နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကူညာရဲ့ ချေပဂိုးကြောင့် သရေ တစ်မှတ် ရခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ဒီတစ်ပတ် ပရီးမီးယားလိဂ် မှာလည်း အသင်းကြီး အများစုဟာ သရေ ရလ‌ဒ်တွေနဲ့ပဲ ကျေနပ်ခဲ့ရပြီး ဒီအထဲမှာ မန်ချက်စတာယူနိုက်တက်လည်း ပါဝင်နေပါတယ်။ ရူဘင် အမော်ရင်ရဲ့ အသင်းဟာ လိဒ်စ်ယူနိုက်တက်ရဲ့ အိမ်ကွင်းမှာ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး မားသီးယက်စ် ကူညာရဲ့ ချေပဂိုးကြောင့်သာ ရမှတ် ၁ မှတ်နဲ့ အိမ်ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အိမ်ကွင်း နောက်ဆုံး ၃ ပွဲမှာ ချဲလ်ဆီးနဲ့ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ကစားခဲ့သလို လစ်ဗာပူးလ်ကို သရေကစားခဲ့တဲ့ ဒန်နီရယ် ဖာကီရဲ့ လိဒ်စ်က ဒီနေ့ ပွဲမှာလည်း သူတို့ရဲ့ ပုံစံကောင်း တစ်ခုကို ပြသနိုင်ခဲ့ပါတယ်။ နှင်းဆီဒါဘီ ဖြစ်တာနဲ့ အညီ လိဒ်စ်က ပုံမှန်ထက် ပိုပြီး အားစိုက်လာခဲ့တာကြောင့် ယူနိုက်တက်တို့ အနိုင်ယူနိုင်လောက်တဲ့ ခြေစွမ်းမျိုး မပြသနိုင်ခဲ့သလို ကံကောင်းလို့သာ သရေ ၁ မှတ် ရယူနိုင်ခဲ့တာ ဆိုရင်လည်း မမှားပါဘူး။

ဒါ့အပြင် လိဒ်စ်က အိမ်ကွင်း ကစားပုံ မာကျောတဲ့ အသင်း ဖြစ်တာကြောင့် ယူနိုက်တက်တို့ တော်တော်လေး ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ဒီနေ့ပွဲမှာ တိုက်စစ်က ဘင်ဂျာမင် ဆက်စ်ကိုနဲ့ လု့ခ်ရှော၊ ဒါးလော့တ် တို့ရဲ့ တောင်ပံ နှစ်ဖက် ကလည်း ပုံမှန် ခြေစွမ်းအောက် ရောက်နေခဲ့ပါတယ်။ နောက်ပြီး အမော်ရင်က ဒီနေ့မှာ ၃ ယောက်တန်း ခံစစ်နဲ့ ပြန်လည် ပွဲထွက်လာခဲ့ပြီး ကစားကွက်အပိုင်း မှာလည်း အဆင်မပြေခဲ့ပါဘူး။ ကူညာနဲ့ ဒေါဂူ တို့ရဲ့ လုပ်အားနှုန်းကောင်းတဲ့ တောင်ပံ တိုက်စစ်နဲ့ အမှားနည်းခဲ့့တဲ့ ကွင်းလယ်က ကက်စ်မဲရိုးနဲ့ အူဂါတေး တို့ကိုတော့ ဒီနေ့ပွဲမှာ ချီးကျူးရမှာ ဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက် ကတော့ ပွဲစတည်းက High Pressing နဲ့ ကစားခဲ့ပေမယ့် ပထမပိုင်း မှာတော့ ယူနိုက်တက်က ဂိုးပေါက် ကန်ချက် ပိုများများ ရခဲ့ပါတယ်။ ယူနိုက်တက်သာ ပထမပိုင်းမှာ ရခဲ့တဲ့ အပိုင်အခွင့်အရေး တချို့ကို အသုံးချနိုင်ခဲ့ရင် ဒီပွဲကို အနိုင်ကစားဖို့ ရာခိုင်နှုန်း တော်တော်လေး များခဲ့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆက်စ်ကို ခြေစွမ်းမပြနိုင်ခြင်းက ယူနိုက်တက်ကို ဦးဆောင်ဂိုးနဲ့ ဝေးစေခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ လိဒ်စ်က ကစားအား ပိုတင်ခဲ့ပြီး ၆၂ မိနစ် မှာတော့ အာရွန်ဆင်က ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ယူနိုက်တက် အတွက် ချေပဂိုး ကိုတော့ လူစားဝင် ကစားသမား ဂျော်ရွှာ ဇစ်ခ်ဇီးရဲ့ ဖန်တီးမှု ကနေ ကူညာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လိဒ်စ်ဟာ ဒီနေ့ပွဲမှာ ကစားသမားပိုင်းမှာ မယှဉ်နိုင်ခဲ့ပေမယ့် မြန်နှုန်းမြင့် ကစားဟန်တွေနဲ့ ယူနိုက်တက်ရဲ့ နောက်တန်းကို အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရှိနေတဲ့ ယူနိုက်တက်ဟာ လာမယ့် ဇန်နဝါရီ ၈ ရက်နေ့မှာ ဘန်လေကို တက်ဖ်မောမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရှိနေတဲ့ ယူနိုက်တက်

လိဒ်စ်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ ရှုံးပွဲ မရှိခဲ့ပဲ (၂ ပွဲ နိုင်၊ ၅ ပွဲ သရေ)၊ ၁၁ မှတ် အထိ စုဆောင်းနိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၀၁ နောက်ပိုင်းမှာ ပထမဆုံး ဖြစ်ပါတယ်။ တကယ်တော့ လိဒ်စ်ယူနိုက်တက်ရဲ့ ဒီရာသီ ဦးတည်ချက်က တန်းမဆင်းရရေး ဖြစ်ပြီး လက်ရှိ မှာလည်း တန်းဆင်းဇုန်နဲ့ ဝေးရာဆီ ဦးတည်ထားနိုင်ပြီ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ ကလည်း ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှ နိုင်ပွဲ ၁ ပွဲသာ ရထားခဲ့တာ ဖြစ်ပြီး နှစ်ပွဲဆက် သရေကျခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရှိနေတဲ့ ယူနိုက်တက်ဟာ လာမယ့် ဇန်နဝါရီ ၈ ရက်နေ့မှာ ဘန်လေကို တက်ဖ်မောမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လိဒ်စ်ယူနိုက်တက် ကတော့ နယူးကာဆယ်ရဲ့ စိန့်ဂျိမ်းစ်ပါ့ခ်ကို သွားရောက် ကစားရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်