နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယိုကီးရက်စ်က ခေါ်ယူဖို့ ခက်ခဲနိုင်လို့ မက်တေးတားကို ပြောင်းလဲ ကြိုးပမ်းသွားဖွယ် ရှိနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အင်အားဖြည့်တင်းဖို့ ကြိုးပမ်းသွားမှာပါ။ ဒီလို အင်အား ဖြည့်တင်းဖို့ အတွက် အခုထဲက ဥရောပရဲ့ ထိပ်တန်း တိုက်စစ်မှူးတွေကို စောင့်ကြည့်နေပြီးတော့ စပိုတင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် ကတော့ အဓိက ပစ်မှတ် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်က အခု နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဂျင်းန် ဖီးလစ် မက်တေးတား ကိုပါ ချိန်ရွယ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်က လာမယ့် နွေရာသီမှာ မက်တေးတား အတွက် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်သွားဖွယ် ရှိကြောင်း ဗြိတိန် သတင်းစာ The Sun က ဖော်ပြလာခဲ့ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ပြင်သစ် တိုက်စစ်မှူးဟာ အဆုံးသတ် ကောင်းမွန်သလို အရပ်အမောင်းလည်း မြင့်မားပြီး ကြံ့ခိုင်မှု ကောင်းတာကြောင့် ယူနိုက်တက် အတွက် ရွေးချယ်စရာ တိုက်စစ် ပစ်မှတ် ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီရာသီ မက်တေးတားရဲ့ စွမ်းဆောင်ရည်တွေကြောင့် ယူနိုက်တက်က ပိုမို စိတ်ဝင်စားလာခဲ့တာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ ပြင်သစ်သားဟာ လက်ရှိ ရာသီ အစကပိုင်း ကတည်းက ခြေစွမ်းပြနေခဲ့တာ ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲမှာလည်း ၈ ဂိုး သွင်းယူထားပါတယ်။ ဒါ့အပြင် သူက ဒီရာသီ ပြိုင်ပွဲစုံမှာ ၃၃ ပွဲ ကစားပြီး ၁၅ ဂိုး သွင်းယူကာ ၃ ဂိုး ဖန်တီးထားပါတယ်။ 

တစ်ခုရှိတာက မက်တေးတားကို ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် အပြင် ဘာစီလိုနာ ကလည်း လီဝမ်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ ချိန်ရွယ်နေတာ ဖြစ်ပါတယ်။
ယိုကီးရက်စ်ထက် မက်တေးတားကို အလွယ်တကူ ခေါ်ယူနိုင်ဖွယ် ရှိနေတဲ့ ယူနိုက်တက်

ဗစ်တာ ယိုကီးရက်စ်ဟာ အမော်ရင် လိုချင်နေတဲ့ တိုက်စစ်မှူး ဖြစ်တာကြောင့် အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ခံထားရမယ့် ခေါ်ယူဖို့ တော်တော်လေး ခက်ခဲနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ ဒီကစားသမားက ချန်ပီယံလိဂ် ဝင်ခွင့် ရတဲ့ အသင်း တစ်သင်း ကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် ယူနိုက်တက်ရဲ့ လက်ရှိ အခြေအနေအရတော့ ဖြစ်နိုင်ချေ နည်းပါးလွန်းနေပါတယ်။ ဒါကြောင့် ယူနိုက်တက်သာ အမှန်တကယ် ကြိုးပမ်းရင်တော့ ယိုကီးရက်စ်ထက် မက်တေးတား ကတောင် ပိုပြီး ဖြစ်နိုင်နေတာပါ။ တစ်ခုရှိတာက မက်တေးတားကို ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် အပြင် ဘာစီလိုနာ ကလည်း လီဝမ်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ ချိန်ရွယ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မက်တေးတားကို ဘာစီလိုနာရဲ့ လိဂ် ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ် ကလည်း စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်နေပြီး ပဲလေ့စ် ဘက်ကတော့ သူတို့ရဲ့ တိုက်စစ်မှူး အတွက် ပေါင် သန်း ၅၀ လောက် အထိ တောင်းဆိုလာဖို့ ရှိနေပါတယ်။ ယူနိုက်တက်ဟာ ၂၀၂၃ ခုနှစ်မှာ ခေါ်ယူခဲ့တဲ့ ဒိန်းမတ် တိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုက်ဂျ်လန်းရဲ့ လက်ရှိ ခြေစွမ်းကို တော်တော်လေး စိတ်ပျက်နေပြီး ရှင်းထုတ်ဖို့ပါ စဉ်းစားနေပြီ ဖြစ်ပါတယ်။ ဟွိုက်ဂျ်လန်းက ယူနိုက်တက် အတွက် ပေါင် ၇၂ သန်း အထိ ပေးချေခဲ့ရပေမယ့် ဒိန်းမတ် တိုက်စစ်မှူးက ပြိုင်ပွဲစုံ ၇၈ ပွဲမှာ ၂၃ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ 

ဒါ့အပြင် အခုနွေရာသီမှ ပေါင် ၃၆.၅ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ဂျော်ရွှာ ဇီယက်ခ်ဇီး ကလည်း ပြိင်ပွဲစုံ ၄၁ ပွဲမှာ ၆ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ဒါပေမယ့်လည်း ဟွိုက်ဂျ်လန်းနဲ့ ဇီယက်ခ်ဇီး မှာဆိုရင် ဇီယက်ခ်ဇီးက ဂိုးတွေ သွင်းဖို့ ရုန်းကန်နေရသည့်တိုင်အောင် အသင်း အတွက် ပိုမို အကျိုးရှိအောင် ကစားပြနေနိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် အနေနဲ့ တိုက်စစ်မှူး တစ်ဦးဦးကို လက်လွှတ်ရမယ် ဆိုရင်တောင် ဟွိုက်ဂျ်လန်း ကိုပဲ ရောင်းထုတ်သွားဖို့ ရှိနေတာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်