ဘန်လေ – မန်ချက်စတာယူနိုက်တက်
ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ မန်ချက်စတာယူနိုက်တက်က ဘန်လေကို တက်ဖ်မောမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘန်လေနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၈ ပွဲဆက် မရှုံးထားတဲ့ ယူနိုက်တက်တို့ အမော်ရင်ကို ထုတ်ပယ်ခဲ့ပြီးနောက် ဒါရင်း ဖလက်ချာ လက်အောက်မှာ နိုင်ပွဲ ပြန်လည် ရှာတွေ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘန်လေ ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၁၄ ပွဲ အထိ ရှိထားပြီး ဝုဗ် ပြီးရင်တော့ အများဆုံးပါပဲ။ လက်ရှိမှာ ၁၁ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့တဲ့ စကော့တ် ပါကားရဲ့ အသင်းက ချန်ပီယံရှစ်ဆီ ပြန်ဆင်းသွားရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ အရင်က တက်ဖ်မော မှာဆိုရင် လာသမျှ အသင်းတိုင်းကို ခပ်မာမာ တုန့်ပြန်တတ်တဲ့ ဘန်လေက ဒီရာသီ အိမ်ကွင်း ရှုံးပွဲ ၆ ပွဲ အထိ ရှိထားပြီး ရမှတ် ၈ မှတ်သာ ရှာဖွေထားနိုင်ပါတယ်။ လက်ရှိ ဘန်လေရဲ့ အခြေအနေက ယူနိုက်တက်လို ခြေစွမ်းမတည်ငြိမ်တဲ့ အသင်းကို အိမ်ကွင်းမှာ အသာရဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
မန်ချက်စတာယူနိုက်တက် ကတော့ နယူးကာဆယ်ကို အနိုင်ရပြီးနောက် ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် သရေကျထားပါတယ်။ အဲဒီ ၂ ပွဲမှာ ယူနိုက်တက်က ဝုဗ်နဲ့ လိဒ်စ် တို့လို အသင်းတွေကို သရေကျခဲ့တာ ဖြစ်သလို ခြေစွမ်းပိုင်းက အားရစရာ မရှိခဲ့ပါဘူး။ နည်းပြ ဖြစ်သူ ရူဘင် အမော်ရင် အနေနဲ့လည်း အသင်းက ရလဒ်တွေ ဆိုးရွားနေသလို အသင်း တာဝန်ရှိသူတွေနဲ့ အဆင်မပြေမှုတွေကြောင့် ရာထူးက ထုတ်ပယ်ခံလိုက်ရပြီး ယာယီ နည်းပြ ယူနိုက်တက်တို့ ဒါရင်း ဖလက်ချာနဲ့ ရာသီကုန်ထိ ဆက်သွားဖို့ များနေပါတယ်။ ဖလက်ချာ အနေနဲ့ အမော်ရင်ရဲ့ နည်းစနစ်ပိုင်းနဲ့ ဆက်သွားမလား သူ့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ပဲ အပြောင်းအလဲတွေ လုပ်လာမလား ဆိုတာ စောင့်ကြည့်ရပါမယ်။ ယူနိုက်တက်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ရလဒ်တွေကို ပြန်ကြည့်ရင်တော့ ၃ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ယူနိုက်တက် ဘက်မှာတော့ အာမက်ဒ်၊ မက်ဇရာရီ၊ အမ်ဘွေမို တို့က အာဖရိကဖလား ပြိုင်ပွဲ သွားရောက် ကစားနေပြီး ဘရူနို ဖာနန်ဒက်စ်၊ မက်ဂွိုင်းယား၊ ဒီလစ်ဂျ်၊ မိန်းနူး၊ မောင့် တို့လည်း ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘန်လေ – ဒူဗရက်ဗ်ကာ၊ ဝေါလ်ကာ၊ အက်ခ်ဒဲလ်၊ အက်စတိဗ်၊ ပီရက်စ်၊ အူဂိုချူကဝူ၊ ဖလော်ရန်တီနို၊ လောရန့်တ်၊ အက်ဒ်ဝက်ဒ်၊ ဘရိုဟာ၊ အန်သိုနီ
မန်ချက်စတာယူနိုက်တက် – လမ်မန်းစ်၊ ဒါးလော့တ်၊ ဟဲဗန်း၊ မာတီနက်ဇ်၊ ရှော၊ ကက်စ်မဲရိုး၊ အူဂါတေး၊ ဒေါဂူ၊ ဖာနန်ဒက်စ်၊ ကူညာ၊ ဆက်စ်ကို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းရဲ့ နောက်ဆုံး တွေ့ဆုံမှု ၁၈ ကြိမ်မှာ ဘန်လေက ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ယူနိုက်တက်က ၁၁ ကြိမ် နိုင်ပြီး ၆ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ယူနိုက်တက်က ၃ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ တက်ဖ်မောမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ ယူနိုက်တက်က ၄ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘန်လေ နိုင်ရင် ၄.၃၃ ဆ၊ မန်ချက်စတာယူနိုက်တက် နိုင်ရင် ၁.၆၉ ဆ၊ သရေ ဆိုရင်တော့ ၃.၆၀ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ယူနိုက်တက် ဘက်က တစ်လုံး တစ်ဝက်ရှုံး၊ တစ်လုံး ရှုံး၊ ၂ လုံး တစ်ဝက်စားလောက် အထိ ကြေးပေါက်နေပြီး ဂိုးပေါင်း ကတော့ ပုံမှန်အတိုင်းပါပဲ။ ယူနိုက်တက်က ယာယီ နည်းပြတွေနဲ့ ဆိုရင် အလုပ်ဖြစ်တတ်တဲ့ အသင်းပါ။ ပြီးတော့ တော်တော်လေး အခြေအနေဆိုးနေတဲ့ ဘန်လေနဲ့ ကစားရတာ ဖြစ်တာကြောင့်လည်း နိုင်ပွဲရဖို့တော့ မခက်ခဲနိုင်ပါဘူး။ ယူနိုက်တက်နဲ့ ဂိုးပေါ် တွဲဆော့သင့်ပါတယ်။
ခန့်မှန်းရလဒ်
ဘန်လေ ၁-၃ မန်ချက်စတာယူနိုက်တက်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


