မန်ချက်စတာယူနိုက်တက် ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဖူလ်ဟမ်ကို ခရေဗင်ကော့တေ့ဂျ်မှာ လီဆန်ဒရို မာတီနက်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက် အနိုင်ရခဲ့သည့်တိုင်အောင် တိုက်စစ်ပိုင်း ကတော့ အားနည်းချက်တွေ များစွာ ရှိခဲ့ပြီးတော့ ဒီအခြေအနေနဲ့ ပတ်သတ်လို့ နည်းပြ ရူဘင် အမော်ရင်က သူ့ အသင်း အနေနဲ့ ဂိုးပေါက် ခြိမ်းခြောက်နိုင်မှု အပိုင်းမှာ အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေသေးကြောင်း ဝန်ခံသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ မနေ့ညက ပွဲစဉ်မှာ တစ်ပွဲလုံး အတိုင်းအတားနဲ့ ဂိုးပေါက် ကန်ချက် ၄ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက် တည့်မှု ကလည်း ၁ ကြိမ်သာ ရှိခဲ့သလို အဲဒီ တစ်ကြိမ် ကိုပဲ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပထမဦးဆုံး ဂိုးပေါက် ကန်ချက် ပြုလုပ်နိုင်ဖို့ ၄၁ မိနစ် ၅၇ စက္ကန့်အထိ စောင့်ဆိုင်းခဲ့ရပြီး ဒီဇင်ဘာလက အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ် မှာလည်း အလားတူ ဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ရပါသေးတယ်။
ဒါကြောင့် ဒီနေ့မှာ အသက် ၄၀ ပြည့်မယ့် နည်းပြ ရူဘင် အမော်ရင်က အနိုင် ၃ မှတ်နဲ့ အမှတ်ပေးဇယားမှာ အဆင့် တက်လှမ်းနိုင်လို့ ဝမ်းမြောက်နေပေမယ့်လည်း အသင်းရဲ့ Final Third ကစားပုံ အားနည်းမှုကို လက်ခံပြီး တိုးတက်အောင် လုပ်ဆောင်မယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။
အမော်ရင်က “ကျွန်တော် လက်ခံပါတယ်။ (တိုက်စစ်ပိုင်းမှာ တိုးတက်ဖို့ လိုအပ်ကြောင်း) ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ လိုချင်တဲ့ အရာတွေကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ တိုက်စစ် အတွက် လိုအပ်တဲ့ စွမ်းအားတွေကို တိုးမြှင့်နိုင်ခဲ့ပါတယ်။” လို့ TNT Sports ကို ပြောကြားခဲ့ပါတယ်။
“ဒါပေမယ့် အခွင့်အရေးများစွာ ဖန်တီးနိုင်ဖို့နဲ့ Final Third ထဲကို ဘောလုံး ပို့ပေးနိုင်ဖို့ အခုထက် ပိုပြီး လိုအပ်နေပါသေးတယ်။ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပေမယ့် အနိုင်ရလဒ်ကို ကျွန်တော် တို့ကို တိုးတက်စေခဲ့ပါတယ်။ အဝေးကွင်းမှာ ဒီလို ခံစားချက်မျိုး ရှိနေဖို့က တကယ့်ကို အရေးကြီးပါတယ်။ ကျွန်တော် တို့က အဝေးကွင်းကို လိုက်ပါခဲ့တဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို အမြဲတမ်း ရရှိထားပါတယ်။ ဒါက ကြီးကျယ်ခမ်းနားတဲ့ ပွဲတစ်ပွဲတော့ မဟုတ်ပါဘူး။ ကောင်းမွန်တဲ့ အခွင့်အရေးလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်၊၊ ကျွန်တော် တို့ရဲ့ ပွဲတွေကို အကောင်းဆုံး ကစားဖို့ ကြိုးစားနေပေမယ့် အများကြီး တိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ ဒီအချိန်မှာ ကျွန်တော်တို့ လိုချင်တဲ့ ရလဒ် ရခဲ့ပါတယ်။ အခုပွဲကို နိုင်ဖို့က တကယ်ကို အရေးကြီးခဲ့ပါတယ်။” လို့ အမော်ရင်က ဆက်လက် ပြောကြားခဲ့ပါတယ်။
ဒီနေ့မှာ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် ပိတ်တော့မှာ ဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်တွေ ကတော့ ကစားသမား အပြောင်းအရွှေ့တွေ အတွက် လုပ်ဆောင်ဖို့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှု စည်းမျဉ်းတွေကို လိုက်နာရဖို့ ရှိပြီး ဈေးကြီးတဲ့ အပြောင်းအရွှေ့ အမှားတွေကို ရှောင်ရှားဖို့ သတိထားရမှာ ဖြစ်ကြောင်း အမော်ရင်က ပြောကြားခဲ့ပါတယ်။
အမော်ရင်က “ကျွန်တော်တို့ သတိထားရမှာက စည်းကမ်းချက်တွေကို လိုက်နာရမယ် ဆိုတာပါပဲ။ အတိတ်မှာ ကျွန်တော်တို့ အမှားတွေ လုပ်ခဲ့တယ်၊ အခု ကျွန်တော်တို့ လုပ်လို့ မရပါဘူး။ ကျွန်တော်တို့ အသင်းကို တိုးတက်အောင် လုပ်ဖို့ အာရုံစိုက်နေပါတယ်။ ဒါပေမယ့် ဆက်ပြီး စောင့်ကြည့်ရအောင်။” လို့ ပြောကြားခဲ့ပါသေးတယ်။ မန်ချက်စတာယူနိုက်တက်က အခုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာကို တက်လှမ်းနိုင်ခဲ့ပေမယ့် ဇယားထိပ်ပိုင်းက အသင်းတွေနဲ့တော့ ရမှတ် များစွာ ကွာဟနေဆဲ ဖြစ်ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ ဖူလ်ဟမ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိခဲ့ခြင်းနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.