကြာ ဂိုးပေါက်ပျောက်နေတာ ကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ယူနိုက်တက်တို့ ဂိုးပေါက်ကန်ချက် ၁၄ ကြိမ် အထိ ရှိခဲ့တာကြောင့် ဒါက ၂၀၀၈ အောက်တိုဘာလတုန်းက အဲဗာတန်နဲ့ ပွဲမှာ ဂိုးပေါက်ကန်ချက် ၁၅ ကြိမ် ပြုလုပ်ပြီး နောက်ပိုင်း ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် တစ်ပွဲရဲ့ ပထမပိုင်း အပြီးမှာ ဂိုးပေါက် ကန်ချက် အများဆုံး ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိမှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး အရေအတွက်က ၆၆ ဂိုး အထိ ရှိလာပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၆ နေရာကို တက်လှမ်းလာခဲ့တဲ့ ယူနိုက်တက်

အဲဒီနောက် ဒုတိယပိုင်း ၅၁ မိနစ်မှာ ဒါးလော့တ် ပေးပို့တာ ကနေ အမ်ဘူမိုက လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့သလို ၆၂ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ် အကွက်မြင်မြင် ကန်တင်ပေးလိုက်တာကို မေဆန် မောင့်က ချိန်သားကိုက် ပြေးထွက်ပြီးတော့ တတိယဂိုး သွင်းခဲ့ပါတယ်။ ယူနိုက်တက် အတွက် စတုတ္ထမြောက် ဂိုးကို ၈၂ မိနစ်မှာ ပယ်နယ်တီ ကနေ ဘရူနို ဖာနနန်ဒက်စ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အခုပွဲမှာ ဂိုးဖန်တီးမှု ပြုလုပ်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ မူဇီ အစ်ဇက်၊ ဖာဘရီဂတ်စ်၊ ဒယ်လိုဖူ၊ မို ဆာလာတို့ ပြီးရင် ပရီးမီးယားလိဂ် အဝေးကွင်း ၅ ပွဲ ဆက်တိုက် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တဲ့ ၅ ဦးမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

လက်ရှိမှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး အရေအတွက်က ၆၆ ဂိုး အထိ ရှိလာပြီ ဖြစ်ပါတယ်။ ဒါကြောင့် အချက်အလက်တွေအရ ဆိုရင် ဖာနန်ဒက်စ်က ယူနိုက်တက် ဂန္ထဝင် ခရစ္စတီယာနို ရော်နယ်ဒို ပြီးရင် ပရီးမီးယားလိဂ်မှာ သွင်းဂိုး အများဆုံး ဒုတိယမြောက် ပေါ်တူဂီ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘရူနိုဖာနန်ဒက်စ်က ဂိုးဖန်တီးမှု အများဆုံး အဖြစ် ၆ ကြိမ်နဲ့ ရပ်တည်နေသလို ယူနိုက်တက် အတွက် ၁၅ ပွဲ ကစား၊ သွင်းဂိုး ပါဝင် ပတ်သက်မှု ၁၀ ဂိုး အထိ ရှိလာခဲ့ပါတယ်။ 

ဒါ့အပြင် ယူနိုက်တက် ကလည်း နည်းပြ ရူဘင် အမော်ရင် လက်ထက် ပထမဆုံး အကြိမ် အဖြစ် အဝေးကွင်းမှာ ၄ ဂိုး သွင်းနိုင်ခဲ့ပြီး အခုဆိုရင် ချဲလ်ဆီးနဲ့ ရမှတ်တူ၊ အဆင့် ၆ နေရာမှာ ရပ်တည်နေသလို အဆင့် ၄ နေရာက ခရစ္စတယ်ပဲလေ့စ်နဲ့ ၁ မှတ်သာ ကွာပါတော့တယ်။ ဝုဗ် ကတော့ ၁၉၈၂ အောက်တိုဘာလ နောက်ပိုင်း ပထမဆုံးအဖြစ် အမှတ်ပေး ပွဲစဉ် ၈ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုး ပြန်လည် ပိုင်ဆိုင်ခဲ့ရပြီ ဖြစ်ပါတယ်။

ယူနိုက်တက်က လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ မှာတော့ ဘုန်းမောက်နဲ့ ကစားရဖို့ ရှိပြီး ဝုဗ် ကတော့ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်