နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆက်စ်ကိုအပေါ် စိတ်ဝင်စားမှုကိုအဆုံးသတ်လိုက်တဲ့ ယူနိုက်တက်၊ ပေါ့ဘာကို ခေါ်ယူဖို့ အင်တာမိုင်ယာမီကိုတိုက်တွန်းလိုက်တဲ့ မက်ဆီ| ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်အပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်ကတော့လိုက်ပ်ဇစ်တိုက်စစ်မှူးဘင်ဂျာမင်ဆက်စ်ကိုကိုပေါင်သန်း၅၀ထက်ပိုမပေးချင်တာကြောင့်စိတ်ဝင်စားမှုကိုအဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။လိုက်ပ်ဇစ်ကတော့အာဆင်နယ်ရဲ့ပစ်မှတ်ဖြစ်တဲ့ဆလိုဗေးနီးယားတိုက်စစ်မှူးကိုအနည်းဆုံးပေါင်သန်း၆၀နဲ့ရောင်းချဖို့စီစဉ်နေတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင်ယူနိုက်တက်ဟာလိုက်ပ်ဇစ်ဘက်ကယူရိုသန်း၈၀ (ပေါင်၆၆.၉သန်း) ဈေးနှုန်းသတ်မှတ်ထားတဲ့နယ်သာလန်ကွင်းလယ်လူဇာဗီဆိုင်မွန်ကိုလည်းလက်လျှော့လိုက်ပြီလို့သိရပါတယ်။ဒါကြောင့်ကောလာဟလတွေကြားကနေယူနိုက်တက်ကိုရောက်ရှိလာနိုင်တဲ့တစ်ဦးတည်းသောကစားသမားကစပို့တင်းလစ္စဘွန်းတောင်ပံကစားသမားဖရန်စစ်စကိုထရင်ကာအိုဖြစ်ပြီးဒီကစားသမားကိုတော့နည်းပြရူဘင်အမော်ရင်ကိုယ်တိုင်ကခေါ်ယူဖို့စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။

တချို့သောသတင်းတွေမှာတော့ဘုန်းမောက်တောင်ပံကစားသမားဂျက်စတင်ကလွိုင်ဗက်ဟာယူနိုက်တက်ရဲ့ပစ်မှတ်အသစ်ဖြစ်လာကြောင်းဖော်ပြလျက်ရှိနေပါတယ်။
ကမ္ဘာ့ကျော်ဘောလုံးသမားလီယွန်နယ်မက်ဆီကတော့မေဂျာလိဂ်ကလပ်တစ်ခုခုမှာကစားသမားဖို့နီးစပ်နေတဲ့ပေါ့ဘာအားခေါ်ယူဖို့အင်တာမိုင်ယာမီအသင်းကိုတိုက်တွန်းလိုက်တယ်လို့သိရပါတယ်။သူကိုယ်တိုင်ကတော့အင်တာမိုင်ယာမီနဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာအမေရိကန်မြေကိုစွန့်ခွာပြီးအသင်းဟောင်းဘာစီလိုနာသို့မဟုတ်အာဂျင်တီးနားကလပ်တစ်ခုမှာကစားဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။

ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာစီးတီးကတော့တိုရီနိုဂိုးသမားဗန်ဂျာမီလင်ကိုဗစ်ဆာဗစ်ကိုနွေရာသီပစ်မှတ်စာရင်းမှာထည့်သွင်းလိုက်ကြောင်းTuttosportကဖော်ပြပါတယ်။
မန်စီးတီးကနေထွက်ခွာတော့မယ့် ဂွန်ဒိုအန်

နောက်ဆုံးရရှိတဲ့သတင်းတွေမှာတော့အင်္ဂလန်ညာနောက်ခံလူထရန့်အလက်ဇန္တားအာနိုးလ်ဟာရီးရဲလ်မက်ဒရစ်ကိုမြင့်မားတဲ့လုပ်ခလစာတွေနဲ့ပြောင်းရွှေ့တော့မှာဖြစ်ကြောင်းဖော်ပြလျက်ရှိပါတယ်။ဒါကြောင့်လစ်ဗာပူးလ်ကအာနိုးလ်နေရာမှာအစားထိုးဖို့ညာနောက်ခံလူတစ်ဦးအလျင်အမြန်ရှာဖွေခဲ့ပြီးလေဗာကူဆင်ကဂျရမီဖရင်မ်ပေါင်အနေနဲ့ဒီနွေရာသီမှာအန်ဖီးလ်ကိုရောက်ရှိလာမည်ဖြစ်ကြောင်းDefensa Central ကဖော်ပြပါတယ်။

ဂါလာတာဆာရေးကတော့သူတို့စိတ်ဝင်စားနေတဲ့မန်စီးတီးကွင်းလယ်လူအိုင်ခေးဂွန်ဒိုအန်ကိုခေါ်ယူနိုင်တော့မှာဖြစ်ကြောင်းသိရပါတယ်။တူရကီကလပ်ဟာဒီကစားသမားကိုမန်စီးတီးမှာပေးချေခဲ့တဲ့လုပ်ခလစာအတိုင်းပေးချေမှာဖြစ်ပြီးတော့နှစ်နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့သိရပါတယ်။

ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာစီးတီးကတော့တိုရီနိုဂိုးသမားဗန်ဂျာမီလင်ကိုဗစ်ဆာဗစ်ကိုနွေရာသီပစ်မှတ်စာရင်းမှာထည့်သွင်းလိုက်ကြောင်းTuttosportကဖော်ပြပါတယ်။

တော့တင်ဟမ်ဟော့စပါးကတော့အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်မယ့်လိုင်လီကွင်းလယ်လူအိန်ဂျယ်ဂိုးမက်စ်ကိုအက်စတွန်ဗီလာ၊ဝက်စ်ဟမ်းတို့နဲ့အပြိုင်ခေါ်ယူဖို့ကြိုးပမ်းလျက်ရှိပါတယ်။

အင်တာမီလန်ကတော့နွေရာသီအပြောင်းအရွှေ့မှာချဲလ်ဆီးနောက်ခံလူဂျော့ရှ်အာချင်မ်ပေါင်ကိုခေါ်ယူဖို့ကင်းထောက်တွေစေလွှတ်ထားကြောင်းသိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်