နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယာအို နီးဗက်စ် အတွက် ပြောင်းရွှေ့ကြေး တိုးမြှင့် ကမ်းလှမ်းသွားဖို့ ရှိနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ ရှိပြီး လက်ရှိမှာတော့ ဘင်ဖီကာ လူငယ် ကြယ်ပွင့် ယာအို နီးဗက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရက်တွေထဲက ဘင်ဖီကာ ကွင်းလယ် ကစားသမား ယာအို နီးဗက်စ်ကို အရ ခေါ်ယူနိုင်ဖို အတွက် ကြိုးစားနေတာ ဖြစ်ပြီး လက်ရှိမှာတော့ ပြောင်းရွှေ့ကြေးကို တိုးမြှင့် ကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့ TEAMtalk ကနေ ဖော်ပြလာခဲ့တာပါ။

ယူနိုက်တက်ဟာ လက်ရှိမှာ အသင်းရဲ့ ကွင်းလယ် ခံစစ် ကစားသမားတွေ ဖြစ်တဲ့ ကက်စ်မဲရိုးနဲ့ အမ်မရာဘတ် တို့ကို အသင်းမှာ ဆက်ထိန်းထားလိုခြင်း မရှိဘူးလို့ သိရပါတယ်။ သတင်းတွေ အရ ဆိုရင် ယူနိုက်တက်ဟာ ကက်စ်မဲရိုးကို ရောင်းချပြီး အမ်မရာဘတ် ကိုတော့ အပြီးသတ်နဲ့ မခေါ်ယူပဲ ဖီအိုရင်တီးနားဆီ ပြန်ပို့ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကစားသမားတွေရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဘင်ဖီကာ အသင်းရဲ့ အသက် (၁၉) နှစ် အရွယ် ပေါ်တူဂီ လူငယ် ကွင်းလယ် ခံစစ်ကြယ်ပွင့် ယာအို နီးဗက်စ်ကို အဓိကပစ်မှတ် အဖြစ် သတ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ယာအို နီးဗက်စ်ကို ယူရို သန်း (၆၀)နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပေမယ့် ဘင်ဖီကာ ဘက်ကတော့ အခုထက် ပိုများတဲ့ ပမာဏ တစ်ခုကို လိုချင်နေတာ ဖြစ်ပါတယ်။

နှစ်စဉ် နှစ်တိုင်း ဘောလုံးကြယ်ပွင့်တွေ မွေးထုတ်ပေးလေ့ ရှိတဲ့ ဘင်ဖီကာ အသင်းဟာ ဒီနှစ်မှာလည်း ကစားသမားသစ်တွေ များစွာ ရောင်းတန်းတင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီကစားသမားတွေ ထဲကမှ ကွင်းလယ်ကစားသမား နီးဗက်စ်ဟာ လက်ရှိမှာ ဥရောပ ထိပ်သီး ကလပ် များစွာရဲ့ စိတ်ဝင်စားခြင်း ခံနေရသူ ဖြစ်ပါတယ်။ ဒီကစားသမားကို လတ်တလော မှာတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ယူနိုက်တက်၊ မန်စီးတီးနဲ့ အာဆင်နယ် တို့က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဒီလိုမျိုး နီးဗက်စ်ကို ရရှိဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြချိန်မှာ ယူနိုက်တက် ဘက်က တခြား အသင်းတွေထက် လက်ဦးမှု ရယူနိုင်ဖို့ အရှိန်အဟုန်မြင့် ကြိုးပမ်းသွားဖို ရှိနေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ နီးဗက်စ် အတွက် ပထမအကြိမ် ယူရို သန်း ၆၀ နဲ့ ကနဦး ကမ်းလှမ်းထားပြီး အငြင်းခံခဲ့ရတာကြောင့် ယူရို (၇၅) သန်း အထိ တိုးမြှင့် ကမ်းလှမ်း သွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

သတင်းတွေ အရဆိုရင် ဘင်ဖီကာ ဘက်ကတော့ သူတိ့်ရဲ့ ကြယ်ပွင့် ကစားသမား နီးဗက်စ် အတွက် စာချုပ်ဖျက်သိမ်းကြေး ဖြစ်တဲ့ ယူရို သန်း (၁၂၀) အထိ အလိုရှိနေတယ်လို့ သိရပါတယ်။ အကယ်၍ နီးဗက်စ်ကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ယူရို သန်း ၁၂၀ မပေးချေချင်ဘူး ဆိုရင် ယူရို သန်း ၁၀၀ ဝန်းကျင်တော့ အလိုရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက် ဘက်ကတော့ ပြောင်းရွှေ့ကြေး+အပိုဆုကြေး ယူရို (၈၅) သန်း ခန့်လောက်နဲ့သာ ကမ်းလှမ်းသွားဖို့ပဲ ရှိနေတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်ကလပ် အနေနဲ့ အခု တစ်ကြိမ် ကမ်းလှမ်းမှုကိုသာ ပယ်ချခံရမယ် ဆိုရင် အခြားသော ပစ်မှတ်တွေ ကိုပဲ ပြောင်းလဲ ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်