နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၄ နှစ် အတွင်း ယူနိုက်တက် ကမ္ဘာ့ထိပ်တန်း အဆင့်ကို ပြန်ရောက်လာမယ်လို့ ခန့်မှန်းလိုက်တဲ့ UBS | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ နောက်ပိုင်း နှစ်တွေမှာ တောက်လျောက် ရုန်းကန်နေရပြီး အောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းရှင်များ (UBS) ကတော့ ယူနိုက်တက် အနေနဲ့ လာမယ့် ၄ ရာသီ အတွင်းမှာ ကမ္ဘာ့ထိပ်တန်း အဆင့်ကို ပြန်လည် ရောက်လာနိုင်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

ဒီခန့်မှန်းချက်ဟာ ယူနိုက်တက်ရဲ့ လက်ရှိ အခြေအနေနဲ့ ဆိုရင်တော့ ဖြစ်နိုင်ချေ နည်းလွန်းနေပေမယ့် UBS က ဆာဂျင်မ် ရက်ကလစ်ဖ်နဲ့ INEOS အဖွဲ့ ကိုင်တွယ်ခဲ့တဲ့နောက် ထိပ်တန်း အဆင့်ကို ပြန်လည် ရောက်ရှိလာမယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ ဆွစ်ဇာလန် အခြေစိုက် အဖွဲ့အစည်း ဖြစ်တဲ့ UBS အဖွဲ့က စာမျက်နှာ (၄၁) မျက်နှာပါတဲ့ စီးပွားရေး သုံးသပ်မှုတွေကို ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး INEOS အကြောင်း ကိုပါ ထည့်သွင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

UBS ရဲ့ ခန့်မှန်းချက်အရ ဆိုရင်တော့ ယူနိုက်တက်ဟာ ၄ ရာသီ အတွင်း ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄ သင်း နေရာ ဝင်မှာ ဖြစ်ပြီးတော့ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။
လက်ရှိရာသီမှာတော့ တန်းဆင်းဇုန်နားကို ရောက်ရှိနေခဲ့တဲ့ ယူနိုက်တက်

UBS ရဲ့ ခန့်မှန်းချက်အရ ဆိုရင်တော့ ယူနိုက်တက်ဟာ ၄ ရာသီ အတွင်း ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄ သင်း နေရာ ဝင်မှာ ဖြစ်ပြီးတော့ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ ဝင်ငွေ ကလည်း ၁ ဘီလီယံကို ကျော်ဖြတ်နိုင်မယ် လို့လည်း ခန့်မှန်း သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် UBS က ယူနိုက်တက်ရဲ့ ရှယ်ယာ စျေးနှုန်းတွေမှာ လက်ရှိမှာ ထိုးကျနေပေမယ့် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ရှယ်ယာတွေကို အခုအချိန်မှာ ဝယ်ယူထားသင့်ကြောင်းလည်း တိုက်တွန်းထားပါသေးတယ်။

ဆာ ဂျင်မ် ရက်ကလစ်ဖ်ရဲ့ INEOs ကတော့ ယူနိုက်တက်ရဲ့ အစုရှယ်ယာ ၂၉ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီးနောက် အဘက်ဘက်က အသုံးစရိတ်တွေကို သိသိသာသာ လျှော့ချပစ်ခဲ့ပါတယ်။ ဆာ ဂျင်မ် ရက်ကလစ်ဖ် လက်ထက်မှာ ယူနိုက်တက်က အသင်း ဝန်ထမ်းပေါင်း ၂၅၀ ကျော်ကို အလုပ် ဖြုတ်ခဲ့သလို၊ ဂန္ထဝင် နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန် ကိုတောင် သံတမန် ရာထူးက ဖယ်ရှားခဲ့သလို အဝတ်လဲခန်းထဲ သွားခွင့်တွေက အစ ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အသင်း ပရိသတ် တချို့ ကတော့ ရက်ကလစ်ဖ် ဦးဆောင်တဲ့ အဖွဲ့ရဲ့ လုပ်ရပ်တွေကို ဝေဖန်နေကြပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီမှာလည်း အရင် ရာသီတွေလိုပဲ ရုန်းကန်နေရပြီးတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ အပြီးမှာ ၂၂ မှတ်သာ ရထားပြီး အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့ကြောင့် ယူနိုက်တက်က အဆင့် ၁၈ နေရာက အစ်ပ်ဆွစ်ချ်နဲ့ ၇ မှတ်သာ ကွာဟတော့ပြီး တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီလည်း ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ နည်းပြ ရူဘင် အမော်ရင် ကိုယ်တိုင် ကလည်း သူတို့ အသင်း အနေနဲ့ ရလဒ်တွေ ကောင်းမွန်အောင် စွမ်းဆောင်နိုင်ခြင်း မရှိရင် တန်းဆင်းရနိုင်ကြောင်း နယူးကာဆယ်ကို ရှုံးနိမ့်အပြီးမှာ ဝန်ခံထားခဲ့ပါတယ်။ 

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်