ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် ကောလာဟလတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အလက်ဟန်ဒရို ဂါနာချို ကိုတော့ လာမယ့် နွေရာသီ ယူရို သန်း ၅၀ (ပေါင် ၄၂ သန်း)နဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ မန်ချက်စတာယူနိုက်တက်နှင့် အက်သလက်တီကိုမက်ဒရစ်တို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း စပိန် သတင်းစာ Fichajes က ဖော်ပြထားပါတယ်။ အာဂျင်တီးနား တိုက်စစ် ကြယ်ပွင့်ဟာ နည်းပြ ရူဘင် အမော်ရင် လက်ထက်မှာ အသင်းနဲ့ အဆင်မပြေ ဖြစ်နေပြီးတော့ ပြီးခဲ့တဲ့ ဆောင်းရာသီမှာ ကတည်းက အသင်း ပြောင်းရွှေ့ဖို့ သတင်းတွေ ကြီးနေသူ ဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ ဘုန်းမောက်ရဲ့ ခြေစွမ်းပြ ကစားသမား ဖြစ်တဲ့ အန်တိုနီ ဆီမီညိုကို ခေါ်ယူဖို့ အတွက် အာဆင်နယ်နဲ့ အပြိုင်အဆိုင် ကြိုးပမ်းဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ကလပ် အတွက် ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးဟာ လက်ရှိမှာ ပေါင် ၃၄ သန်း တန်ကြေး ရှိနေသူလည်း ဖြစ်ပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ အင်ဇို ဖာနန်ဒက်ဇ် ကိုတော့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးက အန်ဇို ဖာနန်ဒက်ဇ် အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရို သန်း ၈၀ (ပေါင် ၆၇ သန်း) လိုချင်နေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ တိုနီ ခရူးစ်၊ လူကာ မိုဒရစ် တို့ အလွန် ထိပ်တန်း အဆင့် ကွင်းလယ် ကစားသမား တစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပြီး လက်ရှိ အချိန်ထိတော့ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ နာပိုလီ ကနေ ဂါလာတာဆာရေးကို အငှားနဲ့ သွားရောက် ကစားနေတဲ့ ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။ ဒီနိုင်ဂျီးရီးယား တိုက်စစ်မှူး ကိုတော့ မန်ချက်စတာယူနိုက်တက် အပြင် အခြားသော ထိပ်တန်း ကလပ် များစွာက ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် ကတော့ ရီးရဲလ်မက်ဒရစ်မှာ မပျော်မရွှင် ဖြစ်နေတဲ့ အသက် ၂၀ အရွယ် တူရကီ ကစားသမားလေး အာဒါ ဂူလာကို နွေရာသီ ပစ်မှတ် အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လိုက်ပ်ဇစ်က ဂူလာရဲ့ အသင်းဖော် အန်းဒရစ်ခ် ကိုလည်း အငှားနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သတင်းတွေ ထွက်နေပါသေးတယ်။
ပဲလေ့စ် ကတော့ ယူနိုက်တက်က ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး ဂျင်းန် ဖီးလစ် မက်တေးတားကို အသင်းမှာ ဆက်ထိန်းထားဖို့ အတွက် ပိုမိုကောင်းမွန်တဲ့ စာချုပ်သစ် တစ်ရပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ အစောပိုင်းမှာ တခြားသော တိုက်စစ်မှူးတွေကို ပစ်မှတ်ထားခဲ့ပေမယ့် လက်ရှိ အသင်းရဲ့ အခြေအနေတွေ အရ မက်တေးတားကို ပြောင်းလဲ စိတ်ဝင်စားလာတာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့ဟာ ရီးရဲလ်ဘက်တစ် စူပါစတား ဂျီးဆပ် ရိုဒရီဂွက်ဇ်ကို ဘာစီလိုနာနဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိကြောင်း စပိန် မီဒီယာ El Nacional က ဖော်ပြလာပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက ဘာစီလိုနာ ကွင်းလယ် ကြယ်ပွင့် ဂါဗီကို ခေါ်ယူဖို့ အတွက် ယူရို သန်း ၆၀ (ပေါင် သန်း ၅၀) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.