နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လီနီ ယိုရိုကို ခေါ်ယူဖို့ လိုင်လီနဲ့ သဘောတူညီမှု ရရှိထားခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ရီးရဲလ်မက်ဒရစ် ပစ်မှတ် ဖြစ်တဲ့ လိုင်လီ ဗဟိုနောက်ခံလူ လီနီ ယိုရိုကို ခေါ်ယူဖို့ အတွက် ‘မူအားဖြင့်’ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

၂၀၂၂ ခုနှစ်က စတင်ပြီး လူသိများ အောင်မြင်လာခဲ့တဲ့ အသက် ၁၈ နှစ် အရွယ် လီနီ ယိုရိုဟာ ခပ်မြန်မြန်ပဲ လိုင်လီရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့သူပါ။ ဒါပေမယ့်လည်း ပြင်သစ် ကလပ်ဟာ ဒီကစားသမားလေးကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒမရှိခဲ့ဘဲ အခုနွေရာသီမှာ ရောင်းထုတ်သွားဖို့ အတွက် ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင်တော့ ကစားသမားရဲ့ ဦးစားပေး ရွေးချယ်မှုက ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ထက် ရီးရဲလ်မက်ဒရစ် ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အချိန်ထိ လီနီ ယိုရိုကို အခြား ကလပ် အသင်းတွေထက် ယူနိုက်တက် ကသာ စိတ်ဝင်စားမှု ရှိနေခဲ့သလို တရားဝင် ကမ်းလှမ်းမှုလည်း ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။

Sky Sports ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်က ယိုရို အတွက် ယူရို သန်း ၅၀ (ပေါင် ၄၂.၃ သန်း) ဝန်းကျင်နဲ့ ကမ်းလှမ်းထားခဲ့ပြီး လိုင်လီ ဘက်ကလည်း လက်ခံထားတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ ရီးရဲလ်မက်ဒရစ် ကတော့ ယိုရိုကို ဈေးသက်သက်သာသာနဲ့သာ ခေါ်ယူဖို့ မျှော်လင့်ထားပြီး လက်ရှိ အချိန်ထိတော့ ကမ်းလှမ်းထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။ FootMercatoရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ ယူရို သန်း 20 (ပေါင် 17 သန်း) လောက်နဲ့ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

နာမည်ကျော် ဘောလုံး သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကတော့ လိုင်လီ အသင်း အနေနဲ့ သူတို့ဆီ အကောင်းဆုံး ကမ်းလှမ်းချက် ပို့ထားတဲ့ ပရီးမီးယားလိဂ် ကလပ် ကိုသာ ရွေးချယ်ဖို့ ယိုရိုကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ယိုရို ကိုယ်တိုင် ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ တုံ့ပြန်မှုကိုသာ စောင့်ဆိုင်းနေပုံရတယ်လို့ ဖော်ပြထားပါတယ်။ ယူနိုက်တက် ကတော့ ကစားသမားရဲ့ သဘောတူညီမှု မရပဲနဲ့ ခေါ်ယူနိုင်မှာ မဟုတ်ပါဘူး။ ၏

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီကုန်က အသင်း ကနေ ထွက်ခွာသွားခဲ့တဲ့ ရာဖေးလ် ဗာရန်း နေရာမှာ အစားထိုးဖို့ ခံစစ် ကစားသမားသစ် တစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်က ဘေယန်မြူးနစ်က မားသီးယက်စ် ဒီလစ်ဂျ်၊ အဲဗာတန်က ဘရန့်ဝိတ်သ်၊ နိစ်က တိုဒီဘို တို့ကို ပစ်မှတ်ထား ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ မားသီးယက်စ် ဒီလစ်ဂျ်ဟာ ယူနိုက်တက်ကို ရောက်ရှိဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ဗာရန်း အပြင် အီဗန့်စ်၊ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယား တို့ကလည်း အနာဂတ် မသေချာတာကြောင့် ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် အနေနဲ့ နောက်ထပ် ခံစစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူရဦးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက် ကတော့ ယူနိုက်တက် ပစ်မှတ် ခံစစ်မှူး တစ်ဦး ဖြစ်တဲ့ ဂျရတ် ဘရန့်ဝိတ် အတွက် ကမ်းလှမ်းမှုကို အဲဗာတန် ဘက်က ဒုတိယအကြိမ် ထပ်မံ ပယ်ချထားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်