နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်ဂွိုင်းယားကို လာမယ့် ဆောင်းရာသီမှာ ရောင်းထုတ်သွားဖွယ် ရှိနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အသင်းရဲ့ နောက်ခံလူ အသင်းခေါင်းဆောင်ဟောင်း ဟယ်ရီ မက်ဂွိင်းယားကို လာမယ့် ဇန်နဝါရီ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ မက်ဂွိုင်းယားကို ဇန်နဝါရီ ဈေးကွက်ဖွင့်ချိန်မှာပဲ cut-price တန်ကြေးနဲ့ ရောင်းထုတ်သွားမှာ ဖြစ်ကြောင်းလည်း အင်္ဂလန်က လာတဲ့ သတင်းတွေအရ သိရပါတယ်။

လက်ရှိမှာ အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိင်းယားဟာ ၂၀၁၉ ခုနှစ် ကတည်းက လက်စတာစီးတီး ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ ရောက်ရှိ လာခဲ့တာ ဖြစ်ပါတယ်။ မက်ဂွိုင်းယားဟာ အချိန်တိုအတွင်းမှာပဲ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ အသင်း ခေါင်းဆောင် လက်ပတ်ကိုပါ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက် အနေနဲ့ လာမယ့် နွေရာသီမှာ ဟယ်ရီ မက်ဂွိင်းယားကို အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်သွားရတော့မှာ ဖြစ်ပြီးတော့ သက်တမ်းတိုးဖို့ ကလည်း အစီအစဉ် မရှိတော့တဲ့ အတွက် နွေရာသီ ဈေးကွက် မတိုင်ခင် ဆောင်းရာသီ ဈေးကွက်မှာပဲ cut-price တန်ကြေး ဖြစ်တဲ့ ပေါင် ၁၀ သန်း ဝန်းကျင်လောက်နဲ့ လက်လွှတ်သွားဖွယ်လည်း ရှိနေပါတယ်။

ဒါပေမယ့် မက်ဂွိုင်းယားက ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် မှာသာ ဆက်နေခဲ့ပြီး အသင်း အတွက် ကစားပေးရတဲ့ ပွဲတွေ မှာလည်း အကောင်းဆုံး ကစားပေးနေသူ ဖြစ်ပါတယ်။
မက်ဂွိုင်းယားကို ရောင်းထုတ်ဖို့ INEOS ကို အကြံပြုထားတဲ့ အဲရစ်ခ် တန်ဟက်ဂ်

တကယ်တော့ မန်ချက်စတာယူနိုက်တက်က မက်ဂွိင်းယား အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး အဖြစ် ပေါင် သန်း ၈၀ နီးပါး အသုံးပြုကာ ခေါ်ယူထားခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ပြန်လည် ရောင်းထုတ်ရတော့မယ့် အချိန်မှာလည်း ပေါင် သန်း ၃၀ ခန့်လောက် လိုချင်နေပေမယ့်လည်း စာချုပ် သက်တမ်းက ၆ လလောက်ပဲ ကျန်ရှိတော့တာကြောင့် အလွန်ဆုံး ပေါင် ၁၅ သန်း ဝန်းကျင်လောက်သာ ရနိုင်ဖွယ် ရှိနေပါတယ်။ ဒါပေမယ့် မက်ဂွိင်းယားက ယူနိုက်တက်မှာ အသင်းခေါင်းဆောင် ဖြစ်လာပြီး နောက်ပိုင်း ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေ အမှားများမှုတွေကြောင့် နောက်ဆုံး မှာတော့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က သူရဲ့ အသင်းခေါင်းဆောင် တာဝန်ကို ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ဆီ လွဲပြောင်းပေးခဲ့သလို မက်ဂွိုင်းယားလည်း ယူနိုက်တက် ကနေ ထွက်ခွာလုနီးပါးပါ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် မက်ဂွိုင်းယားက ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် မှာသာ ဆက်နေခဲ့ပြီး အသင်း အတွက် ကစားပေးရတဲ့ ပွဲတွေ မှာလည်း အကောင်းဆုံး ကစားပေးနေသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒဏ်ရာတွေ မကြာခဏ ရနေတတ်သလို ဒီရာသီ အပြီး မှာလည်း သူနဲ့ ယူနိုက်တက်တို့ အကြား ချုပ်ဆိုထားတဲ့ စာချုပ် သက်တမ်းလည်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ရှက်ဖီးလ်ယူနိုက်တက်မှာ ကစားသမား ဘဝ စတင်ခဲ့တဲ့ ဟယ်ရီ မက်ဂွိုင်းယား ကတော့ အဲဒီ အသင်း အတွက် ၂၀၁၁ ကနေ ၂၀၁၄ ခုနှစ် အထိ ၁၆၆ ပွဲ ကစားပြီး ၁၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ဟူးလ်စီးတီး၊ ဝီဂန် တို့မှာ ကစားခဲ့သလို ၂၀၁၇ ခုနှစ် ကနေ ၂၀၁၉ ခုနှစ် အထိတော့ လက်စတာစီးတီးမှာ ၇၆ ပွဲ ကစားခဲ့ပါတယ်။ လက်စတာစီးတီးမှာ လူသိများလာခဲ့တဲ့ ဟယ်ရီ မက်ဂွိုင်းယား ကတော့ မန်ချက်စတာယူနိုက်တက် မှာတော့ ၂၁၅ ပွဲ ကစားပြီး ၁၂ ဂိုး သွင်းယူထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်