နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကာကက်ဇ်ကို စိတ်ဝင်စားနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဘယ်နောက်ခံလူ နေရာ အတွက် ကစားသမားသစ် ရှာဖွေမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ အသင်းမှာ လုခ် ရှောနဲ့ မလာဆီယာတို့ ရှိနေပေမယ့် မကြာခဏ ဒဏ်ရာရနေတာကြောင့် ကစားသမားသစ် တစ်ဦး ထပ်မံ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

လုခ်ရှောဟာ ကြွက်သား ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံမှာ ၁၅ ပွဲသာ ကစားနိုင်ခဲ့ပြီး မလာဆီယာ ကတော့ ၂၀၂၃ မေလ ကတည်းက အနားယူနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကစားသမား နှစ်ဦး နေရာမှာ ဒီယိုဂို ဒါးလော့တ်၊ ဝမ်ဘစ်ဆာခါ၊ လင်ဒီလော့ဖ်နဲ့ ဆိုဖရန် အမ်မရာဘတ် တို့က ကစားပေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ အဓိက နေရာ မဟုတ်တာကြောင့် ယူနိုက်တက်ရဲ့ ခံစစ်က အမှားအယွင်းတွေ များခဲ့ပြီး ဂိုးတွေလည်း ပေးမလောက် ဖြစ်ခဲ့ရပါတယ်။

လက်ရှိ သတင်းတွေ အရ ဆိုရင် ပရီးမီးယားလိဂ် ကလပ်က လာမယ့် နွေရာသီမှာ ဘုန်းမောက်က မိုင်လို ကာကက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီသတင်းကိုတော့ အပြောင်းအရွှေ့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ လက်တလောမှာတော့ ကာကက်ဇ်က ဟန်ဂေရီနဲ့ အတူ နိုင်ငံတကာ ပွဲစဉ်တွေ ကစားရဖို့ ရှိနေသလို ယူနိုက်တက် ဘက်ကလည်း တရားဝင် ကမ်းလှမ်းခြင်း မရှိသေးပဲ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။

ဒီကစားသမား အတွက် ကိုတော့ လက်ရှိ ပရီးမီးယားလိဂ် ကလပ် ဘုန်းမောက်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် တောင်းဆိုသွားဖွယ်လည်း ရှိနေပါတယ်။ ဒါ့အပြင် ကစားသမား အတွက် ဘယ်အသင်းရဲ့ ချဉ်းကပ်မှုမျိုးကို မဆို လက်ခံစဉ်းစားပေးသွားမယ်လို့လည်း သိရပါတယ်။ ကာကက်ဇ်ဟာ ပြီးခဲ့တဲ့ နွေရာသီ ကမှ နယ်သာလန် ကလပ် အေဇက် အဲလ်ခမာ ကနေ ပေါင် ၁၅.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ကာကက်ဇ်ဟာ ဘုန်းမောက်ကို မရောက်ခင် အေဇက် အဲလ်ခမာမှာ ၅၇ ပွဲ ကစားပြီး ၅ ဂိုး သွင်းယူခဲ့ပါတယ်။ ဘုန်းမောက်မှာတော့ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ၃၃ ပွဲ ကစားပြီး ၁ ဂိုး ဖန်တီးထားခဲ့ပါတယ်။ ကာကက်ဇ်ဟာ ဘုန်းမောက်ကို ရောက်ကာစမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီးနောက် ခရစ္စမတ် မတိုင်ခင်မှသာ တစ်လကျော်ကြာ အနားယူခဲ့ရတဲ့ ဒဏ်ရာ သက်သာ ပျောက်ကင်းခဲ့တာ ဖြစ်ပါတယ်။

ကာကက်ဇ် အနေနဲ့ ဒဏ်ရာသက်သာချိန်မှာ အချိန်တိုတွင်း ဘုန်းမောက်ရဲ့ အဓိက ပွဲထွက်ကစားသမား ဖြစ်လာခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ယူနိုက်တက်လို အသင်းကြီး တစ်သင်းက အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။လောလောဆယ်မှာတော့ ကာကက်ဇ်က သူ့ရဲ့ နိုင်ငံ အသင်း ဟန်ဂေရီနဲ့ အတူ ယူရို ၂၀၂၄ ပါဝင်ဆင်နွှဲဖို့ ရှိပြီး ခြေစွမ်းပြနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။ အကယ်၍ ယူရိုမှာသာ ခြေစွမ်းပြနိုင်ခဲ့ရင်တော့ ကာကက်ဇ်ရဲ့ တန်ကြေးက ပိုမို မြင့်မားသွားဖွယ် ရှိတာကြောင့် ယူနိုက်တက် အနေနဲ့ အမှန်တကယ် ခေါ်ယူချင်ရင် လာမယ့် ရက်ပိုင်း အတွင်း ကြိုးပမ်းဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်