အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၃၀ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အက်တလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ကော်နာ ဂယ်လာဟာကို ခေါ်ယူဖို့ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ တော့တင်ဟမ်ဟော့စပါးနဲ့ နယူးကာဆယ်ယူနိုက်တက်တို့ ကလည်း ချဲလ်ဆီး ကစားသမားဟောင်းကို စိတ်ဝင်စားနေကြပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းဟာ လစ်ဗာပူးလ် နောက်ခံလူ အီဘရာဟီမာ ကိုနာတေး အပေါ် စိတ်ဝင်စားမှုကို ရုပ်သိမ်းလိုက်ပြီးနောက် အက်တလက်တီကိုမက်ဒရစ်က ပြင်သစ် ကစားသမားကို ခေါ်ယူချင်လာပါတယ်။ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ တို့ဟာ စာချုပ်သစ် အတွက် သဘောတူညီချက် ရဖို့ လက်ရှိလစာထက် ကျော်လွန် ပေးချေလိုခြင်း မရှိကြောင်း Sky Sports က ဖော်ပြပါတယ်။
ချဲလ်ဆီး ကနေ ထွက်ခွာမယ့် အက်ဆဲလ် ဒီဆာဆီဟာ လာမယ့် ဇန်နဝါရီမှာ အယ်လန်ရုတ်ဒ်ကို ပြောင်းရွှေ့သွားနိုင်ပါတယ်။ လိဒ်စ်ယူနိုက်တက်ဟာ ရုန်းကန်နေရတဲ့ ခံစစ်ကို တိုးတက်စေဖို့ အန်ဇို မာရက်စ်ကာရဲ့ လက်ရှိ အစီအစဉ်မှာ မပါဝင်တဲ့ ခံစစ်ကစားသမားကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်ဟာ ဥရောပတစ်ဝှမ်းက အရည်အချင်းရှိ လူငယ်တွေကို ရှာဖွေနေပါတယ်။ လက်ရှိမှာ အဲလ်ချီ ကွင်းလယ်လူ ရိုဒရီဂို မန်ဒိုဇာဟာ ဂန်းနားတွေ အတွက် အလားအလာရှိတဲ့ ရွေးချယ်မှု တစ်ခု အဖြစ် ထင်ရှားနေပါတယ်။
အဲဗာတန် ကတော့ ဆီဗီလာ တောင်ပံကစားသမား ရူဘင် ဗားဂတ်စ်နဲ့ မကြာသေးခင်က ချိတ်ဆက်မှုတွေ ရှိထားပါတယ်။ တော်ဖီတို့ အနေနဲ့ ဗားဂတ်စ် ကိုသာ ခေါ်ယူနိုင်ခဲ့ရင်တော့ ဂျက်ဂရီးလစ်ရှ်ကို အငှားစာချုပ် သက်တမ်း ကုန်ဆုံးချိန်မှာ မန်ချက်စတာစီးတီးဆီ ပြန်လည် စေလွှတ်ဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ဂရီးလစ်ရှ်ကို အငှားနဲ့ ခေါ်ယူခဲ့စဉ်က စာချုပ်ထဲမှာ ပေါင် သန်း ၅၀ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် ရှိနေပါတယ်။

မကြာသေးခင်က ထင်ကြေးပေးမှုတွေ ရှိနေပေမယ့်လည်း တော့တင်ဟမ်ဟော့စပါးက ဘေယန်မြူးနစ် ကွင်းလယ်လူ လီယွန် ဂိုရက်ဇ်ကာရဲ့ အပြောင်းအရွှေ့ကို လုပ်ဆောင်မှာ မဟုတ်ကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ၎င်းတို့ရဲ့ ကွင်းလယ် ပြဿနာတွေကို ဖြေရှင်းဖို့ အတွက် နာပိုလီမှာ ခြေစွမ်းပြနေတဲ့ သူတို့ရဲ့ ကစားသမားဟောင်း စကော့တ် မက်တော်မီနေးကို အိုးထရက်ဖို့ဒ်ဆီ ပြန်လည် ခေါ်ယူချင်နေပါတယ်။ နာပိုလီ ကတော့ လက်ရှိ စီးရီးအေရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား အတွက် ပေါင် ၆၀ သန်း (ဒေါ်လာ ၈၁ သန်း) နဲ့ ကမ်းလှမ်းမှသာ ဆွေးနွေးမှုတွေ စတင်ဖို့ စဉ်းစားမှာ ဖြစ်ပါတယ်။
ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ကတော့ ဟာ့ဂျ်ဒုစပလစ် ကွင်းလယ်လူ နီကို ဆီဂါကို စိတ်ဝင်စားနေပါတယ်။ ကနေဒါ လက်ရွေးစင် ကစားသမား ကိုတော့ ၂၀၂၆ ကမ္ဘာ့ဖလား မတိုင်မီ ခေါ်ယူချင်နေတဲ့ ဥရောပ ထိပ်တန်း ကလပ် တော်တော်များများ ရှိနေပါတယ်။
ခရစ္စတယ်ပဲလေ့စ်နဲ့ စာချုပ်သက်တမ်း ၆ လသာ ကျန်ရှိတော့တဲ့ အိုလီဗာ ဂလက်စ်နာ ကတော့ ဆဲလ်ဟတ်စ်ပါ့ခ် ကနေ ထွက်ခွာနိုင်ခြေနဲ့ ပတ်သက်လို့ ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။ ဂလက်စ်နာက လာမယ့် နွေရာသီက အလွန် ဝေးကွာလွန်းနေပြီး သိမ်းငှက်တွေရဲ့ လာမယ့် ပွဲစဉ်တွေ ကိုသာ အာရုံစိုက်နေကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
အာဆင်နယ်နဲ့ မန်စီးတီး တို့ရဲ့ နောက်ခံ ကစားသမားဟောင်း ကလစ်ချီဟာ ပြင်သစ် ဒုတိယတန်း ကလပ် ကိန်း အသင်းရဲ့ နည်းပြ အဖြစ် ခန့်အပ်ခံရကြောင်း သိရပါတယ်။ အသက် ၄၀ ရှိပြီ ဖြစ်တဲ့ ကလစ်ချီဟာ အာဆင်နယ် အသင်းဖော်ဟောင်း အွန်နရီ ပြင်သစ် ယူ – ၂၁ အသင်းကို ကိုင်တွယ်စဥ်က လက်ထောက် နည်းပြ အဖြစ် ဆောင်ရွက်ခဲ့ဖူးသူပါ။ ကိန်း အသင်းရဲ့ လက်ရှိ ပိုင်ရှင် ကတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ နယ်သာလန်နောက်ခံလူ နာသန် အေခီကို လာမယ့် ဇန်နဝါရီစျေးကွက်မှာ ယူရို သန်း ၃၀ ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ၂၀၂၀ နွေရာသီမှာ ဘုန်းမောက် ကနေ မန်စီးတီးကို ပေါင် ၄၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နာသန် အေခီက မန်စီးတီးနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားပေမယ့် လက်ရှိ အချိန်မှာ ပွဲကစားခွင့် အနည်းငယ်သာ ရရှိနေပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲစဉ် တစ်ပွဲသာ ပွဲထွက် ကစားခွင့်ရထားတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ နယ်သာလန် အသင်း အတွက် ရွေးချယ်ခံရဖို့ ပုံမှန်ကစားခွင့်ရရှိမယ့် အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


